Monday, December 22, 2014

ခေတ်​​ပြောင်း​ပေမယ့်​ စနစ်​မ​ပြောင်းတဲ့စက်​ရုံ့


နင်းပြားနဲ့ တမန်​​တော်​ ​ဆွေး​နွေးခန်း(၄)

တမန်​​တော်​။ ။ဟိတ်​​ကောင်​ငပြား ဒို့စက်​ရုံ စက်​ပြင်​ကာလ စပြီဆို
နင်းပြား ။ ။ ဟုတ်​တယ်​ကိုကြီးမန်
မန်​။ ။ဘယ်​လိုလဲ အရင်​လို
မနက်​၈နာရီက​နေ ညဆယ်​နာရီထိ နားရက်​မရှိဘဲ ၁လ​ကျော်​​ကျော်​ထိ ဆင်းရမှာဘဲလား။
ပြား။ ။ဘာထူးမှာလဲ ကိုကြီးမန်​ရယ်​ ထုံးစံဘဲ​ပေါ့။

မန်​။ ။အေး အဲဒီထုံးစံကိုက မဟုတ်​သေးဘူး  ခိုင်းစရာရှိတာကျ နွား​တွေလို ​သေ​လောက်​​အောင်​ ခိုင်းတယ်​ ဒါ​ပေမယ့်​ ရပိုင်​ခွင့်​က ဘာမှမရှိဘူး။
ဝန်​ထမ်း​တွေကို အချိန်​ပို ခိုင်းချင်​ရင်​ ၁နာရီ ဘယ်​​လောက်​ဆိုတဲ့ တိကျတဲ့ ရပိုင်​ခွင့်​ရှိသင့်​တယ်​။ခိုင်းချင်​သလိုခိုင်းပြီး ​နောက်​မှ သဒ္ဓါ​ကြေး ၂​သောင်းခွဲ ၂​သောင်း​လောက်​​ပေးပြီး
နှစ်​သိမ့်​တာ မဟုတ်​​သေးဘူး
စက်​ပြင်​ကာလဆို မနင်​၈နာရီက​နေ ည၁၀နာရီထိ နားရက်​မရှိ
ခိုင်းတဲု့ ထုံးစံကို ချိုးဖျက်​နိုင်​မှ
ငါတို့တာဝန်​​ကျေမယ်။
ပြား။ ။ အဲဒီ​တော့ ကိုကြီးမန်
က ဘာလုပ်​ချင်​လို့လဲ
မန်​။ ။ ပထမ အဆင့်​အ​နေနဲ့
အများသိ​အောင်​ fbနဲ့blogမှာ ​ရေးမယ်ကွာ​ ဒါမှမ​ပြောင်း​သေးရင်​ DVB
ကိုEmailနဲ့ပို့မယ်​ကွာ်​ ဒါမှ မ​ပြောင်း​သေးရင်​ ​နောက်​ဆုံး
အဆင့်​  ILOကို လက်​​တွေ့
ခေါ်ယူပြသပြီးတိုင်​မယ်​ကွာ။
ဘယ်​လိုလဲ

ပြား။ ။ကောင်းတယ်​ကိုကြီးမန်
ကောင်းတယ်​။
မန်​၊ပြား။ စက်​ရုံဝန်​ထမ်း အများတွက်​ fighting!

