Tuesday, May 28, 2013
ဒါမျိုး ဘယ်​သူ​ပြောမယ်​ ထင်​လဲ
ကဲ
    မင်းတို့ဘာ​ပြောမလAll day(8:00-22:00)ကို ​ခေါ်တယ်​ကွာ ဘယ်​သူ့သွား​ပြောမလဲ။ဒါစစ်​တပ်​စက်​ရုံကွ မလုပ်​နိုင်​ထွက်​သွား။အလုပ်​သမားအခွင့်​အ​ရေး​တွေလာမ
ပြောနဲ့။ကြိုက်​တဲ့ဆီတိုင်
အထက်​ကိုပိုင်​လို့လုပ်​တာကွ။၊ဒါစစ်​တပ်​အကျိုးစီးပွားအတွက်​လုပ်​တာ သမ္မတ​တောင်​ဂရုမစိုက်​ဘူး
ILO​လောက်​လာမ​ပြောနဲ။
နောက်​လ စက်​ပြင်​ကာလ
စောင့်​ကြည့်​လိုက်​ မင်းတို့​တွေကို​သေ ​အောင်​ခိုင်းပစ်​မယ်​။မလုပ်​နိုင်​ထွက်​သွား။ခုစက်​ နှစ်​ရက်​ရပ်​တာ​တောင်​ မင်းတို့​တွေ ငါဆင်းခိုင်းတဲ့အတိုင်း ဆင်းရတာ မဟုတ်​လား။
ဒါ နမူနာဘဲရှိ​သေးတယ်​။နောက်​ဆို ဒီထက်​နာမယ်
Sunday, May 26, 2013
"တန်​၄၀၀၀ အကြားအမြင်​ မီးသီးယား"facebook page လာပါပြီ
တန်​၄၀၀၀ ရင်​ဖွင့်​သံမှ့ "တန်​၄၀၀၀ အကြားအမြင်​ မီးသီးယား"
facebook page ကို ဖွင့်​လှစ်​လိုက်​ ပြီးဖြစ်​​ကြောင်း သတင်း
ကောင်း ​ပေးပါရ​စေ။ page ကို
တန်​၄၀၀၀ မိသာစု​တွေ အတွက်
သတင်း၊ဟာသ၊ကျန်းမား​ရေး၊ဗဟုသုတ၊
ဖျော်​​ဖြေ​ရေး၊အလှအပ ၊ရင်​ဖွင့်​သံ
စသည့်​ စုံလင်​စွာဖြင့်​ တင်​ဆက်​နိုင်
ရန်​ကြိုးပမ်းလျှက်​ရှိပါသည်​။ တန်​၄၀၀၀ မိသားစုမှမည်​သူမဆို
မိမိသိရှိသမျှ အ​ကြောင်းအရာများ
ကို မျှ​ဝေ​ပေး​နိုင်​ပါသည်​။ page ကို
like လုပ်​ထား​ပေးထားကြယုံဖြင့်
ကျွန်​​တော်​တို့ ၏ တင်​ဆက်​မှုကို
ခံစားသိရှိနိုင်​ပါသည်​။ကျေးဇူးအထူး
တင်​ရှိပါသည်​။
အောက်​တွင်​ရှိ​သော link ကိုနှိပ်​ပါ
ပြီးရင်​ like လုပ်​ပါ
**တန် ၄၀၀၀ အ ကြား အ မြင် မီး သီး ယား**
Saturday, May 25, 2013
နင်​ပြား​တွေ ​မျှော်​လင့်​ကြသ​လေ လည်​ပင်းကိုရှည်
ကျုပ်​တို့နင်းပြား​တွေဗျာ သကြ်​န်​တွင်း နားရတယ်​ကို
မရှိဘူး ။အခါတိုင်း နားရတဲ့
အိတ်​သွတ်​ ဌာန​တောင်
ဒီစက်​ရုံမှူးလက်​ထက်​မှာ
အလုပ်​ဆင်းခဲ့ကြရတယ်​။
ရပါတယ်​ အချိန်​ပို​ကြေးရမယ်​ ဆို​တော့လဲဆင်းခဲ့ကြတာ
ပေါ့။ဒါ​ပေမယ့်​ သင်္ကြန်​တွင်းဆင်းထားတဲ့
အချိန်​ပို​ကြေးက​တော့ရမယ်
မရဘူး​တော့ အ​သေအခြာ မသိ​ကြ​တော့ပါဘူး။ဟိုအရင်​ကဆိုရင်​ အလုပ်​ဆင်းပြီတာနဲ့ဌာနအ​ရောက်​ လိုက်​​ပေးတာပါ။သမ္မတကြီးကိုယ်​တိုင်​အများပြည်​သူရုံးပိတ်​ရက်​အဖြစ်​တရားဝင်​ သတ်​မှတ်​​ပေးထားတာပါ။
နင်းပြားဝန်​ထမ်း ​တွေက​​တော့ ဘယ်​​နေ့ရမလဲ
ဘယ်​​နေ့ရမလဲ နဲ့  ​မျှော်​တလင့်​လင့်​​ ​စောင့်​​နေကြတာပါ။ခု​တော့
တလ​တောင်​ပြည့်​​တော့မယ်
ရ မရ ဘာသံမှ​တောင်​မကြား​သေးပါဘူး။နင်းပြား ဝန်​ထမ်း အများစုရဲ့​  ​တောင်းဆိုမှု​ကြောင့်​ ဒီpost​လေး ​ရေးလိုက်​ရတာပါ။စက်​ရုံက
တာဝန်​ရှိသူ​တွေ အ​နေနဲ့
သင်္ကြန်​ အချိန်​ပို​ကြေး မ​ပေး​တော့ရင်​လဲ  မ​ပေး​တော့တဲ့အ​ကြောင်း
တရားဝင်​ထုတ်​ပြန်​​ပေးပါ။
ပေးမယ်​ဆိုလဲ ​မျှော်​ရကြိုးနပ်
အောင်​ မြန်​မြန်​​လေး ​ပေး​စေချင်​ပါတယ်
ဝန်​ထမ်းအားလုံးရဲ့ကိုယ်​စား
                        ပြားပြား
Wednesday, May 22, 2013
ကူညီကြပါ။
ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက်မှာတယ်..ပြီးတော့မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်... စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်... မှာပုံကကော်ဖီငါးခွက်၂ခွက်ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ.. ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်းကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့်ဆက်ကြည့်နေမိတယ်..သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်... ပြီးတော့ကော်ဖီနှစ်ခွက်ယူပြီးပြန်ထွက်သွားတယ်.. ကျွန်တော့်သူငယ်ချင်းကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့)ထားတဲ့ကော်ဖီတွေကဘာလုပ် တာလဲဆိုတော့...သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ကျွန်တော်လည်းဘာမှဆက် မမေးမိဘဲရောက်လာတဲ့ကော်ဖီကိုသောက်နေလိုက်တယ်... စိတ်ထဲမှာတော့ဘာပါလိမ့်ဆိုတာကိုစဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်.. နောက်တစ်ခါရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်ကငါတို့အတွက် ကျန်တဲ့လေးခွက်ကsuspended(ဆိုင်းငံ့)လို့ပြောပြီး ပိုက်ဆံရှင်းတယ်...ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ... ဒီsuspended(ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ??? အတွေးတွေများရင်ဆိုင်ရှေ့ကရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက်သွားတဲ့လူတွေကိုကြည့်နေမိတယ်... အဲ့ဒီအချိန်မှာပဲအ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက်ဆိုင်ထဲဝင်လာတယ်... မ၀ံ့မရဲနဲ့counterနားကပ်သွားပြီးSuspended Coffee(ဆိုင်းငံ့)ကော်ဖီလေးများရှိသလားဗျာ..တဲ့... ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတယ်... ဆိုင်ရှင်ကပြုံးပြပြီးကော်ဖီတစ်ခွက်ပေးလိုက်တယ်... ဆိုင်လေးရဲ့ချောင်ကျကျတစ်နေရာမှာအဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့.... ကျွန်တော်အားလုံးကိုရှင်းသွားပါပြီ.. လူတွေကသူတို့စားသောက်ဖို့အပြင်နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffeeနဲ့စားစရာသောက် စရာတွေကိုSuspended(ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ... ဒီရိုးရာဓလေ့ဟာအီတလီနိုင်ငံ(Naples City)ကနေစခဲ့တာဖြစ်ပြီးတော့အခုတော့ နိုင်ငံတော်တော်များများကိုပြန့်နှံ့လို့နေပါပြီ.. တစ်ချို့နေရာတွေမှာဆိုရင်ကော်ဖီတင်မကပဲSandwich ဒါမှမဟုတ်စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ... ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်..သူတို့ရဲ့လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှုမေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကိုလှုပ်ခတ်စေလို့ကျွန်တော်ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်.. ကျွန်တော်တို့ဗုဒ္ဒဘာသာမြန်မာနိုင်ငံမှာလဲဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်ေ တွးမိတယ်... ညှိုးနွမ်းနေတဲ့မျက်နှာတွေနဲ့ကလေးငယ်တွေ.. သက်ကြီးရွယ်အိုတွေညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ လမ်းဘေးမှာအော်ဟစ်ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီးငွေကြိုရှင်းထားတဲ့ထမင်း တစ်ထုတ်လောက်ရှိမလားဆိုပြီးတောင်းခံရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်... ပြောနေတာကြာတယ်..လက်ထဲမှာပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ထမင်းတစ်ထုတ်နဲ့အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ငွေကြိုရှင်းထားရင်းဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့သက်ကြီးရွယ်အိုတွေကိုကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ကုသိုလ်ယူတဲ့အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ... ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေတစ်ခြား မုန့်နဲ့စားသောက်စရာပိုင်ရှင်တွေကလည်းဒီကုသိုလ်ရတဲ့ ဓလေ့...အလေ့အထလေးမြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေများရှိခဲ့ရင်မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ဝန်ဆောင်မှုပေးနိုင်ကြပါစေလို့ကျွန်တော် တောင်းဆိုပါတယ်...
