တန်၄၀၀၀ဘိလပ်မြေစက်ရုံ(M.E.C.)မှ ရင်ဖွင့်သံ
Tuesday, May 12, 2015
Thursday, January 22, 2015
တန်၄၀၀၀ စက်ပြင်အကြောင်း talk2dvb မှ ထုတ်လွှင့်ချက် download link
https://www.dropbox.com/s/bmluxmz5piakyzp/%E1%80%85%E1%80%80%E1%80%B9%E2%80%8B%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E2%80%8B%20%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E2%80%8B%E1%80%85%E1%80%AC%E1%80%B8.mp4?dl=0
Saturday, January 3, 2015
talk2dvbသို့ Emailပို့မည့် စာမူကြမ်း
သို့ မသီတာရေ ကျွန်ုပ်တို့ ဝန်ထမ်းတွေအတွက် အချိန်နဲ့ တပြေးညီ ဒီစာကို
ဖတ်ပေး စေလိုပါတယ်။
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)ပိုင် ကျွန်ုပ်တို့ အမှတ(်၂)ဘိလပ်မြေစက်ရုံ
(တန်၄၀၀၀)မှာ ခုစက်ပြင်ကာလ ဆင်းနေရပါတယ်။စက်ပြင်ကာလဆိုရင် ဝန်ထမ်းတွေဟာ မနက် ၈နာရီကနေ ည ၁၀နာရီထိ
အလုပ်ဆင်း ရပါတယ်။အချိန်ပိုဆင်းလို့
OTကြေးရရင်ထားဦး ခုတော့
လက္ဘက်ရည်ဖိုး၂၀၀နဲ့ စက်ရူံ
က ၄၀၀တန်ထမင်းသာ
ကျွေးပြီး အသေခိုင်းပါတယ်။
ခု ၁၀ရက်ကျော်သွားပါပြီ
ဘာOTကြေးမှ မပေးသေးပါ။
ဒီပုံစံ အတိုင်း ၁လ ဆင်းရပါမည်။အထက်ကနေ
စက်ပြင်စရိတ် သိန်းပေါင်း
ရာချီပြီးချပေးပါတယ်။သို့သော် စက်ရုံရှိ အရာရှိကြီးများသာ ဟိုစာရင်းပြ ဒီစာရင်းပြနဲ့ ခွဲယူကြပြီး အောက်ခြေ ဝန်ထမ်းများအား စက်ပြင်ကာလပြီးလျှင် သဒ္ဓါကြေးအနေနဲ့ တယောက် နှစ်သောင်းခွဲ
သုံးသောင်းစီ ပေးပါလိမ့်။
ထို့ကြောင့်OTကြေးမပေးဘဲ
အချိန်လွန် ခိုင်းစေခံနေရသော ဝန်ထမ်များ အခြေအနေကို
စစ်ထောက်ချုပ်နှင့်MECမှ
လူကြီများသိရှိစေရန်နှင့်
အလုပ်သမားအခွင့်အရေး
ချိုးဖောက်ခံနေရသော ဝန်ထမ်းများအခြေအနေကို
အများသိရှိစေရန် DVBမှတဆင့် တင်ပြအပ်ပါသည်။ု
မှတ်ချက်။ ။ ILO သို့လည်း
တိုင်ပါမည်။ILO၏Emailလိပ်စာ yangon@ilo.org
ဟုတ်ပါသလား conform
လုပ်ပေးပါဦးဗျာ။
Monday, December 22, 2014