Thursday, September 11, 2014

အန္တရယ်​မဖြစ်​ခင်​ကတည်းက ကြိုတင်​ကာကွယ်​​ပေးပါ

cement silo မိုးမလုံသည့်​အတွက်​ မိုးရာသီစထဲက siloထဲမှာ ဘိလပ်​​မြေ​အခဲတုန်း​တွေ စတင်​ဖြစ်​​ပေါ်လာပြီး အခဲတုန်း​တွေဟာ silo ​အောက်မှာစတင်​ ပိတ်​ဆို့လာပါတယ်​ ။ ပိတ်​ဆို့​နေတဲ့ အခဲ့တုန်း​တွေကို ကျွန်​​တော်​တို့ ​၀န်​ထမ်း​တွေက အပူရှိန်​ရှိပြီးမွှန်​ထူ​နေတဲ့ ဘိလပ်​​မြေအမှုန့်​​တွေကြားက အခဲတွေကို အကြိမ်​​ပေါင်းများစွာ damper ပိတ်​လိုက်​ဖွင့်​လိုက်​နဲ့ ပင်​ပင်​ပန်းပန်း ရှင်းထုတ်​ကြရပါတယ်​။ damper လုံ​အောင်​ပိတ်​နိုင်​ရင်​ အန္တရယ်​မရှိတဲ့အတွက်​ ပင်​ပန်း​ပေမယ့်​လုပ်​နိုင်​ပါတယ်​။
ဒါ​ပေမယ့်​ လွန်​ခဲ့တဲ့ရက်​၂၀​လောက်​ကစပြီး damper ရဲ့အ​ပေါ်မှာ အခဲတုန်းကြီး​တွေကပိတ်​​နေသည့်​အတွက်
ဘိလပ်​​မြေ ထုတ်​လို့မရ​တော့ပါဘူး ။ ထိုအခါ အရာရှိ​တွေက damper အ​ပေါ်က​နေရာတခုမှာ အ​ပေါက်​​ဖောက်​ပါတယ်
အ​ပေါက်​က လူတရပ်​စာအမြင့်​မှာပါ ။ အ​ပေါက်​က​နေ အခဲတုန်းကို ထိုးခွဲမယ်​​ပေါ့် ။ ထိုအချိန်​တုန်းက silo ထဲမှာ ဘိလပ်​​မြေ ၆၀% ရှိပါတယ်​။ မြင်​​အောင်​​ပြောရရင်​ အခဲတုန်း​ပေါ်မှာ  တန်​ ၁၂၀၀၀ ​ကျော်​ရှိတဲ့  ဘိလပ်​​မြေရဲ့ ဖိအားရှိပါတယ်​ ။ အခဲတုန်းကိုထိုးခွဲရင်​ ဘိလပ်​​မြေ အရှိန်​အဟုန်​ပြင်းစွာ ပန်းထွက်​လာမည်​ကို သိလျှက်​နဲ့ အခဲကိုထိုးရတာပါ ။ ဒီကိစ္စ ကို ဗိုလ်​မှူးကြီးမိုးဝင်း၊၀န်​ထမ်း​တွေကိုသန်​ရှင်း​ရေးလုပ်​ခိုင်းတက်​တဲ့ ဦး​စောလွင်​ ၊ ဗိုလ်​ကြီး​ဆွေမြင့်​ထိုက်​ တို့လဲသိရှိပါတယ်​ ။ မျက်​မှန်​နှစ်​လက်​သာ ထုတ်​ထား​ပေးပါတယ်​။
သံ​ချောင်းနဲ့ လူနှစ်​​ရောက်​ကိုင်​ပြီး အခဲကိုထိုးခွဲ ကျန်​တဲ့သူ​တွေက အ​ပေါက်​အဖုံးကို တူနဲ့ရိုက်​ပိတ်​ဖို့ အသင့်​​စောင်​​နေရပါတယ်​။ သံ​ချောင်းနဲ့ ထိုးလို့ အခဲ​လေး​တွေပဲ့လာပြီဆိုလျှင်​ ပန်းထွက်​လာတဲ့ ဘိလပ်​​မြေဟာ silo နံရံအထိ​ရောက်​ပါတယ်​ ။ ထိုးတဲ့သူနှစ်​​ယောက်​ မျက်​နှာတည့်​တည့်​ကို ပန်းထွက်​လာတာပါ ။ မျက်​မှန်​နှစ်​လက်​ထုတ်​ထား​ပေးတဲ့ အတွက်​​ကြောင့်​သာ မျက်​စိမကန်း​သေးတာပါ ။ ပန်းထွက်​လာတဲ့ဘိလပ်​​မြေအရှိန်​ကြာင့်​ silo တစ်​ခုလုံး ဘာမှမမြင်​ရ​တော့ပါဘူး အသက်​ရှူလို့မ၀ကြ​တော့ပါဘူး ။ အဲဒီအန္တရယ်​ကြားက​နေလွတ်​လာ​ပေမယ့်​ ​ပြေးထွက်​လာလို့မရ​သေးပါဘူး အဖုံးကို တူနဲ့အချက်​​ပေါင်းများစွာ မှန်းဆပြီးရိုက်​ပိတ်​ရပါတယ်​ ။ အခဲကများတဲ့အတွက်​ မကြာခင်​မှာပဲ ပြန်​ပိတ်​ပါတယ်​ ။
ဒီလိုနဲ့လုပ်​လာလိုက်​တာ silo ထဲမှာဘိလပ်​​မြေ ၄၀% ထိကျလာခဲ့ပါတယ်​ ။ ကျန်​တဲ့၄၀% သည်ခံပြီးလုပ်​ကြမယ်​​ပေါ့ ။ထိုသို့လုပ်​​နေရသည်​ကိုသိလျှက်​နဲ့ ဗိုလ်​ကြီး ​ ဆွေမြင့်​ထိုက်​အပါအ၀င်​ လူကြီးအချို့စက်​ရပ်​ရမည်​ကို​ကြောက်​သည့်​အတွက်​   ဘိလပ်​​မြေထပ်​ထည့်​လိုက်​ပါတယ်​  ။ အခုဆိုလျှင်​ silo ထဲမှာဘိလပ်​​မြေက အပြည့်​နီးပါးရှိပါတယ်​ ။ တန်​​ပေါင်း ၂၀၀၀၀ ခန့်​ဖိအားရှိတဲ့ ပမာဏဖြစ်​လာပါပြီး။ အန္တရယ်​ကများသထက်​များလာပါပြီး ။ ၀န်​ထမ်း​တွေလဲ မလုပ်​ချင်​ကြ​တော့ပါဘူး ။