Tuesday, May 21, 2013
ပျောက်ဆုံးနေသောရွှေမြို့တော်
စာဖတ်သူတစ်ဦးကမှတ်ချက်ရေးခဲ့တာတစ်ခုရှိပါတယ်။သူရေးခဲ့တာကမြန်မာလူမျိုးတွေဟာ ကိုယ့်လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုကိုကိုယ့်လူမျိုးတွေကမှမထိန်းသိမ်းရင်ကမ္ဘာပေါ်မှာမြန်မာ့မြေပုံဆိုတာ ရှိတော့မှာမဟုတ်ဖူးလို့ဆိုပါတယ်။မိမိအမြင်ပြောရင်မြန်မာလူမျိုးများဟာရှေးရိုးအယူဝါဒအစွဲ အလမ်းကြီးကြသူများတာကိုတွေ့ရပါတယ်။အဲသည်လိုရှေးရိုးအယူဝါဒအစွဲအလမ်းကြီးကြတဲ့ အတွက်ကြောင့်လည်းကမ္ဘာပေါ်မှာခေတ်ကာလအလျှောက်တိုးတက်လာတဲ့အသိဥာဏ် ဗဟုသုတတွေနဲ့လိုက်လျှောညီထွေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေချင့်ချိန်ကြည့်မြင်ခြင်းမရှိကြဘဲ ရှေးရိုးအတိုင်းထုံးစံကိုမပယ်ဘဲတစ်လျှောက်လုံးထိန်းသိမ်းလာကြရာမှာယနေ့ကမ္ဘာ့အလယ်မှာ ထင်ထင်ပေါ်ပေါ်ထိုးဖောက်နိုင်မှုတစ်စုံတစ်ခုမရှိဘဲ၊ကုတ်ကုတ်လေးဂျောင်လေးထဲမှာတစ်မျိုး တစ်ဘာသာအဖြစ်သီးခြားရှိနေပြီး၊မြန်မာနိုင်ငံဆိုတာယနေ့ကမ္ဘာ့မြေပုံမှာပျောက်နေပြီး ဖြစ်နေပါတော့တယ်။ဥပမာထိုင်းနိုင်ငံဆိုလျှင်သူတို့ရဲ့ရိုးရာယဉ်ကျေးမှုအစားအသောက်တွေကို ခေတ်ကာလနှင့်အညီ၊တိုးတက်လာတဲ့ဗဟုသုတ၊ကျမ်းမာရေးရှုထောင့်များကရှုမြင်ပြီး၊မူရင်း အရသာကိုလည်းမပျက်စေဘဲ၊ကျမ္မာရေးနဲ့အညီပြုပြင်ချက်ပြုတ်လာတဲ့အခါမှာယနေ့ဆိုလျှင် နိုင်ငံကြီးအတော်များများမှာထိုင်းအစားအစာဆိုတာအလွန်နာမည်ကြီးပြီး၊အသည်းအသန်ပင် လူကြိုက်များတဲ့အစားအသောက်တစ်ခုအဖြစ်ထိုးဖောက်လာနိုင်လို့ထိုင်းနိုင်ငံဆိုရင်မသိကြသူ မရှိပါဖူး။တစ်ချို့ကထိုင်းနိုင်ငံဟာမိန်းမပျက်များကြောင့်နာမည်ကြီးတာလို့ပြောကြပေမဲ့၊ မိန်းမပျက်ဆိုတာထိုင်းတနိုင်ငံတည်းမှာရှိတာမဟုတ်ပါဖူး။နိုင်ငံတကာမှာဖောဖောသီသီကို ရှိကြတာပါ။သို့သော်ထိုင်းလူမျိုးတစ်ယောက်အနေနဲ့ဒီအချက်တစ်ခုတည်းဟာသူတို့မှာပြည်ပ နိုင်ငံများအကြားပေါ်လွင်တာမျိုးမရှိသလိုမျက်နှာပျက်စရာမျိုးလည်းမဟုတ်ကြပါဖူး။မိမိတို့ မြန်မာနိုင်ငံမှာတော့ယနေ့ကမ္ဘာကိုထိုးဖောက်သိစေနိုင်တာဆိုလို့ “အောင်ဆန်းစုကြည်”ဆိုတဲ့နာမည် တစ်ခုသာမယ်မယ်ရရရှိပါတယ်။မိမိတို့ရဲ့ရိုးရာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊အလေ့အကျင့်များဟာ သိပ်ကိုဟောင်းနွမ်းခေတ်နောက်ကျနေတဲ့အတွက်မည်သည့်တိုင်းပြည်ကလူမျိုးများကမှ (ရှေးဟောင်းသုတေသနလုပ်ကြသူ၊ရှေးဟောင်းယဉ်ကျေးမှုကိုလေ့လာသူ၊စသည်တို့မှအပ) စိတ်ဝင်စားခြင်းအလျဉ်းမရှိပါဖူး။စိတ်ဝင်စားဖွယ်ကောင်းလောက်အောင်လည်းထိုးဖောက်နိုင်ခြင်း မရှိကြပါဖူး။ဤသို့သောအခြေအနေမျိုးဖြစ်နေသည့်တိုင်ကမ္ဘာကိုမြန်မာရယ်လို့မြင်သာစေနိုင်မဲ့ ခေတ်မှီတွေးခေါ်မျှော်မြင်ပြီးလုပ်ကြတဲ့သူတွေကိုလည်းမြန်မာ့ယဉ်ကျေးမှု၊ရိုးရာ၊ဓလေ့ထုံးစံတွေနဲ့ ချိန်ထိုးပြီးကဲ့ရဲ့ရှုတ်ချကြတာဖြင့်မြန်မာ့မြေပုံဟာကမ္ဘာမှာမပေါ်နိုင်အောင်ဖုန်းကွယ်ဖျောက်ဖျက် နေကြသလိုပါဘဲ။ယနေ့မြန်မာ့မြေပုံဟာကမ္ဘာမှာဘယ်လောက်ပေါ်လွင်လည်းသိရအောင်မိမိရဲ့ အတွေ့အကြုံအနည်းငယ်ကိုတင်ပြချင်ပါတယ်။မိမိဟာယခုသြစတေးလျမှာနေထိုင်စဉ်တစ်ခါတရံ ညဖက်မှာဆေးလိပ်ကုန်သွားတဲ့အခါလမ်းထိပ်ကညနက်အထိဆေးလိပ်ရောင်းတဲ့ဆိုင်ကို ဆေးလိပ်သွားဝယ်တတ်ပါတယ်။တရက်မှာအဲဒီဆိုင်ကမိမိနားမလည်တဲ့စကားတွေပြောပါတယ်။ မိမိကသူပြောတာနားမလည်ဖူးဆိုတော့သူကနောက်တမျိုးပြောပြန်ပါတယ်။အဲဒါလဲ နားမလည်ဖူးဆိုတော့သူကပထမပြောတာဖိလစ်ပိုင်လို၊ဒုတိယဗီယက်နမ်လိုပြောတာလို့ပြောပြီး မိမိကိုဘာလူမျိုးလဲမေးပါတယ်။မိမိကမြန်မာလူမျိုး “Burmese”လို့ဖြေပါတယ်။အဲဒီမှာသူက “Burmese”ဆိုတာကိုမသိတော့မိမိကအချို့မှာယနေ့အမည်ပြောင်းပြီးသည့်နာမည်ကိုဘဲ သိကြသည့်အတွက် “Myanmar”လို့ပြောပြပါတယ်။ဒါကိုလည်းသူကမသိသေးဘဲမြန်မာဆိုတာ ဘယ်နေရာနားကလဲလို့မေးပါတယ်။ဒါနဲ့မိမိလည်းထိုင်းနိုင်ငံနဲ့နယ်နိမိတ်၊အိန္ဒိယနဲ့နယ်နိမိတ်၊ တရုတ်နဲ့နယ်နိမိတ်ရှိတယ်လို့ရှင်းပြရပါတယ်။ဒါလဲသူကမသိသေးဘဲ၊ဒါဆိုမြန်မာလူမျိုးတွေက ဘာစကားပြောသလဲလို့မေးပြန်ပါတယ်။မြန်မာလူမျိုးကမြန်မာစကားပြောတာပေါ့လို့ပြောတော့ သူတော်တော်တွေဝေသွားပုံရပါတယ်။ကမ္ဘာပေါ်မှာမြန်မာစကားရှိတယ်ဆိုတာတောင်သူသိပုံမရပါဖူး။ ဒါတောင်သူဟာအာရှကစကားတွေကိုလေ့လာနေသူဖြစ်ပြီးဖိလစ်ပိုင်လို၊ဗီယက်နမ်လို၊ထိုင်းလို ပြောတတ်နေတဲ့သူတစ်ယောက်ပါ။ဆက်ပြီးသူကမြန်မာဆိုတာအခြားဘယ်နိုင်ငံရဲ့ပြည်နယ်လဲလို့ မေးပြန်ပါတယ်။ “ဘယ်နိုင်ငံရဲ့ပြည်နယ်မှမဟုတ်ပါဖူး၊ကိုယ့်နိုင်ငံနဲ့ကိုယ်ပါဗျာ”လို့ဖြေတော့၊သူက သေချာအောင်မြန်မာနိုင်ငံဆိုတာကိုယ်ပိုင်အလံရှိသလားလို့မေးပြန်ပါတယ်။ရှိတာပေါ့လို့ဖြေတော့ သူကသူ့ဆိုင်မှာကပ်ထားတဲ့နိုင်ငံပေါင်းစုံအလံပါတဲ့ပိုစတာမှာမြန်မာနိုင်ငံအလံကိုပြခိုင်းပါတယ်။ ဘယ်ကထုတ်တဲ့ပိုစတာလဲတော့မသိပါ၊မြန်မာနိုင်ငံအလံကိုအဲဒီပိုစတာမှာရှာမတွေ့ခဲ့ပါ။ နောက်ဆုံးတော့သူကလည်းဒေသန္တရဗဟုသုတရှာမှီးနေတဲ့လူ၊ဘာသာစကားများလည်း လေ့လာနေသူတစ်ဦးဖြစ်လို့သူမသိသေးတဲ့နိုင်ငံကိုသိပ်စိတ်ဝင်စားပြီး “ကဲဒါဖြင့်ရင်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အထင်ကရတစ်ခုပြောပြပါ”လို့ပြောတော့၊မိမိကသူသိစေမယ်ထင်တဲ့ အထင်ကရတွေကို (ရွှေတိဂုံဘုရား၊ပုဂံစေတီပုထိုး၊ရွှေချဉ်ထိုး၊ယွန်းထည်ပစ္စည်းစသည်များ) ပြောပြရာမှာတစ်ခုမှသူမသိတာကြောင့်ခဏလောက်စဉ်းစားရကြပ်သွားခဲ့ပါတယ်။နောက်ဆုံးတော့ သူ့ကို “အောင်ဆန်းစုကြည်”သိလားလို့မေးတော့မှ “ဟာသိတာပေါ့ဟိုးတလောကနိုဗယ်ဆုရပြီး အကျယ်ချုပ်ခံနေရတာ”ဆိုမှမိမိလည်းသက်ပြင်းချနိုင်ပြီး၊အဲဒါသူကမြန်မာပြည်ကလေလို့ ပြောပြနိုင်ပါတော့တယ်။မကြာသေးခင်ကလည်းဖီဂျီနိုင်ငံကမိသားစုတစ်ခုနဲ့တွေ့ရမှာလည်းမိမိဟာ မြန်မာပြည်ကလာကြောင်းပြောတဲ့အခါ၊ဘယ်ကမှန်းမသိကြလို့တွေဝေနေကြစဉ်မှာတစ်ယောက်က မြန်မာပြည်ဆိုတာကိုသူသိတယ်ဆိုပြီး၊တစ်ခြားလူတွေကိုမြန်မာပြည်ဆိုတာအိန္ဒိယရဲ့အရှေ့ဖက်က ပြည်နယ်လို့အခြားသူတွေကိုရှင်းပြနေတာကြောင့်မဟုတ်ကြောင်းအတော်ကိုပြန်ငြင်းခုံခဲ့ ရပါသေးတယ်။ဒီလိုဘဲ “သြော်မြန်မာပြည်ကလား၊မြန်မာနိုင်ငံဆိုတာသိတာပေါ့တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခု”ဆိုပြီးခပ်တည်တည်နဲ့ဖြီးတဲ့လူတွေလည်းတွေ့ဖူးပါတယ်။ပြောရရင်အရှေ့တောင် အာရှနိုင်ငံများမှအပ၊အခြားနိုင်ငံများကိုရောက်ဖူးခဲ့စဉ်များမှာလည်းမိမိကိုမြန်မာပြည်ကလာတယ် ဆိုရင်မြန်မာပြည်ဆိုတာကိုတိတိကျကျသိတဲ့လူ၁၀%ရာခိုင်နှုံးထက်ပိုများများမရှိပါဖူး။ဒါကြောင့် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ရှေးဟောင်းအယူအဆအတွေးအခေါ်ဓလေ့ထုံးတမ်းတွေကို တိုးတက်လာတဲ့ခေတ်ကာလဗဟုသုတအသိဥာဏ်များဖြင့်ပြုပြင်ပြောင်းလည်းစေခြင်းမရှိစေဘဲ၊ ရှေးရိုးအတိုင်းမြဲမြဲဆုပ်ကိုင်ပြီးမြန်မာ့မြေပုံကမ္ဘာပေါ်ကပျောက်သွားမှာစိုးရိမ်နေသူတွေအနေဖြင့်၊ မြန်မာ့မြေပုံဆိုတာကမ္ဘာပေါ်ကနေ့စဉ်လူ့အသိုင်းအဝိုင်းကြားမှာပျောက်နေပြီးဖြစ်နေတယ်ဆိုတာ သိသာအောင်ဖော်ပြလိုက်ရပါတယ်။ Aung.infoမှကူယူဖေါ်ပြပါသည်။
