Thursday, September 11, 2014

အန္တရယ်​မဖြစ်​ခင်​ကတည်းက ကြိုတင်​ကာကွယ်​​ပေးပါ

cement silo မိုးမလုံသည့်​အတွက်​ မိုးရာသီစထဲက siloထဲမှာ ဘိလပ်​​မြေ​အခဲတုန်း​တွေ စတင်​ဖြစ်​​ပေါ်လာပြီး အခဲတုန်း​တွေဟာ silo ​အောက်မှာစတင်​ ပိတ်​ဆို့လာပါတယ်​ ။ ပိတ်​ဆို့​နေတဲ့ အခဲ့တုန်း​တွေကို ကျွန်​​တော်​တို့ ​၀န်​ထမ်း​တွေက အပူရှိန်​ရှိပြီးမွှန်​ထူ​နေတဲ့ ဘိလပ်​​မြေအမှုန့်​​တွေကြားက အခဲတွေကို အကြိမ်​​ပေါင်းများစွာ damper ပိတ်​လိုက်​ဖွင့်​လိုက်​နဲ့ ပင်​ပင်​ပန်းပန်း ရှင်းထုတ်​ကြရပါတယ်​။ damper လုံ​အောင်​ပိတ်​နိုင်​ရင်​ အန္တရယ်​မရှိတဲ့အတွက်​ ပင်​ပန်း​ပေမယ့်​လုပ်​နိုင်​ပါတယ်​။
ဒါ​ပေမယ့်​ လွန်​ခဲ့တဲ့ရက်​၂၀​လောက်​ကစပြီး damper ရဲ့အ​ပေါ်မှာ အခဲတုန်းကြီး​တွေကပိတ်​​နေသည့်​အတွက်
ဘိလပ်​​မြေ ထုတ်​လို့မရ​တော့ပါဘူး ။ ထိုအခါ အရာရှိ​တွေက damper အ​ပေါ်က​နေရာတခုမှာ အ​ပေါက်​​ဖောက်​ပါတယ်
အ​ပေါက်​က လူတရပ်​စာအမြင့်​မှာပါ ။ အ​ပေါက်​က​နေ အခဲတုန်းကို ထိုးခွဲမယ်​​ပေါ့် ။ ထိုအချိန်​တုန်းက silo ထဲမှာ ဘိလပ်​​မြေ ၆၀% ရှိပါတယ်​။ မြင်​​အောင်​​ပြောရရင်​ အခဲတုန်း​ပေါ်မှာ  တန်​ ၁၂၀၀၀ ​ကျော်​ရှိတဲ့  ဘိလပ်​​မြေရဲ့ ဖိအားရှိပါတယ်​ ။ အခဲတုန်းကိုထိုးခွဲရင်​ ဘိလပ်​​မြေ အရှိန်​အဟုန်​ပြင်းစွာ ပန်းထွက်​လာမည်​ကို သိလျှက်​နဲ့ အခဲကိုထိုးရတာပါ ။ ဒီကိစ္စ ကို ဗိုလ်​မှူးကြီးမိုးဝင်း၊၀န်​ထမ်း​တွေကိုသန်​ရှင်း​ရေးလုပ်​ခိုင်းတက်​တဲ့ ဦး​စောလွင်​ ၊ ဗိုလ်​ကြီး​ဆွေမြင့်​ထိုက်​ တို့လဲသိရှိပါတယ်​ ။ မျက်​မှန်​နှစ်​လက်​သာ ထုတ်​ထား​ပေးပါတယ်​။
သံ​ချောင်းနဲ့ လူနှစ်​​ရောက်​ကိုင်​ပြီး အခဲကိုထိုးခွဲ ကျန်​တဲ့သူ​တွေက အ​ပေါက်​အဖုံးကို တူနဲ့ရိုက်​ပိတ်​ဖို့ အသင့်​​စောင်​​နေရပါတယ်​။ သံ​ချောင်းနဲ့ ထိုးလို့ အခဲ​လေး​တွေပဲ့လာပြီဆိုလျှင်​ ပန်းထွက်​လာတဲ့ ဘိလပ်​​မြေဟာ silo နံရံအထိ​ရောက်​ပါတယ်​ ။ ထိုးတဲ့သူနှစ်​​ယောက်​ မျက်​နှာတည့်​တည့်​ကို ပန်းထွက်​လာတာပါ ။ မျက်​မှန်​နှစ်​လက်​ထုတ်​ထား​ပေးတဲ့ အတွက်​​ကြောင့်​သာ မျက်​စိမကန်း​သေးတာပါ ။ ပန်းထွက်​လာတဲ့ဘိလပ်​​မြေအရှိန်​ကြာင့်​ silo တစ်​ခုလုံး ဘာမှမမြင်​ရ​တော့ပါဘူး အသက်​ရှူလို့မ၀ကြ​တော့ပါဘူး ။ အဲဒီအန္တရယ်​ကြားက​နေလွတ်​လာ​ပေမယ့်​ ​ပြေးထွက်​လာလို့မရ​သေးပါဘူး အဖုံးကို တူနဲ့အချက်​​ပေါင်းများစွာ မှန်းဆပြီးရိုက်​ပိတ်​ရပါတယ်​ ။ အခဲကများတဲ့အတွက်​ မကြာခင်​မှာပဲ ပြန်​ပိတ်​ပါတယ်​ ။
ဒီလိုနဲ့လုပ်​လာလိုက်​တာ silo ထဲမှာဘိလပ်​​မြေ ၄၀% ထိကျလာခဲ့ပါတယ်​ ။ ကျန်​တဲ့၄၀% သည်ခံပြီးလုပ်​ကြမယ်​​ပေါ့ ။ထိုသို့လုပ်​​နေရသည်​ကိုသိလျှက်​နဲ့ ဗိုလ်​ကြီး ​ ဆွေမြင့်​ထိုက်​အပါအ၀င်​ လူကြီးအချို့စက်​ရပ်​ရမည်​ကို​ကြောက်​သည့်​အတွက်​   ဘိလပ်​​မြေထပ်​ထည့်​လိုက်​ပါတယ်​  ။ အခုဆိုလျှင်​ silo ထဲမှာဘိလပ်​​မြေက အပြည့်​နီးပါးရှိပါတယ်​ ။ တန်​​ပေါင်း ၂၀၀၀၀ ခန့်​ဖိအားရှိတဲ့ ပမာဏဖြစ်​လာပါပြီး။ အန္တရယ်​ကများသထက်​များလာပါပြီး ။ ၀န်​ထမ်း​တွေလဲ မလုပ်​ချင်​ကြ​တော့ပါဘူး ။