ဝန်​ထမ်း​တွေ တစုံတခုဖြစ်​မှ ​ရေးကြီးသုတ်​ပျာ လုပ်​မည့်​အစား မဖြစ်​ခင်​ထဲကကြိုတင်​ကာကွယ်​ ​ပေးကြပါလား ။ မျက်​မှန်​​လေး နှစ်​လက်​ထုတ်​​ပေးရုံနဲ့ တာဝန်​​ကြေးသွားပြီလားလို့ ဗိုလ်​မှူးကြီးမိုးဝင်း၊ ဦး​စောလွင်​ ၊ ဗိုလ်​ကြီး​ဆွေမြင့်​ထိုက်​တို့ကို​မေးပါရ​စေ။

တစုံတခု ဖြစ်​လို့က​တော မီးသင်းဖိုမှာ ​လေဘာ​တွေ မျက်​စိ​တွေထိတုန်းကလို မသိချင်​​ယောင်​​ဆောင်​​နေမယ်​လိ့​တော့မထင်​နဲ့
အဲ့ဒီတုန်းကစက်​ရုံမှူး​ကြီးရဲ့ကျေးဇူးကို တုန်​ပြန့်​တဲ့အတွက်​ သက်​သာသွားတယ်​မှတ်​ပါ   
               

                        tons4000cement


Sunday, August 3, 2014

စက်​ရုံပုံရိပ်​ နှင့်​ ဝန်​ထမ်း​မိသားစု​တွေ အနာဂတ်​အတွက်​ please...