တာဝန်​ယူဖို့ ​မေ့​နေတယ်
စက်​ရုံမှုက ဖြစ်​သင့်​တာကိုမစဉ်းစားဘူးဖြစ်​ချင်​တာပဲ့သိတယ်​ စက်​အ​ကြောင်းဘာမှလဲမသိဘူး  မသိရင်​ သိ​အောင်​လုပ်​​ယောင်းဝါးဝါးမလုပ်​နဲ့
အမှန်​တကယ်​ စက်​ရုံမှုးက​ခေါင်း​ဆောင်​​လေ ဒါ​ပေမယ့်​ ​ခေါင်း​ရှောင်​ဖြစ်​​နေတယ်
အလုပ်​တခုလုပ်​​တော့မယ်​ဆို မင်း
တာဝန်​ယူနိုင်​ရင်​လုပ်​တဲ့ ဒါတာဝန်​မဲ့
တာပဲ အမှန်​တကယ်​ ​ပြောရမှာက
ငါတာဝန်​ယူတယ်​ မင်းတို့​သေချာလုပ်
ဆို လုပ်​တဲ့သူကအားကြိုးမာန်​တက်
လုပ်​မှာ​ပေါ့ အခုကကိုယ်​လုပ်​လိုက်
လို့စက်​​ကောင်းသွားရင်​ ဘယ်​သူမှ
အ​ကောင်းမ​ပြောဘူး ကိုယ်​လုပ်
လိုက်​လို့ မှားသွားရင်​ တာဝန်​ယူ
ဖြစ်​​နေတယ်​ ။ဘယ်​သူမှ စက်​ကို
ပျက်​​အောင်​မလုပ်​ဘူး​။စက်​ပျက်​ပြီး
ဆိုရင်​ အင်​ဂျင်​​နေယာ ​တွေပဲအပြစ်
မြင်​တယ်​။အမှန်​တကယ်​က ဒီဌာနကို
ဘယ်​သူတာဝန်​ယူလဲမ​တွေးဘူး
စက်​အ​ကြောင်းမသိပဲ အင်​ဂျင်​​​ ​​နေယာ​တွေ ပဲပျက်​သနာရှာနတယ်​ ။
တကယ်​တာဝန်​ရှိတဲ့ သူကျ​တော့
အပြစ်​မြင်​ဖို့​မေ့​နေတယ်​။
Monday, May 20, 2013
သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
သြကာသ၏ အဓိပ္ပါယ်သြကာသ သည် ကန်တော့ခွင့်ပြုဖို့ တောင်းပန်တာ။အပါယ်လေးပါး သည်ငရဲ၊ = ဆင်းရဲခြင်းကင်းတယ်။တိရစ္ဆာန်၊ = ကောင်းကင်ကိုကျောပေးသွားလာတတ်သော သတ္တ၀ါပြိတ္တာ၊ = အမြဲငတ်ပြတ်နေခြင်း။အသူရကာယ် = ရဲရင့်ခြင်းကင်းတယ်။ကပ်သုံးပါးဒုဗ္ခိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးခြင်းဘေး။သတ္ထန္တရကပ် = လက်နက်ဘေး။ရောဂန္တရကပ် = အနာရောဂါဘေး။ရပ်ပြစ်ရှစ်ပါး၁) ငရဲ၊၂) တိရစ္ဆာန်၊၃) ပြိတ္တာ၊၄) မိစ္ဆာဒိဋ္ဌိ၊၅) ပစ္စန္တရာဇ် (ရတနာသုံးပါးမရှိသော နေရာ)၆) နာမ်တရားသာရှိတဲ့ အရူပဗြဟ္မာဘုံ၊ ရုပ်တရားသာရှိတဲ့ အသညသတ် ဗြဟ္မာဘုံ(မဂ် ဖိုလ်မရသောဘုံ)၇) ဉာဏ်မရှိတဲ့ ဒွိဟိတ်ပုဂ္ဂိုလ်၈) ဉာဏ်ရှိသော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ ဖြစ်ရခြင်း။ဝိပတ္တိတရားလေးပါးကာလ ၀ိပတ္တိ = အခါကာလ၏ ဖောက်ပြန်ခြင်း၊(စစ်ဖြစ်ခြင်းမျိုး)ဂတိ ၀ိပတ္တိ = ဘုံဌာန၏ ဖောက်ပြန်ခြင်း။(အပါယ်ကျတာမျိုး)ဥပဓိ ၀ိပတ္တိ = ဥပဓိရုပ်၏ ဖောက်ပြန်ခြင်း။(အရုပ်ဆိုးတာမျိုး)ပယောဂ ၀ိပတ္တိ = လုပ်ဆောင်မှု၏ ဖောက်ပြန်ခြင်း။(မှားယွင်းလုပ်တာမျိုး)ဗျသနတရားငါးပါးဉာတ ဗျသန = ဆွေမျိုးသားချင်းများ ပျက်စီးခြင်းရောဂ ဗျသန = အနာရောဂါ ဖြစ်ခြင်းဘောဂ ဗျသန = ဥစ္စာစည်းစိမ် ပျက်စီးခြင်းသီလ ဗျသန = အကျင့်သီလပျက်စီးခြင်းဒိဋ္ဌိ ဗျသန = အယူမှန် ပျက်စီးခြင်း။(ကမ္မဿကတာ သမ္မာဒိဋ္ဌိ = ကံနှင့် ကံ၏အကျိုးအပေါ် အမြင်မှန်ခြင်း၊၀ိပဿနာ သမ္မာဒိဋ္ဌိ = ရုပ်နာမ်၏ မမြဲမှု စသည်အပေါ် အမြင်မှန်ခြင်း၊မဂ္ဂသမ္မာဒိဋ္ဌိ = ကိလေသာကိုသတ်သောမဂ်တရားအပေါ် အမြင်မှန်ခြင်း၊ဖလ သမ္မာဒိဋ္ဌိ = ကိလေသာကုန်ခန်း၍ ငြိမ်းအေးမှုကို ခံစားမှုအပေါ် အမြင်မှန်ခြင်း၊ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ = ရပြီးသော မဂ်ဖိုလ်၊ မရသေးသော မဂ်ဖိုလ်၊ ပယ်ပြီးသော ကိလေသာ၊ မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်မှုအပေါ် အမြင်မှန်ခြင်း။)အညွှန်း။ ။ အရှူံးမရှိသော ဒဿနစာအုပ်။
လောကမှ အခက်ဆုံး အရာ ၃ ခုရှိတယ်တဲ့  ..
