Sunday, March 2, 2014

တန်လေးထောင်မှ အရာရှိကြီများ၏ ရူးကြောင်မူးကြောင် လုပ်ကွက်များ

ခုတလော ဒို့စက်ရုံမှာ လူပြောများနေတဲ့  စာမေးပွဲ
ကိစ္စက တော်တော်ဆိုးတာ
ဘဲ  စာမရေးတတ် မဖတ်တတ်သူတွေ  အရှက်ကွဲသလို  ရေးတတ်
ဖတ်တတ်တဲ့  ဝန်ထမ်းတွေကိုလည်း အလုပ်ရှုပ်စေတယ်။ ခုစက်
ပြင်နေတဲ့ အချိန်ဆိုတော့
ပိုဆိုးတာပေါ့။အောက်ခြေဝန်ထမ်းတွေဆိုတာတော့ ခိုင်းရင် လုပ်ရတာပါဘဲ။
တကယ်တမ်း safety အတွက်လိုအပ်ချက်တွေကို
လက်ထောင်အင်ယာက
စလို့  အထက်အရာရှိကြီး
တွေသိထားသင့်ပါတယ်။
ဒါပေမယ့်ခုတော့  စုမှူးမှစလို့  အောက်ခြေဝန်ထမ်းတွေ
ဖြေရမယ်တဲ့။တော်တေိာတရားကျဖို့ကောင်းတယ်။
ကျောက်ဖား သေတဲ့ ကိစ္စမှာဘဲကြည့်  ခင်ဗျားတို့
အထက်အရှိတွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီး  အန္တရာယ်ရှိမှန်း သိသိကြီးနဲ့
ခိုင်းလို့  မငြင်းဆန်ရဲဘဲ လုပ်ခဲ့ရလို့  ကျောက်ဖား
သေပြီး အများအပြား ဒဏ်ရာရခဲ့ကြတာပါ။
ဒါကြောင့် ခင်ဗျားတို့  တတွေက safetyအကြောင်းပိုသိသင့်ပါတယ်။အောက်ခြေဝန်ထမ်း
တွေကိုအနိုင်မကျင့်ပါနဲ့။
ကျောက်ဖားသေတဲ့ ကိစ္စကို
အစမဖော်ချင်ပါနဲ့။ဲ

MECမှ အရာရှိကြီးများ ကျေးဇူးပြု၍ ဖတ်ပေးပါ

စက်ရုံမှူးကြီးနဲ့ အပေါင်းအပါ
အရာရှိကြီးတို့ရေ  အနီးအနားက ရွာတွေတောင်ပတ်ကြည့်ပါ
ဦး။ ခင်ဗျားတို့ စက်ရုံလမ်းလောက် ဆိုးတဲ့
လမ်းရှိသေး ရဲ့လားလို့။
ခု ခင်ဗျားတို့စက်ရုံလမ်းက
ကားတစ်စီးဖြတ်သွားတာနဲ့
ဖုံရှူကြရပြီ။စက်ရုံလမ်း ပတ်ဝန်းကျင်မှာရှိတဲ့  ဝန်ထမ်းမိသားစုတွေနဲ့ ဒေသခံတွေအတွက် ရေရှည်မှာ ရောဂါရဘို့
၈၀%ကျိန်းသေပါတယ်။
အဲဒါကြောင့် စက်ရုံလမ်းကို
ကွန်ကရစ်လမ်းအဖြစ်ပြု ပြင်ပေးစေချင်ပါတယ်။
ရွာတွေတောင် ကိုယ်ထူကိုယ်ထ ပြုပြင်နိုင်လျှင် စက်ရုံကြီးတစ်ခုအနေနဲ့
မပြင်နိုင်စရာ အကြောင်းမရှိပါ။
စက်ရုံလမ်းမကြီးကို ပြုပြင်
ပေးခြင်းဖြင့် ဝန်ထမ်းမိသားစုများနှင့်
ဒေသခံတို့၏ ရောဂါဖြစ်မဲ့ဘေးမှ ကယ်တင်ပေးကြပါလို့
အနူးညွတ် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။