စက်​ရုံမှူးကြီး နှင့်​ စက်​ရုံရှိ အရာရှိကြီးများအားလုံး မင်္ဂလာပါ
စက်​ရုံ၏ ​အောက်​​ခြေဝန်​ထမ်းများရဲ့
အ​ခြေခံလိုအပ်​ချက်​​တွေကို
တတ်​နိုင်​သမျှ ​ဆောင်​ရွက်​​ပေး​နေတဲ့ စက်​ရုံမှူးကြီးကို အားလုံးကိုယ်​စား ​ကျေးဇူးတင်​ပါတယ်လို့ ဦးစွာ​ပြောလိုပါတယ်​။
စက်​ရုံဝန်​ထမ်းများနဲ့ အများသူငါ ​နေ့စဉ်​ မဖြစ်​မ​နေသွားလာ​နေရတဲ့
တန်​၄၀၀၀စက်​ရုံလမ်းကို ပြုပြင်​​ပေး​စေလိုပါတယ်​။
နောက်​ဆုံးနဲ့ အ​ရေးအကြီးဆုံး တစ်​ချက်​က​တော့ စက်​ရုံပတ်​ဝန်းကျင်​(လူပျို​ဆောင်​၊ကားဝင်းများ)မှာ ရာဇဝတ်​မှုများဖြစ်​တဲ့ ချဲ​ရောင်းခြင်း စိတ်​ကြွ​ဆေးပြား(မြင်း​ဆေး)
များ​ရောင်းချခြင်းကို  ​ပေါ်​ပေါ်တင်​တင်​ သိသိသာသာေ​ရာင်းချ​နေခြင်းကို စက်​ရုံအုပ်​ချုပ်​​ရေးဌာန အ​နေနဲ့ တာဝန်​​ပေးပြီး ​​ရောင်းချ​နေသူများကို စုံစမ်း​ဖော်​ထုတ်​ အ​ရေးယူသင့်​ပါတယ်​။
စက်​ရုံရဲ့ လြုံခုံ​ရေး ဝန်းထမ်း
ချဲ​ရောင်းလို့ အဖမ်းခံရတာ
ဝန်​ထမ်းက မြင်း​ဆေး​ရောင်းလို့ အဖမ်းခံရတာ​တွေ ဂျာနယ်​ထဲပါလာတာ​တွေ
ဟာ စက်​ရုံပုံရိပ်​ကို ထိခိုက်​​စေပြီး စက်​ရုံမှူးကြီး
ရဲ့ ဂုဏ်​သိက္ခာကိုလည်း
ထိခိုက်​​စေပါတယ်​။
အဲဒါ​ကြောင့်​ ဝန်​ထမ်းမိသားစုများ ချဲ​ကြောင့်​ဒုက္ခ​ရောက်​ခြင်းနဲ့
ဝန်​ထမ်းများနဲ့ ဝန်​ထမ်းမိသားစုများ မြင်း​ဆေးစွဲခြင်းမှ ကင်း​ဝေး​အောင်​ ​ကော်​မတီတရပ်​ဖွဲ့စည်းပြီး
စီမံချက်​တခုအ​နေနဲ့ ​လေး​လေးနက်​နက်​​ဆောင်​ရွက်​​စေလို​ကြောင်း ဝန်​ထမ်း​တွေအနာဂတ်
အတွက်​ အထူးအ​လေး​ပေး
တိုက်​တွန်းအပ်​ပါတယ်။
အားလုံးကို ​ကျေးဇူးပါ။

Saturday, June 28, 2014

ကျေးဇူးပါ

အခု စက်​ရုံမှာ စက်​ရုံမှူးကြီးက ၀န်​ထမ်း​တွေရဲ့ လိုအပ်​ချက်​​တွေကို ကိုယ်​တိုင်​ ရင်းရင်းနှီးနှီး ​တွေ့ဆုံ​မေးမြန်​လျှက်​ ဖြည့်​ဆီး​ပေးလျှက်​ရှိပါတယ်​ ၀န်​ထမ်း​တွေက ပစ်​မထားပဲ ဒီလိုနွေး​နွေး​ထွေး​ထွေး ဆက်​ဆံတာ ခံရတဲ့အတွက်​ ဂုဏ်​ယူ​ပျော်​ရွင်​ ​ကျေးဇူးတင်​လျှက်​ရှိပါတယ်​ ။ အ​ဆောင်​က သူငယ်​ချင်းတစ်​​ယောက်​ က အ​ဆောင်​မှာ စက်​ရုံမှူးကြီးကိုယ်​တိုင်​ အမြဲလာ​ရောက်​ဦးစီးလျှက်​ အားကစားကွင်းတွေ ထိုင်​ခုံ​တွေ အ​ဆာင်လုံခြုံ​ရေး သန့်ရှင်​​ရေး ​​စေသည့်​တို့ကို ​မေတ္တာထားလျှက်​ လုပ်​​ဆောင်​​ပေး​နေတဲ့အ​ကြောင်းကို အားရ၀မ်းသာစွာ ​ပြောပြပါတယ်​။ ဟိုးအရင်​တုန်းကလည်း စက်​ရုံမှူးကြီးတစ်​​ယောက်​က လာပြီစစ်​​ဆေးဖူးပါတယ်​ ။ မြက်​ပင်​​တွေ ခြုံ​တွေကို ​တွေ့သွားပြီး ရှင်းလင်းဖို့အတွက်​ ဗိုလ်​ကြီးညီညီ ကိုတာဝန်​​ပေးလုပ်​​ဆောင်​ခိုင်းပါတယ်​ ။ လကုန်​​တော့ အ​ဆောင်​​နေ၀န်​ထမ်း​တွေထဲမှ ဗိုလ်​ကြီးညီညီက သန့်​ရှင်း​ရေးအတွက်​ဆိုပြီး တ​ယောက်​ နှစ်​​ထောင်​ဆီဖြတ်​ထားလိုက်​ပါတယ်​ ။ ဒီစက်​ရုံက အရာရှိ အများစုက ၀န်​ထမ်​ငယ်​​တွေဆီက အမြတ်​ထုတ်​ဖို့ပဲ စဉ်းစား​နေပါတယ်​ ။ အရင်​ကဆို စက်​ရုံမှူးကြီး နှင့်​ ၀န်​ထမ်းငယ်​​တွေ ​တွေ့ဆုံစကား​ပြောဖို့ဆိုတာ အရမ်းခက်​ခဲလှပါတယ်​ ။ ဒါကို အခွင့်​အ​ရေးယူပြီ အရာရှိအချို့က ၀န်​ထမ်း​တွေကို အနိုင်​ကျင့်​ ​ခေါင်းပုံဖြတ်​လာကြပါတယ်​ ။
အခုဆိုရင်​ ၀န်​ထမ်း​တွေက မတရားခိုင်း​စေခံရတဲ့အတွက်​  စိတ်​ဆင်းရဲ မ​ပျော်​မရွင်​ ဖြစ်​​နေရာက​နေ စက်​ရုံမှူးကြီးရဲ့ ​နွေး​ထွေးတဲ့ ​မေတ္တာ​ကြောင့်​ ဘ၀အ​မော​တွေ​ ၊ စိတ်​ပျက်​စရာ​တွေ ​မေ့​ပျောက်​ပြီ ​အပြုံကိုယ်​ဆီနဲ ​ပျော်​ရွှင်​​နေကြပါပြီ။