အောက်​မှာရှိ​သော Timeline Photos
ကိုနှိပ်​ပါ
Timeline Photos
ဂေါ်မစွန်​ ကြီး​တွေ ​ဂေါ်မစွန်​​ပိစိ နင်​ပြား​တွေ အတွက်
အချစ် လက္ခဏာ (စံဇာဏီဘို).pdf
http://www.mediafire.com/?lc0pis1g1kd9u4s
လုလု - ဟင်းပွဲ​ပေါင်းချုပ်​ စာအုပ်​​လေးပါ
ကိုယ်​ချင်းစာလို့ပါ ဖတ်​ပြီးသွားရင်
ချက်​​ကျွေးရမယ်​​နော်
အောက်​မှာရှိ​သော Loading ကိုနှိပ်​ပါ
Loading…
ဟင်းမချက်​ တက်​တဲ့ နင်းပြားတို့အတွက်
မိသားစုနေ့စဉ်သုံး ဟင်းချက်နည်းအမျိုးမျိုး
အောက်​မှာ ရှိ​သော Loading ကို
နှိပ်​လိုက်​ပါ နင်းပြားအ​ပေါင်းတို့
Loading…
Sunday, May 19, 2013
ဆယ်​ပါးအကျိုး သူ​တော်​ကောင်း​တို့​ မျှော်​ကိုး
တန်​၄၀၀၀ဘိလပ်​​မြေစက်​ရုံနဲ့ ပတ်​သက်​ဆက်​နွယ်​​နေ
သော ကုမ္ပဏမီများ
ခင်​ဗျား ဝန်​ထမ်းများအား
စာနာ ငဲ့ညှာ ​ထောက်​ထား
နားလည်​၍  ​​အောက်​​ခြေဝန်​ထမ်း နင်းပြား
များအတွက်​ ​သောက်​​ရေကန်​​ဆောက်​ပြီး
ရေကုသိုလ်​ပြု​ပေးကြပါရန်
စက်​ရုံမှူးကြီး အား ​ရေကုသိုလ်​ပြုရန်​ တိုက်​တွန်းမိလျှင်​ ​ဒေဝဒတ်​အား နိဗ္ဗာန်​​ရောက်​​ကြောင်းတရား
ဟောသလိုဖြစ်​​နေ သဖြင့်
ဘိုးရာဇာ ကဲ့သို့​သော
သဒ္ဓွ တရားထက်​သန်​​သော
ကုမ္ပဏီများအား အားကိုးရခြင်း ဖြစ်​ပါတယ်​။
ရေ အကျိုးဆယ်​ပါး ရနိုင်
ကြပါ​စေ။
    ဝန်​ထမ်းအားလုံး ကိုယ်​စား
                    ပြားပြာီး
Plastic မှညီမ​လေးနှင့်​ ​ဆွေး​နွေးခြင်း(၂)
"မဟုတ်​မခံ ခွန်းတုန့်​ပြန်
မှန်​​သော်​လည်းရှုံး လူကြီးမုန်း၏"
တို့ဘိုးဘေးဘီ​ဘင်​ လက်​ထက်
တုန်းကတည်းကသာလူကြီးမုန်းမှာစိုး
ပြီး နယ်​ချဲ့​တွေရဲ့
မတရားသိမ်းပိုက်​မှုကို ခွန်းတုန့်​မပြန်
ပဲ ငြိမ်​ခံ​နေခဲ့မယ်​ ဆိုရင်​ မြန်​မာနိုင်​ငံ
လွတ်​လပ်​​ရေးဘယ်​ရ​တော့မလဲ။မဟုတ်​မခံတဲ့ လူ
တွေရဲ့ကြိုစားအားထုတ်​မှုရလဒ်​ကို
အခုမြန်​မာနိုင်​ငံသား အားလုံးခံစား
ရပြီ​လေ။လူကြီးမုန်းမှာ​ကြောက်​ပြီး
အမှန်​တရားကို မျက်​ကွယ်​ပြုထားရင်
လူသား​ပေါင်းများ စွာ အခုလူ​တွေ​ရော 
ဒုက္ခ​ရောက်​ရမယ်​ စိတ်​ဆင်းရဲရမယ် 
ညီမ​လေး​ပြောတဲ့​ စကား က
"ကိုယ်​ကျိုးအတွက်​ပဲ စဉ်းစားတဲ့ 
သူ​တွေအဖို့ပဲ မှန်​တယ်"
ညီမ​လေး ​ဆွေး​နွေးတဲ့အတွက်
ကျေးဇူးတင်​တယ်​ အပြန်​အလှန်
ဆွေး​နွေးမှပဲ အမြင်​အမျိုးမျိုးကို
သိရှိ ပြီး အ​တွေးအ​ခေါ်​တွေ
ဖလှယ်​ကြတာ​ပေါ့ 
tons4000voice@gmail.com ​ပေးပို့
ရင်​ဖွင့်​​ဆွေး​နွေးနိုင်​ပါတယ်​။     
plastic မှ ညီမ​လေးနှင့်ဆွေး​နွေးခြင်း (၁)
Plastic ကညီမငယ်​​လေး​ပြောဆို
ဆွေး​နွေးဘူးတယ်​။သူ​ပြောတာက
"အလုပ်​လုပ်​တယ်​ဆိုတာ အခွင့်​အ​ရေးကို
အလုပ်​လုပ်​ရင်းနဲ့ အခွင့်​ အ​ရေးရလာမယ်​"
ဒါကတရားမျှတမှု
ရှိတဲ့ လုပ်​ငန်းခွင်​မှာဆို အရမ်းမှန်​တယ်​။
 တို့အဖွဲ့​က အခွင့်
အ​ရေးကြီးကြီးမားမား လိုချင်​လို့
မဖြစ်​နိုင်​တာကို ​တောင်းဆိုဖို့မဟုတ်
ဘူး။ ရသင့်​ရထိုက်​တဲ့ ဝန်​ထမ်းအခွင့်​အ​ရေး
ကို ​တောင်းဆို​နေတာပါ။ညီမ​လေးကို
ဥပမာတခု​ပြောမယ်​ တို့စက်​ပြင်​ကာလ
မှာ မနက်​ ၈း၀၀ နာရီက​နေ ည ၁၀း၀၀
ထိအလုပ်​လုပ်​ရတယ်​။
နိုင်​ငံတကာမှာ သတ်​မှတ်​ထားတာက
 အလုပ်​လုပ်​ချိန်​ ကို ၈း၀၀
 သတ်​မှတ်​ထားတယ်​ ။အချိန်​ပိုခိုင်းချင်
ရင်​ အချိန်​ပို​ကြေး​ပေးရတယ်​ ဒါ​တောင်
ဝန်​ထမ်းက လုပ်​နိုင်​ဦးမှ ။တို့ဆီမှာက
အာဏာနဲ့ ခိုင်းတာ ဒါမျိုးလုပ်​လို့မရဘူး
လေ ​။အဖွဲ့ဝင်​တစ်​​ယောက်​​ရေးထားတာဖတ်​ဘူးတယ်
"ဝန်​ထမ်​ပဲဖြစ်​ပါရ​စေ"Postမှာ ရှာပြီးဖတ်​ကြည့်​ပါ ။ဒီလုပ်​ရပ်​ တွေဟာ
ဝန်​ထမ်းအခွင့်​အ​ရေးကို ချိုး​ဖောက်​တာ
ပဲ။ညီမ​လေး မှတ်​ထားရမှာက ကိုယ်
တို့အဖွဲ့က ဝန်​ထမ်း​တွေ ရသင့်​ရထိုက်​တာကို ​တောင်းဆိုတာပါ
မတရားအခွင့်​အ​ရေး​တောင်းဆို​နေတာ
မဟုတ်​ပါဘူး
လူ့အရိုင်းအစိုင်း လုပ်​ရပ်
လူ့အဖွဲ့အစည်း၏​ ပင်​ရင်းအဓိက​ကျောရိုးသည်​ တရားမျှ
တမှုဖြစ်​သည်​။မတရား ခိုင်း​စေခြင်း ၊ဖိနှိပ်​ချုပ်​ချယ်​ခြင်း ၊
အလုပ်​သမားအခွင့်​အ​ရေး ချိုး​ဖောက်​ခြင်းတို့သည်
လူ့အရိုင်းအစိုင်း(barbarian world) တို့၏လုပ်​ရပ်​သာဖြစ်​သည်​။
လူ့အဖွဲ့အစည်း ဒါမှမဟုတ်​ လုပ်​ငန်းခွင်​ တစ်​ရပ်​မှာ