ခေတ်ပြောင်းပေမယ့် စနစ်မပြောင်းတဲ့စက်ရုံ့
ု
နင်းပြားနဲ့ တမန်တော် ဆွေးနွေးခန်း(၄)
တမန်တော်။ ။ဟိတ်ကောင်ငပြား ဒို့စက်ရုံ စက်ပြင်ကာလ စပြီဆို
နင်းပြား ။ ။ ဟုတ်တယ်ကိုကြီးမန်
မန်။ ။ဘယ်လိုလဲ အရင်လို
မနက်၈နာရီကနေ ညဆယ်နာရီထိ နားရက်မရှိဘဲ ၁လကျော်ကျော်ထိ ဆင်းရမှာဘဲလား။
ပြား။ ။ဘာထူးမှာလဲ ကိုကြီးမန်ရယ် ထုံးစံဘဲပေါ့။
မန်။ ။အေး အဲဒီထုံးစံကိုက မဟုတ်သေးဘူး ခိုင်းစရာရှိတာကျ နွားတွေလို သေလောက်အောင် ခိုင်းတယ် ဒါပေမယ့် ရပိုင်ခွင့်က ဘာမှမရှိဘူး။
ဝန်ထမ်းတွေကို အချိန်ပို ခိုင်းချင်ရင် ၁နာရီ ဘယ်လောက်ဆိုတဲ့ တိကျတဲ့ ရပိုင်ခွင့်ရှိသင့်တယ်။ခိုင်းချင်သလိုခိုင်းပြီး နောက်မှ သဒ္ဓါကြေး ၂သောင်းခွဲ ၂သောင်းလောက်ပေးပြီး
နှစ်သိမ့်တာ မဟုတ်သေးဘူး
စက်ပြင်ကာလဆို မနင်၈နာရီကနေ ည၁၀နာရီထိ နားရက်မရှိ
ခိုင်းတဲု့ ထုံးစံကို ချိုးဖျက်နိုင်မှ
ငါတို့တာဝန်ကျေမယ်။
ပြား။ ။ အဲဒီတော့ ကိုကြီးမန်
က ဘာလုပ်ချင်လို့လဲ
မန်။ ။ ပထမ အဆင့်အနေနဲ့
အများသိအောင် fbနဲ့blogမှာ ရေးမယ်ကွာ ဒါမှမပြောင်းသေးရင် DVB
ကိုEmailနဲ့ပို့မယ်ကွာ် ဒါမှ မပြောင်းသေးရင် နောက်ဆုံး
အဆင့် ILOကို လက်တွေ့
ခေါ်ယူပြသပြီးတိုင်မယ်ကွာ။
ဘယ်လိုလဲ
ပြား။ ။ကောင်းတယ်ကိုကြီးမန်
ကောင်းတယ်။
မန်၊ပြား။ စက်ရုံဝန်ထမ်း အများတွက် fighting!
Thursday, September 11, 2014
အန္တရယ်မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပေးပါ
cement silo မိုးမလုံသည့်အတွက် မိုးရာသီစထဲက siloထဲမှာ ဘိလပ်မြေအခဲတုန်းတွေ စတင်ဖြစ်ပေါ်လာပြီး အခဲတုန်းတွေဟာ silo အောက်မှာစတင် ပိတ်ဆို့လာပါတယ် ။ ပိတ်ဆို့နေတဲ့ အခဲ့တုန်းတွေကို ကျွန်တော်တို့ ၀န်ထမ်းတွေက အပူရှိန်ရှိပြီးမွှန်ထူနေတဲ့ ဘိလပ်မြေအမှုန့်တွေကြားက အခဲတွေကို အကြိမ်ပေါင်းများစွာ damper ပိတ်လိုက်ဖွင့်လိုက်နဲ့ ပင်ပင်ပန်းပန်း ရှင်းထုတ်ကြရပါတယ်။ damper လုံအောင်ပိတ်နိုင်ရင် အန္တရယ်မရှိတဲ့အတွက် ပင်ပန်းပေမယ့်လုပ်နိုင်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ရက်၂၀လောက်ကစပြီး damper ရဲ့အပေါ်မှာ အခဲတုန်းကြီးတွေကပိတ်နေသည့်အတွက်