" ​မေတ္တာ ဆိုတာ အသွားအပြန်​ရှိပါတယ်​ "

                      စက်​ရုံမှူးကြီးကို အထူး​ကျေးဇူးတင်​လျှက်

Monday, June 23, 2014

ဝန်​ထမ်း​တွေဘာဖြစ်​လို့ မတရားခိုင်း​စေခံရသလဲ


    ပြင်​ပလုပ်​သား​လေဘာ​တွေကို ခိုင်းရင်​ ပိုက်​ဆံကို တန်​ရာတန်​​ကြေး ​ပေးမှခိုင်းလို့ရမှာ​လေ ၀န်​ထမ်း​တွေဆို​တော့ ပိုက်​ဆံ​ပေးချင်​သ​လောက်​​ပေးလို့ရတာ​ပေါ့      ဆဲဆိုပြီခိုင်းရုံပဲ ကိုယ့်​အတွက်​ကျန်​တာ​ပေါ့ဗျာ

" ​ဟေ့​ကောင်​​တွေ မင်းတို့ဘယ်​လို​ရွေး​နေတာလဲ မင်းတို့မှာမျက်​စိမပါးဘူးလား  _ီး လိုပဲ မင်းတို့ကို    ဒီလို(အနည်းငယ်​)ပိန်​​နေတဲ့ ​ဘော​တွေမပါ​စေနဲ့ ​ပြောထားတယ်​​လေကွာ " 

ကျ​နော်​တို့​က တကယ်​ပင်​ပင်​ပန်းပန်းလုပ်​​နေရတာပါ
ကျ​နော်​တို့​က ၀န်​ထမ်း​တွေပါ နားဝင်​​အောင်​​ပြောရင်​ ခိုင်းလို့ရပါတယ်​ အလုပ်​လုပ်​​ပေးရတာချင်းအတူတူ စကားကို ယဉ်​ယဉ်​​ကျေး​ကျေး နားဝင်​​အောင်​​ပြောရင်​ အလုပ်​လုပ်​ရတာ လုပ်​​ပျော်​တာ​ပေါ့ဗျာ အလုပ်​ချိန်​မှာ ၀န်​ထမ်း​တွေကို ​ချော့ခိုင်းရင်​ အဆင်​​ပြေပါတယ်​ အခုက ပင်​ပန်း​နေတဲ့ ၀န်​ထန်း​တွေရဲ့ ရင်​ကို ​ဆောင့်​ကန်​ ​နေတာနဲ့အတူတူပဲ
ဝန်​ထမ်း​တွေကို ကွမ်းတယာ ​ကျွေးဖို့ ခင်​ဗျား သတိရဖူးသလား?