တရားမျှတမှုတိမ်း​စောင်းသည်​နှင့်
ယင်း အဖွဲ့အစည်းလုပ်​ငန်းခွင်​သည်​ဖရိုဖရဲဖြစ်​ သည် ။
ဖရိုဖရဲမဖြစ်​​အောင်​ ဝန်​ထမ်းအားလုံးက တည့်​မတ်​​ပေးရန်​လိုသည်​​။
ဝန်​ထမ်းငယ်​​တွေကအမှန်​ကို ​ပြောပြရန်​လိုသလို
အုပ်​ချုပ်​သူအရာရှိများကလည်း ဝန်
ထမ်းငယ်​​တွေ​ပြော​သောစကားကို ငါ​ပြောတဲ့အတိုင်းလုပ်​ဟု
မ​ပြောပဲ ဂရု
တစိုက်​နား​ထောင်​သင့်​သည်​။
Saturday, May 18, 2013
တန်​၄၀၀၀မှ မှတ်​သားဖွယ်​ အဆိုအမိတ်
တန်​၄၀၀၀ စက်​ရုံကြီးမပျက်​စီး 
ရ​အောင် သံတိုသံစအစုတ်​​တွေ
ခိုး​နေတဲ့ ဝန်​ထမ်း​တွေကို ​ဖော်
ထုတ်​သင့်​တယ်
              ပုံ/တင်​ယု (WHRPGS)
              ph-095183354
လေးစား​လောက်​ပါတယ်​ဗျာ။ ကာတွန်း ပုံထဲမှာ
ထဲမှာ ဗိုလ်​ကြီးလိုပဲ ​လေးစား​လောက်​တဲ့ အဆို
အမိန့်​​တွေရှိတယ်​ ဖတ်​သွားဦး
Friday, May 17, 2013
တစ်​ချိန်​ကျရင်​ ငါတို့လည်း လူကြီးမင်းဖြစ်​နိုင်​တယ်
တန်​ဖိုးနည်းကျပ်​ ၁၅၀၀ တန်​GSM
ဖုန်းကတ်​များမကြာမှီချ​ပေး​တော့မည်
ဖြစ်​​ကြောင်း ဆက်​သွယ်​​ရေးနှင့်
သတင်းအချက်​အလက်​နည်းပညာ
ဝန်​ကြီးဌာန ဒုတိယဝန်​ကြီး ဦး​သောင်း
တင်​က ​ပြောကြားလိုက်​သည်​။
တစ်​လလျှင်​ကတ်​​ရေသုံးသိန်းခွဲကို
တိုင်းနှင့်​ပြည်​နယ်​အသီးသီး၌ ခွဲတမ်း
နှင့်​​ရောင်းချ​ပေးမည့်​ GSM ဖုန်းsim
ကတ်​များကို ဇူလိုင်​လ မှစတင်​ကာ
ချထား​ပေးမည်​ဖြစ်​​ကြောင်း ယင်း၏
ပြောကြားချက်​အရ သိရသည်​။
အခွင့်​ထူးခံလူတန်းစား လို့​ပြောရင်​ မနာပါနဲ့
"​ကြောင်​တစ်​​ကောင်​ကို အနက်​​ရောင်​ဖြစ်
ရမည်​၊သို့မဟုတ်​ အဖြူ​ရောင်​ဖြစ်​ရ မည်​ဟူ၍ ကျွန်​ပ်​တို့အစွဲမထား ၊ကြွက်
ကိုမိ​အောင်​ ဖမ်း​နေသမျှကာလပတ်​လုံး
ထို​ကြောင်​ကို​တော်​သည်​ဟုဆိုရမည်​"
                       တိန့်​​ရှောင်​ဖိန်း
(မျက်​​မှောက်​​ခေတ်​ တရုတ်​စီးပွား​ရေး
ပြုပြင်​​ပြောင်းလဲမှုကို လမ်းဖွင့်​​ပေးသူ)
ကျွန်​​တော်​တို့ စက်​ရုံနဲ့ အရမ်းကွာတယ်
စက်​ရုံမှာက အစွဲထားတယ်​ အရပ်
သားဝန်​ထမ်း​တွေဟာ မိုးထိ​အောင်
တော်​ပါ​စေ သူ့အတွက်​ ​ထိုက်​တန်
တဲ့​နေရာ မရှိဘူး စစ်​ဗိုလ်​(ငြိမ်း) ​တွေ
က ဘာမှ မတက်​ပဲနဲ့ ​​အလုပ်​​ရောက်
ထဲကိုက ​နေရာရပြီးသား(အခွင့်​ထူးခံ
လူတန်းစာ ​တွေပါ) ဘယ်​ကိစ္စတိုင်းမှာဖြစ်​ဖြစ်
အလုပ်​နဲ့ သင့်​​တော်​တဲ့ ထူးချွန်​ပြီး
ထက်​မြက်​ ​သောလူ​တွေကိုသာ ဦး​ဆောင်​​စေလိုတယ်
အဓိက​ပြောချင်​တာက​တော့ စက်​ရုံ
ကိုအရမ်းကြီးတိုးတက်​​စေချင်​ရင်
ဗိုလ်​ကြီး တင်​ယု ​ပြောသလိုသံတိုသံ
စ ​ရောင်းစား​နေတယ်​ဆိုတဲ့ ဝန်​ထမ်း
တွေ ကိုဖမ်းပြီး စက်​ရုံကြီးမပျက်​စီး
ရ​အောင်​လုပ်​ဆိုပြီး​တော့ က​လေး
အ​တွေးနဲ့​တော့မရဘူး
စက်​ရုံကြီးမပျက်​စီး​စေချင်​ရင်​ ကျွမ်းကျင်​တဲ့
ဝန်​ထမ်း​တွေကိုသာ
ထိုက်​တန်​တဲ့ ​နေရာ​ပေးသင့်​တယ် 
ပြီး​တော့ စက်​ရုံမှာရှိတဲ့ အကြီးအကျယ်
ခြစားမှု​တွေ ​ခေါင်းပုံဖြတ်​မှု ​တွေ ကို
ဖော်​ထုတ်​လိုက်​ ဒါဆိုရပြီး
နိုင်​ငံ​တော်​က အခုမှ ပွင့်​လင်းတာ
ဒို့က​တော့​မွေးရာပါ လို​ပြောတဲ့ ဗိုလ်
ကြီးအ​နေနဲ့ ဒါဟာဖြစ်​သင့်​လား
မဖြစ်​သင့်​ လားဆိုတာ ကိုယ့်​ကိုကိုယ်
ဗိုလ်​ကြီးဆိုတာ ခဏ​မေ့ထားပါ ပြီး​တော့
အမှန်​တရားကို သာ​ရှေ့ရှုပြီးစဉ်းစားကြည့်​ပါ။
စက်​ရုံကြီးသာတိုးတက်​​စေချင်​တဲ့
ဆန္ဒအမှန်​သာရှိရင်​ ဘာမှစဉ်းစား
မ​နေနဲ့ အဓိက နဲ့ သာမည သာခွဲခြား
တက်​​အောင်​ စဉ်းစား
ဘာလုပ်နေလဲ ချီတက်နေတယ် ဘာလိုချင်လဲ ဒီမိုကရေစီ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ ဒါကတော့ကျွန်တော်ငယ်ငယ်တုန်းကကြားဖူးခဲ့သော သံချပ်တချို့ပါ။။ ဘာလုပ်နေလဲ စာရင်းလိမ်နေတယ် ဘာလိုချင်လဲ money တွေပဲ ဘယ်သူ့အတွက်လဲ မယားကြီးအတွက်ပဲ ဒါကတော့ကျွန်တော် ကြီးမှ ကြုံတွေ့ခဲ့ဖူးသော ဖြစ်ရပ်တချို့ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်မလွှတ်ပါနှင့်။ ကျေးဇူးတင်ပါသည်။ု
တောင်းပန်ခြင်း
စာရှုသူ သူငယ်ချင်းများ ကျွန်ုပ်တို့အဖွဲ့
သည် မည်သူတဦးတယောက်ကိုမျှ နစ်နာ
စေလိုချင်းမရှိပါ။ postတွင်ပါသော ဗကသည်  အခြားသော နင်းပြားလေးများပေါ်၌  နိုင့်ထက်စီးနင်း
လုပ်သည်ဟု မကြားမိပါ သဖြင့်  postးအား