ဘိလပ်မြေ ထုတ်လို့မရတော့ပါဘူး ။ ထိုအခါ အရာရှိတွေက damper အပေါ်ကနေရာတခုမှာ အပေါက်ဖောက်ပါတယ်
အပေါက်က လူတရပ်စာအမြင့်မှာပါ ။ အပေါက်ကနေ အခဲတုန်းကို ထိုးခွဲမယ်ပေါ့် ။ ထိုအချိန်တုန်းက silo ထဲမှာ ဘိလပ်မြေ ၆၀% ရှိပါတယ်။ မြင်အောင်ပြောရရင် အခဲတုန်းပေါ်မှာ တန် ၁၂၀၀၀ ကျော်ရှိတဲ့ ဘိလပ်မြေရဲ့ ဖိအားရှိပါတယ် ။ အခဲတုန်းကိုထိုးခွဲရင် ဘိလပ်မြေ အရှိန်အဟုန်ပြင်းစွာ ပန်းထွက်လာမည်ကို သိလျှက်နဲ့ အခဲကိုထိုးရတာပါ ။ ဒီကိစ္စ ကို ဗိုလ်မှူးကြီးမိုးဝင်း၊၀န်ထမ်းတွေကိုသန်ရှင်းရေးလုပ်ခိုင်းတက်တဲ့ ဦးစောလွင် ၊ ဗိုလ်ကြီးဆွေမြင့်ထိုက် တို့လဲသိရှိပါတယ် ။ မျက်မှန်နှစ်လက်သာ ထုတ်ထားပေးပါတယ်။
သံချောင်းနဲ့ လူနှစ်ရောက်ကိုင်ပြီး အခဲကိုထိုးခွဲ ကျန်တဲ့သူတွေက အပေါက်အဖုံးကို တူနဲ့ရိုက်ပိတ်ဖို့ အသင့်စောင်နေရပါတယ်။ သံချောင်းနဲ့ ထိုးလို့ အခဲလေးတွေပဲ့လာပြီဆိုလျှင် ပန်းထွက်လာတဲ့ ဘိလပ်မြေဟာ silo နံရံအထိရောက်ပါတယ် ။ ထိုးတဲ့သူနှစ်ယောက် မျက်နှာတည့်တည့်ကို ပန်းထွက်လာတာပါ ။ မျက်မှန်နှစ်လက်ထုတ်ထားပေးတဲ့ အတွက်ကြောင့်သာ မျက်စိမကန်းသေးတာပါ ။ ပန်းထွက်လာတဲ့ဘိလပ်မြေအရှိန်ကြာင့် silo တစ်ခုလုံး ဘာမှမမြင်ရတော့ပါဘူး အသက်ရှူလို့မ၀ကြတော့ပါဘူး ။ အဲဒီအန္တရယ်ကြားကနေလွတ်လာပေမယ့် ပြေးထွက်လာလို့မရသေးပါဘူး အဖုံးကို တူနဲ့အချက်ပေါင်းများစွာ မှန်းဆပြီးရိုက်ပိတ်ရပါတယ် ။ အခဲကများတဲ့အတွက် မကြာခင်မှာပဲ ပြန်ပိတ်ပါတယ် ။
ဒီလိုနဲ့လုပ်လာလိုက်တာ silo ထဲမှာဘိလပ်မြေ ၄၀% ထိကျလာခဲ့ပါတယ် ။ ကျန်တဲ့၄၀% သည်ခံပြီးလုပ်ကြမယ်ပေါ့ ။ထိုသို့လုပ်နေရသည်ကိုသိလျှက်နဲ့ ဗိုလ်ကြီး ဆွေမြင့်ထိုက်အပါအ၀င် လူကြီးအချို့စက်ရပ်ရမည်ကိုကြောက်သည့်အတွက် ဘိလပ်မြေထပ်ထည့်လိုက်ပါတယ် ။ အခုဆိုလျှင် silo ထဲမှာဘိလပ်မြေက အပြည့်နီးပါးရှိပါတယ် ။ တန်ပေါင်း ၂၀၀၀၀ ခန့်ဖိအားရှိတဲ့ ပမာဏဖြစ်လာပါပြီး။ အန္တရယ်ကများသထက်များလာပါပြီး ။ ၀န်ထမ်းတွေလဲ မလုပ်ချင်ကြတော့ပါဘူး ။