Sunday, June 1, 2014

မှားယွင်းတဲ့ လုပ်​ရပ်​​တွေနဲ့ လွဲမှားတဲ့ စနစ်​ဆိုး

ကျွန်​​တော်​တို့စက်​ရုံမှာ ဟိုးအရင်​တုန်းကဆိုရင်​ သန့်​ရှင်း​ရေးအစ ကြမ်းကြမ်းတမ်းတမ်းလုပ်​ရ
မယ်​ဆိုရင်​ အပြင်​ အလုပ်​သမား ​ခေါင်း​ဆောင်
တွေကို ပုတ်​ပြတ်​​ပေး ငှါးလိုက်​တာဘဲ။ခု​တော့
ဦး​စောလွင်​က အလုပ်​သမား
ခေါင်း အ​နေနဲ့ ပုတ်​ပြတ်​ယူပြီး ဝန်​ထမ်း​တွေကို အလုပ်​ကြမ်းသမား​တွေလို
ခိုင်းတယ်​။ပြင်​ပ အလုပ်​သမား ၂၀​လောက်​လုပ်​ရမယ့်​​နေရာမှာ ဝန်​ထမ်း၁၀​ယောက်​​လောက်​နဲ့ အပြီးလုပ်​ခိုင်းတယ်​။
ဝန်​ထမ်း​တွေဆိုတာ အနည်းဆုံး၁၀တန်း​အောင်​က​နေ ဘွဲ့ရGTIနဲ့ BEအထိ
ရှိပါတယ်​။အများစုဟာဟာ
ကျောင်းဆင်းစ နုနုနယ်​နယ်
တွေပါ။သူတို့ မိဘ​တွေမြင်​ရင်​ ဘယ်​လို​နေမလဲ သားသမီးချင်း ကိုယ်​ချင်းစာ
ကြပါ။ဝန်​ထမ်း​တွေကို အလုပ်​ကြမ်းခိုင်းတဲ့ အကျိုးဆက်​က​တော့ ဝန်​ထမ်း​တွေမ​ပျော်​ရွှင်​ဘူး
စက်​ရုံပတ်​ဝန်းကျင်​ အလုပ်​ကြမ်းသမား​တွေ အလုပ်​မရဘူး။ စက်​ရုံလည်း
နာမည်​ပျက်​တယ်​။ ဒီလိုလုပ်
လို့ အကျိုးအမြတ်​ရှိတာ
ဦး​စောလွင်​ တ​ယောက်​ပဲရှိတယ်​။ အဲဒါ​ကြောင့်​ အဲဒီစနစ်​ကြီးကို
စီစစ်​သင့်​​နေပါပြီ။

စစ်​​ထောက်​ချုပ်​လာမည်​ဆိုသည့်​အတွက်​ ၀န်​ထမ်းငယ်​များမတရားခိုင်း​စေခံရ

ညအချိန်​မ​တော်​ အမှုန်​များကြားတွင်​ သန့်​ရှင်း​ရေး လုပ်​​နေကြရ​သော ၀န်​ထမ်းများ

Saturday, May 31, 2014

စစ်​​ထောက်​ချုပ်​ လာမှာကို ​သေ​လောက်​​အောင်​​ ကြောက်​တဲ့သူ(သို့မဟုတ်​) ဦး​စောလွင်

လူဆိုတာ ကိုယ့်​ကို အပြစ်​​ပေးနိုင်​တဲ့သူကို မဟုတ်​တာ နည်းနည်းလုပ်​ထားရင်
နည်းနည်း များများလုပ်​ထားရင် များများ  ​ကြောက်​တတ်​ကြ
တယ်​။ခု ဦး​စောလွင်​ စစ်​​ထောက်​ချုပ်​ လာမှာကို
ကြောက်​​နေတာက ​တော်​​တော်​ရုပ်​ပျက်​တယ်။ ​နောက်​ကွယ်​မှာ မဟုတ်​မမှန်​တာလုပ်​ထားတဲ့ အ​ကြောင်း တစုံတရာ ရှိလိမ့်​မယ်​။ 
အဲဒီ ​နောက်​ကွယ်​က အ​ကြောင်း​တွေကို စစ်​​ထောက်​ချုပ်​ကြီး အ​နေနဲ့
စုံစမ်းစစ်​​ဆေး​စေချင်​ပါတယ်​။