ဝန်​ထမ်း​တွေ တစုံတခုဖြစ်​မှ ​ရေးကြီးသုတ်​ပျာ လုပ်​မည့်​အစား မဖြစ်​ခင်​ထဲကကြိုတင်​ကာကွယ်​ ​ပေးကြပါလား ။ မျက်​မှန်​​လေး နှစ်​လက်​ထုတ်​​ပေးရုံနဲ့ တာဝန်​​ကြေးသွားပြီလားလို့ ဗိုလ်​မှူးကြီးမိုးဝင်း၊ ဦး​စောလွင်​ ၊ ဗိုလ်​ကြီး​ဆွေမြင့်​ထိုက်​တို့ကို​မေးပါရ​စေ။

တစုံတခု ဖြစ်​လို့က​တော မီးသင်းဖိုမှာ ​လေဘာ​တွေ မျက်​စိ​တွေထိတုန်းကလို မသိချင်​​ယောင်​​ဆောင်​​နေမယ်​လိ့​တော့မထင်​နဲ့
အဲ့ဒီတုန်းကစက်​ရုံမှူး​ကြီးရဲ့ကျေးဇူးကို တုန်​ပြန့်​တဲ့အတွက်​ သက်​သာသွားတယ်​မှတ်​ပါ   
               

                        tons4000cement


No comments:

Post a Comment