ဝန်ထမ်းတွေ တစုံတခုဖြစ်မှ ရေးကြီးသုတ်ပျာ လုပ်မည့်အစား မဖြစ်ခင်ထဲကကြိုတင်ကာကွယ် ပေးကြပါလား ။ မျက်မှန်လေး နှစ်လက်ထုတ်ပေးရုံနဲ့ တာဝန်ကြေးသွားပြီလားလို့ ဗိုလ်မှူးကြီးမိုးဝင်း၊ ဦးစောလွင် ၊ ဗိုလ်ကြီးဆွေမြင့်ထိုက်တို့ကိုမေးပါရစေ။
တစုံတခု ဖြစ်လို့ကတော မီးသင်းဖိုမှာ လေဘာတွေ မျက်စိတွေထိတုန်းကလို မသိချင်ယောင်ဆောင်နေမယ်လိ့တော့မထင်နဲ့
အဲ့ဒီတုန်းကစက်ရုံမှူးကြီးရဲ့ကျေးဇူးကို တုန်ပြန့်တဲ့အတွက် သက်သာသွားတယ်မှတ်ပါ
tons4000cement
Sunday, August 3, 2014
စက်ရုံပုံရိပ် နှင့် ဝန်ထမ်းမိသားစုတွေ အနာဂတ်အတွက် please...
စက်ရုံ၏ အောက်ခြေဝန်ထမ်းများရဲ့
အခြေခံလိုအပ်ချက်တွေကို
တတ်နိုင်သမျှ ဆောင်ရွက်ပေးနေတဲ့ စက်ရုံမှူးကြီးကို အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောလိုပါတယ်။
စက်ရုံဝန်ထမ်းများနဲ့ အများသူငါ နေ့စဉ် မဖြစ်မနေသွားလာနေရတဲ့
တန်၄၀၀၀စက်ရုံလမ်းကို ပြုပြင်ပေးစေလိုပါတယ်။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး တစ်ချက်ကတော့ စက်ရုံပတ်ဝန်းကျင်(လူပျိုဆောင်၊ကားဝင်းများ)မှာ ရာဇဝတ်မှုများဖြစ်တဲ့ ချဲရောင်းခြင်း စိတ်ကြွဆေးပြား(မြင်းဆေး)
များရောင်းချခြင်းကို ပေါ်ပေါ်တင်တင် သိသိသာသာ ရောင်းချနေခြင်းကို စက်ရုံအုပ်ချုပ်ရေးဌာန အနေနဲ့ တာဝန်ပေးပြီး ရောင်းချနေသူများကို စုံစမ်းဖော်ထုတ် အရေးယူသင့်ပါတယ်။
စက်ရုံရဲ့ လြုံခုံရေး ဝန်းထမ်း
ချဲရောင်းလို့ အဖမ်းခံရတာ
ဝန်ထမ်းက မြင်းဆေးရောင်းလို့ အဖမ်းခံရတာတွေ ဂျာနယ်ထဲပါလာတာတွေ
ဟာ စက်ရုံပုံရိပ်ကို ထိခိုက်စေပြီး စက်ရုံမှူးကြီး
ရဲ့ ဂုဏ်သိက္ခာကိုလည်း
ထိခိုက်စေပါတယ်။
အဲဒါကြောင့် ဝန်ထမ်းမိသားစုများ ချဲကြောင့်ဒုက္ခရောက်ခြင်းနဲ့