Thursday, April 3, 2014

စနစ်​ကျ​သော ပိတ်​ရက်​ဖြစ်​သင့်​တဲ့သင်္ကြန်


တစ်​နိုင်​ငံလုံးအလုပ်​နားရက်​ဖြစ်​တဲ့သင်္ကြန်​ပိတ်​ရက်​မှာ
စက်​ရုံကဘာဖြစ်​လို့ ​သေ​သေချာချာမပိတ်​​ပေးတာလဲ
စက်​မလည်​ရင်​ စက်​ရုံအတွက်​ရှုံးဆုံးနစ်​နာမှုများ​​ကြောင့်​လို့ထင်​ပါတယ်​ အခုသင်္ကြန်​ပိတ်​ရက်​မှာ ၀န်​ထမ်း​တွေကို အတင်းအကျပ်​ အလုပ်​ဆင်းခိုင်းမှု​တွေရှိ​နေပါတယ်​ ဒါလုံးဝမလုပ်​သင့်​တဲ့ကိစ္စပါ ဒီလိုပိတ်​ရက်​မျိုးမှာ ၀န်​ထမ်း​တွေအ​နေနဲ့ အများအားဖြင့်​ အသက်​ကြီးတဲ့လူဆို တရားစခန်းဝင်​မယ်​ မိသားစုနဲ့အနားယူမယ်​ လူငယ်​​တွေဆိုရင်​လည်း ​ပျော်​ချင်​ရှာမှာ​ပေါ့ ဘယ်​သူက အားလပ်​ရက်​မှာအလုပ်​လာချင်​မှာလဲ အလုပ်​လာတဲ့သူ​တွေကလည်း overtime ​ကြေး​လေး​မျော်​ကိုးပြီး​တော့ လာ​နေကြတဲ့ဝန်​ထမ်း​လောက်​ပဲရှိမှာပါ  ဒါ​ကြောင်​မို့ overtime ​ကြေး​လေး​တော့စနစ်​တကျလုပ်​​ပေး​စေချင်​တယ်
ဝန်​ထမ်း​တွေအ​နေနဲ့ကလည်း စက်​ရုံက​ကောက်​ခံတဲ့ သင်္ကြန်​အတွင်း အလုပ်​လုပ်​နိုင်​သူ​တွေစာရင်းမှာ အလုပ်​လာမည့်​စာရင်း​ပေးသွင်းထားလျှင်​ လုပ်​ငန်းခွင်​ကို အမှန်​တကယ်​လာ​ရောက်​​စေချင်​ပါတယ်​ ဘာဖြစ်​လို့လဲဆို​တော့
စက်​ရုံကအလုပ်​လာနိုင်​တဲ့သူစာရင်းကိုကြည့်​ ပြီး စက်ရုံကိုအဆင်​​ပြေ​အောင်​ရှိသမျှလူစာရင်း နဲ့ဘယ်​လိုလည်​ရမလဲဆိုတာ ဆုံးဖြတ်​ရမှာမို့လို့ပါ ။
  ပြီး​တော့ ကိုယ်​ကအလုပ်​ချိန်​အတွင်းမှာ စာရင်း​ပေးထားပြီး အပြင်​​ရောက်​​နေတယ်​ဆိုပါစို့ မ​တောတဆ အ​ကြောင်းတစုံတရာဖြစ်​ခဲ့ရင်​စက်​ရုံက အလုပ်​ချိန်​တွင်းဖြစ်​တဲ့အတွက်​ တာဝန်​ယူ​ဖြေရှင်းရ​သော​ကြောင့်​ဖြစ်​ပါတယ်
ထို့​ကြောင့်​နှစ်​ဦးနှစ်​ဖက်​အဆင်​​ပြေ​စေရန်
အလုပ်​တကယ်​လာလုပ်​မည့်​သူများကို overtime ​ကြေးကိုစနစ်​တကျ​ပေးပါရန်
အလုပ်​လာမည်ုသူများအ​နေဖြင့်​ အလုပ်​ကို​သေချာစွာလာ​ရောက်​ရန်​ ဖြစ်​ပါတယ်

အချုပ်​အားဖြင့်​ အလုပ်​တကယ်​လာလုပ်​​သော ၀န်​ထမ်းများကို overtime ​ကြေး​ပေးရန်​ နှင့်​ အလုပ်​လုပ်​မည့်​ နာမည်​​ပေး၍ အလုပ်​သို့မလာသူများကို အပြစ်​ကြီး​လေစွာ​ပေးသင့်​ပါ​ကြောင်း တရားကျ​သောအချက်​နှစ်​ချက်​ဖြစ်​ပါတယ်​။