ဖျက်သိမ်းပေးပါသည်။postsများပေါ်၌
commondများကို  လူတိုင်း ကို့ သဘောထား  ကို့စိတ်ကြိုက် လွတ်လပ်စွာ
ပေါက်ကွဲ ရေးသားနိုင်ပါသည်။ကျွန်ုပ်တို့ဘက်မှ
တည်ငြိမ်စွာဖြင့်လက်ခံနိုင်အောင် ကြိုးစားပါမည်။လူတဦးတယောက်အား
တိုက်ခိုက်နေသည်ဟု  စာရှုသူ  ထင်မြင်
ယူဆသွားလျင်  တောင်းပန်ပါသည်။
ကျွန်ုပ်တို့အဖွဲ့သည်  အပျက်သဘောမရေးပါ  အပြုသဘောသာ
ရေးပါသည်။လူပုဂ္ဂိုလ် တဦးအား တိုက်ခိုက်သလိုရေး နေလျင်  ထိုသူသည်
နင်းပြားအားလုံး၏ ဘုံရန်သူ
နင်းပြားအားလုံး၏  အခွင့်အရေးကို
ချုပ်ကိုင်ထားသူသာ ဖြစ်ပါသည်။ထိုသူ
သည်ယခုထိ ပြုပြင်မှု  မရှိသေးသဖြင့်
postsများအား ဖျက်မပေးသေးချင်းသာ
ဖြစ်ပါသည် ။ ပြုပြင်သော  တနေ့  ဖျက်ပေးပါမည်။ ဤသည်ကိုတော့
သူငယ်ချင်းများ နားလည်လက်ခံ  လိမ့်မည်ဟု  ယူဆပါသည်။့
Wednesday, May 15, 2013
ဝန်​ထမ်းပဲ ဖြစ်​ပါရ​စေ
တန်​၄၀၀၀မှ ဝန်​ထမ်းဘဝ
၁။နေပူထဲမှာ​မြောင်း​ပေါက်​နိုင်​ရမယ်
၂။ကလင်​ကာ အမှုန့်​ ကျုံးနိုင်​ရမယ်
၃။အန္တရယ်​ကြားက​နေ အရဲစွန့်​ပြီး အကာအကွယ်​မရှိဘဲ(coating) ကုတ်​တင်​ထိုးနိုင်​ရမယ် (လွင့်​စင်​​နေတဲ့ ​ကျောက်​တုန်းပူ​တွေ
ကြောင့်​ မျက်​စိကမ်းနိုင်​တယ်​ အပူ
လောင်​ကြတယ်​ ​ကျောက်​တုန်းမှန်
လို့ ဖူး​ယောင်​ပူ​လောင်​နိုင်​တယ်​)
၎။ဘိလပ်​​မြေပူထဲက​နေ ​အလွန်​ပူတဲ့ သံဘော​စေ့ကို အရွယ်​အစားခွဲခြားပြီး​ရွေးနိုင်​ရမယ်
၅။ကလင်​ကာ၊ဘိလပ်​​မြေဂျိုးခွာဖို့
ဂန်းထိုးတက်​ရမယ်​ပြီး​တော့သယ်
နိုင်​ရမယ်
၆။စက်​ရပ်​လို့က​တော့ all days
(နံနက်​၈နာရီက​နေ ည၁၀ထိ)
လုပ်​နိုင်​ရမယ်​။(overtime ​ကြေးတို့
အလုပ်​သမားအခွင့်​အ​ရေးတို့ မ​တောင်း
လေနှင့်​ သင့်​ကို မလုပ်​နိုင်​ရင်​ထွက်
လို့ ​သေချာ​ပေါက်​​ပြောလိမ့်​မယ်​)
၇။မီးခံအုတ်​သယ်​ပြီး​လှေကား
အတက်​အဆင်းအကြိမ်​ကြိမ်​လုပ်​နိုင်
ရမယ်
၈။သင်​တို့ကို ​လေဘာ တစ်​​ယောက်
လိုဆက်​ဆံပြီး အလုပ်​လုပ်​ပြီးသွားရင်
ပိုက်​ဆံ၂၁၀၀ အတိရလိမ့်​မယ်​ ကံမ​ကောင်းရင်​​တော့ ၂၀၀၀​ပေါ့။
၉။သင်​ဟာ သင့်​ကိုယ်​သင်​ ဝန်​ထမ်း
လား ​လေဘာလား ကိုယ်​ကိုကိုယ်
ဝေးခွဲမရပဲ ဖြစ်​​နေတက်​တယ်​။
ဒီအလုပ်​အ​တော်​များများကို ဘယ်​သူ
တွေလုပ်​သင့်​တယ်​ သက်​ဆိုင်​သူ
အရာထမ်း​တွေထင်​သလဲ
ကိုယ်​ကျိုးအတွက်​ မစဉ်းစားပဲ
ဦး​နှောက်​​လေးနဲနဲသုံးပြီးစဉ်းစားကြည့်
ပါလာ
သေချာတာက​တော့ကိုယ်​ဝန်​ထမ်း​တွေကို
ဒီအချက်​အ​တော်​များများကို မခိုင်
သင့်​ဘူးလို့ ​တွေးမိလိမ့်​မယ်
အန္တရယ်​ ရှိတဲ့ ကုတ်​တင်​ထိုးတာ
မျိုးဆိုရင်​ အကာအကွယ်​ပစ္စည်းအပြည့်​အစုံ
ပေးဝတ်​သင့်​တယ် စဉ်းစားကြည်​​လေ
ကိုယ့်​ကိုအကာအကွယ်​မရှိဘဲ ​အ​ရှေ့
ကထိုးရမယ်​ဆိုထိုးနိုင်​မလား
အဓိက က​တော့ကိုယ်​ချင်းစာစိတ်
မွေး​ပေး​စေချင်​ပါတယ်
အလုပ်​တစ်​ခုခိုင်း​တော့မယ်​ဆိုရင်
ဒါဝန်​ထမ်း​တွေခိုင်းသင့်​တဲ့ အလုပ်​လား ​လေးဘာ​တွေကိုခိုင်း
သင့်​တဲ့ အလုပ်​လား နဲနဲ​လေး​တွေး​ပေးပါ
ကျွန်​​တော်​တို့ဝန်​ထမ်းဖြစ်​ချင်​လို့လာတာ
ပါ 
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ                    
                                tons4000cement
တန်​၄၀၀၀မှ ဘွဲ့ရနင်းပြားများဘဝ
ငယ်​ငယ်​တုန်းကဆိုရင်​ ငါဘွဲ့ရပြီး
ပညာတက်​ဖြစ်​ရင်​ လုပ်​ငန်းခွင်​မှာ ဂုဏ်​သိက္ခာရှိရှိ အဆင့်​အတန်းတစ်
ခုနဲ့ ဘဝကို ​အေး​အေချမ်းချမ်းနဲ့
ဖြတ်​သန်းရလိမ့်​မယ်​လို့ ဘွဲ့ရပညာတက်​ အားလုံးကထင်​ခဲ့
ကြမှာပဲ လက်​မ​ထောင်​​နေကြမှာပဲ
ဟုတ်​တယ်​ဟုတ်​အခုတန်​၄၀၀၀ ​ရောက်​မှဘွဲ့ရပညာတက်​ ​တွေရဲ့လက်​​တွေ့ဘဝကိုသိရ​တော့တယ်
ကာတွန်းထဲက လို​ပေါ့
                              tons4000cement
ပြားပြားတို့ အဖွဲ့ရဲ့ ပေါ်လစီ
ပြားပြားတို့ အဖွဲ့ရေး နေသော postများသည် အများအကျိုးရှိရန်
ရည်ရွယ်ပါသည် မည်သူတဦးတယောက်ကိုမျှနစ်နာစေလို
သောရည်ရွယ်ချက်မရှိပါ။ သို့သော်
အများအတွက် posionဖြစ်နေသော
ကိုချင်းစာတရားနည်းပါးသော  သားသမီး
ချင်း ကိုယ်ချင်းမစာတတ်သော  သူများသာ ဆင်ခြင်စေလိုပါသည် 
မဆင်ခြင်သော  သူမျိုးနစ်နာလျင် မတတ်နိုင်ပါ။ ရည်ရွယ်ချက်မှာ  မည်သူ