ဝန်ထမ်းများနဲ့ ဝန်ထမ်းမိသားစုများ မြင်းဆေးစွဲခြင်းမှ ကင်းဝေးအောင် ကော်မတီတရပ်ဖွဲ့စည်းပြီး
စီမံချက်တခုအနေနဲ့ လေးလေးနက်နက်ဆောင်ရွက်စေလိုကြောင်း ဝန်ထမ်းတွေအနာဂတ်
အတွက် အထူးအလေးပေး
တိုက်တွန်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးပါ။
Saturday, June 28, 2014
ကျေးဇူးပါ
အခု စက်ရုံမှာ စက်ရုံမှူးကြီးက ၀န်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်လျှက် ဖြည့်ဆီးပေးလျှက်ရှိပါတယ် ၀န်ထမ်းတွေက ပစ်မထားပဲ ဒီလိုနွေးနွေးထွေးထွေး ဆက်ဆံတာ ခံရတဲ့အတွက် ဂုဏ်ယူပျော်ရွင် ကျေးဇူးတင်လျှက်ရှိပါတယ် ။ အဆောင်က သူငယ်ချင်းတစ်ယောက် က အဆောင်မှာ စက်ရုံမှူးကြီးကိုယ်တိုင် အမြဲလာရောက်ဦးစီးလျှက် အားကစားကွင်းတွေ ထိုင်ခုံတွေ အဆာင်လုံခြုံရေး သန့်ရှင်ရေး စေသည့်တို့ကို မေတ္တာထားလျှက် လုပ်ဆောင်ပေးနေတဲ့အကြောင်းကို အားရ၀မ်းသာစွာ ပြောပြပါတယ်။ ဟိုးအရင်တုန်းကလည်း စက်ရုံမှူးကြီးတစ်ယောက်က လာပြီစစ်ဆေးဖူးပါတယ် ။ မြက်ပင်တွေ ခြုံတွေကို တွေ့သွားပြီး ရှင်းလင်းဖို့အတွက် ဗိုလ်ကြီးညီညီ ကိုတာဝန်ပေးလုပ်ဆောင်ခိုင်းပါတယ် ။ လကုန်တော့ အဆောင်နေ၀န်ထမ်းတွေထဲမှ ဗိုလ်ကြီးညီညီက သန့်ရှင်းရေးအတွက်ဆိုပြီး တယောက် နှစ်ထောင်ဆီဖြတ်ထားလိုက်ပါတယ် ။ ဒီစက်ရုံက အရာရှိ အများစုက ၀န်ထမ်ငယ်တွေဆီက အမြတ်ထုတ်ဖို့ပဲ စဉ်းစားနေပါတယ် ။ အရင်ကဆို စက်ရုံမှူးကြီး နှင့် ၀န်ထမ်းငယ်တွေ တွေ့ဆုံစကားပြောဖို့ဆိုတာ အရမ်းခက်ခဲလှပါတယ် ။ ဒါကို အခွင့်အရေးယူပြီ အရာရှိအချို့က ၀န်ထမ်းတွေကို အနိုင်ကျင့် ခေါင်းပုံဖြတ်လာကြပါတယ် ။
အခုဆိုရင် ၀န်ထမ်းတွေက မတရားခိုင်းစေခံရတဲ့အတွက် စိတ်ဆင်းရဲ မပျော်မရွင် ဖြစ်နေရာကနေ စက်ရုံမှူးကြီးရဲ့ နွေးထွေးတဲ့ မေတ္တာကြောင့် ဘ၀အမောတွေ ၊ စိတ်ပျက်စရာတွေ မေ့ပျောက်ပြီ အပြုံကိုယ်ဆီနဲ ပျော်ရွှင်နေကြပါပြီ။
" မေတ္တာ ဆိုတာ အသွားအပြန်ရှိပါတယ် "
စက်ရုံမှူးကြီးကို အထူးကျေးဇူးတင်လျှက်