Sunday, March 2, 2014

တန်လေးထောင်မှ အရာရှိကြီများ၏ ရူးကြောင်မူးကြောင် လုပ်ကွက်များ

ခုတလော ဒို့စက်ရုံမှာ လူပြောများနေတဲ့  စာမေးပွဲ
ကိစ္စက တော်တော်ဆိုးတာ
ဘဲ  စာမရေးတတ် မဖတ်တတ်သူတွေ  အရှက်ကွဲသလို  ရေးတတ်
ဖတ်တတ်တဲ့  ဝန်ထမ်းတွေကိုလည်း အလုပ်ရှုပ်စေတယ်။ ခုစက်
ပြင်နေတဲ့ အချိန်ဆိုတော့
ပိုဆိုးတာပေါ့။အောက်ခြေဝန်ထမ်းတွေဆိုတာတော့ ခိုင်းရင် လုပ်ရတာပါဘဲ။
တကယ်တမ်း safety အတွက်လိုအပ်ချက်တွေကို
လက်ထောင်အင်ယာက
စလို့  အထက်အရာရှိကြီး
တွေသိထားသင့်ပါတယ်။
ဒါပေမယ့်ခုတော့  စုမှူးမှစလို့  အောက်ခြေဝန်ထမ်းတွေ
ဖြေရမယ်တဲ့။တော်တေိာတရားကျဖို့ကောင်းတယ်။
ကျောက်ဖား သေတဲ့ ကိစ္စမှာဘဲကြည့်  ခင်ဗျားတို့
အထက်အရှိတွေ အစည်းအဝေးတွေ အကြိမ်ကြိမ်ထိုင်ပြီး  အန္တရာယ်ရှိမှန်း သိသိကြီးနဲ့
ခိုင်းလို့  မငြင်းဆန်ရဲဘဲ လုပ်ခဲ့ရလို့  ကျောက်ဖား
သေပြီး အများအပြား ဒဏ်ရာရခဲ့ကြတာပါ။
ဒါကြောင့် ခင်ဗျားတို့  တတွေက safetyအကြောင်းပိုသိသင့်ပါတယ်။အောက်ခြေဝန်ထမ်း
တွေကိုအနိုင်မကျင့်ပါနဲ့။
ကျောက်ဖားသေတဲ့ ကိစ္စကို
အစမဖော်ချင်ပါနဲ့။ဲ

MECမှ အရာရှိကြီးများ ကျေးဇူးပြု၍ ဖတ်ပေးပါ

စက်ရုံမှူးကြီးနဲ့ အပေါင်းအပါ
အရာရှိကြီးတို့ရေ  အနီးအနားက ရွာတွေတောင်ပတ်ကြည့်ပါ
ဦး။ ခင်ဗျားတို့ စက်ရုံလမ်းလောက် ဆိုးတဲ့
လမ်းရှိသေး ရဲ့လားလို့။
ခု ခင်ဗျားတို့စက်ရုံလမ်းက
ကားတစ်စီးဖြတ်သွားတာနဲ့
ဖုံရှူကြရပြီ။စက်ရုံလမ်း ပတ်ဝန်းကျင်မှာရှိတဲ့  ဝန်ထမ်းမိသားစုတွေနဲ့ ဒေသခံတွေအတွက် ရေရှည်မှာ ရောဂါရဘို့
၈၀%ကျိန်းသေပါတယ်။
အဲဒါကြောင့် စက်ရုံလမ်းကို
ကွန်ကရစ်လမ်းအဖြစ်ပြု ပြင်ပေးစေချင်ပါတယ်။
ရွာတွေတောင် ကိုယ်ထူကိုယ်ထ ပြုပြင်နိုင်လျှင် စက်ရုံကြီးတစ်ခုအနေနဲ့
မပြင်နိုင်စရာ အကြောင်းမရှိပါ။
စက်ရုံလမ်းမကြီးကို ပြုပြင်
ပေးခြင်းဖြင့် ဝန်ထမ်းမိသားစုများနှင့်
ဒေသခံတို့၏ ရောဂါဖြစ်မဲ့ဘေးမှ ကယ်တင်ပေးကြပါလို့
အနူးညွတ် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။