တဦးတယောက်မျှမနစ်နာစေလိုပါ။နင်းပြား
များ  ကိုယ့်အလုပ်ကိုလုပ်၍  အေးအေးချမ်းချမ်း  ပျော်ပျော်ရွှင်ရွှင် မြင်လိုပါသည်။အပျင်းပြေ ခေါ်ဆဲ ခံရခြင်းမှ
ကင်းဝေးကြပါစေ။စက်ရပ်တာနှင့် all  day
ခေါ်ခြင်းမှကင်းဝေးကြပါစေ။အလုပ်သမား
အခွင့်အရေးချိုးဖေါက်ခံရခြင်းမှ  ကင်းဝေးကြပါစေ။်
Tuesday, May 14, 2013
ရင်​ဖွင့်​လိုသူများသို့ အသိ​ပေး ​တောင်းပန်​ခြင်း
tons4000voice@gmail.com
tons4000voice@gmail.com
tons4000voice@gmail.com
ရင်​ဖွင့်​​ပြောကြားလိုပါက အထက်​ပါ
gmail တစ်​ခုထည်းကိုသာ လိပ်​မူ၍
ပေး​ပိုကြပါရန်​ အသိ​ပေးအ​ကြောင်း
ကြားအပ်​ပါသည်​ ။ ထို gmail သည်
အဖွဲ့ဝင်​တိုင်းတွင်​ရှိ၍ အဖွဲ့ပိုင်​gmailဖြစ်​​သော​ကြောင့်
ပိုအဆင်​​ပြေပါသည်​။ ယခင်​ gmail
များသို့​ပေးပို့​ထား​သော စာများကို
ထိုgmailပိုင်​ရှင်​အဖွဲ့ဝင်​တစ်​​ယောက်​သာ
သိရှိ​ပါ​သော​ကြောင့်​ ထိုgmail
ပိုင်​ရှင်​မှသူ့ Mail box ဖွင့်​ကြည်​မှသာ 
ရင်​ဖွင့်​သူတို့ ပေးပို့​သောစာများကိုသာ သိရှိရမည်
ဖြစ်​ပါသည်​။ရင်​ဖွင့်​လိုသူများအ​နေ
ဖြင့်​ ယခင်​gmailများ​ပေးပို့ထားပါက ယခု
gmail ထံသို့ပြန်​လည်​​ ပေးပို့​ပေးကြပါရန်
ထပ်​မံအသိ​ပေးအပ်​ပါသည်​။ ကျွန်​တို့ဘက်​မှ အားနည်း
မှု​ကြောင့်​ ရင်​ဖွင့်​သူညီအကို​မောင်​နှစ်​မ
များအ​နေဖြင့်​ ​ပေးပို့​သောစာများကို
မ​ဖော်​ပြ​ပေနိုင်​ခြင်းများရှိခဲ့ပါက ကျွန်
တော်​တို့၏ ညံ့ဖျင်းမှုသာဖြစ်​၍
ခွင့်​လွတ်​​ပေးကြပါရန်​ အနူးအညွန့်
တောင်းပန်​အပ်​ပါသည်​။
                 tons4000cement
Monday, May 13, 2013
ထမင်းဖိုး ဘာ့‌ကြောင့်‌တိုးချင်‌ရတာလဲ ‌ပြောပါ ဒုဗမက‌မောင်‌‌မောင်‌‌ဇော်‌
ို ယခု‌‌အောက်‌‌ခြေဝန်‌ထမ်း‌တွေ‌ပေး‌ချေရ‌သော ထမင်းဖိုးကို ‌မေလ(၁)ရက်‌‌နေ့
တွင်‌ တိုးမြှင့်‌မည်‌ဟု အုပ်‌ချုပ်‌‌ရေးမှ
ဒုဗမက ‌မောင်‌‌မောင်‌‌ဇော်‌ ကလက်‌မှတ်‌
‌ရေးထိုးခြင်း၍‌အတည်‌ပြုခြင်း အ‌ပေါ် ရင်‌ဖွင့်‌သံအချို့
၁။၅၀၀‌ပေးရရင်‌ သူတို့စားရသလို
စားရမှာလား အရာထမ်း‌တွေကို
ပို့‌ပေးတဲ့ ချိုင့်‌ထဲက ထမင်းဟင်း
ပုံစံစားရရင်‌၅၀၀မဟုတ်‌ဘူး
၆၀၀‌ပေးလိုက်‌မယ်‌
၂။ဝန်‌ထမ်း‌တွေဘယ်‌လိုစား‌နေရတယ်‌ဆိုတာ မသိဘူးလား ‌ကောင်း‌ကောင်း
စားရ‌အောင်‌လုပ်‌‌ပေးမယ်‌ မရှိဘူးသူ့
ကိုယ်‌ကျိုးအတွက် ပိုက်‌ဆံတိုး‌ကောက်‌ဖို့ပဲစဉ်းစား‌နေတယ်‌‌
၃။‌ဒေါ်တရုတ်‌မက၂၅၀ပဲရတာကွ
ကျန်‌တာဖြတ်‌စားထားတယ်‌
ဝန်‌ထမ်း‌တွေဆင်းဆင်းရဲရဲစား‌သောက်‌
‌နေရတာက‌နေရတဲ့ ပိုက်‌ဆံ‌တွေကို
သူမို့ စားရက်‌တယ်‌
၎။ငါတို့ဘယ်‌လိုစားရတယ်‌ဆိုတာ အရာရှိ‌တွေ လာကြည့်‌‌ရင်‌ သိပ်‌‌ကောင်းမယ်‌ကွာ
၅။သူ့ကိုပို့ရမယ့်‌ ထမင်းချိုင့်‌ထဲမှာ
ငါတို့‌တွေစား‌နေရတဲ့ထမင်းနဲ့လဲထည့်‌
ပြီးပို့လိုက်‌ရင်‌ ‌ခွေးစာမှတ်‌ပြီး သူမစားပဲ‌ခွေး‌ကျွေးမှာ ‌သေချာတယ် (‌ပြောလိုက်‌တာမှ ကိုယ်‌‌တွေပါ‌ခွေးဖြစ်‌တယ်‌)
‌၆။လစာတိုးမယ်‌ ကြားတာနဲ့ အခွင့်‌
အ‌ရေးကယူပြီးသား ဦး‌နှောက်‌ထဲ
မှာ ပိုက်‌ဆံဘယ်‌လိုယူရမလဲဆိုတာပဲ
စဉ်းစား‌နေတယ်‌ တရား‌သောပိုက်‌ဆံ
ရှာခြင်းလား မတရား‌သောပိုက်‌ဆံ
ရှာခြင်းလား မစဉ်းစားဘူး
၇။ဒီ‌လောက်‌‌တောင်‌ လက်‌‌အောက်‌
ငယ်‌သား‌တွေက‌နေ မတရား‌ခေါင်း
ပုံဖြတ်‌စား‌နေတဲ့ လူ‌တွေ ‌မေတ္တာ ပို့
‌ပေးလိုက်‌မယ်‌: ÷×~~±÷*&%$@!
                      အကြားအမြင်‌ ဆရာကြံ့
                      tons4000cement
The right news sent them into a panic.
A lot of thanks my friend
send by
winnaing.soe.948@gmail.com
linnhtut.aung.9@gmail.com
and etc......
တစ်‌ချက်‌က‌လေး ‌စောင်းငှဲ့ကြည်‌ဦး
အမှုထမ်း‌ဖြစ်‌တဲ့‌အောက်‌‌ခြေဝန်‌ထမ်းေ‌တွေ ဒီလိုစား‌သောက်‌‌နေရတာကို သက်‌ဆိုင်‌သူအရာထမ်း‌တွေက မသိတာလား ဒါမှမဟုတ်‌
ကိုယ်‌‌‌ကောင်း‌ကောင်းစားရရင်‌ ပြီး‌ရော
ဆိုပြီးမသိချင်‌‌ယောင်‌‌ဆောင်‌‌နေတာလား
‌အောက်‌‌ခြေဝန်‌ထမ်း‌တွေစားရတဲ့ ထမင်း
ကို တစ်‌‌ခေါက်‌တစ်‌ခါ‌လောက်‌ဖြစ်‌ဖြစ်‌ စားကြည့်‌ ဖို့ဖိတ်‌‌ခေါ် ပါသည်‌။
                  tons4000cement
မှတ်‌ချက်‌ ။       ။ဓာတ်‌ပုံထဲမှာပါတဲ့စတီးခွက်‌ထဲက အရည်‌ဟာလက်‌‌ဆေး‌ရေခွက်‌ မဟုတ်‌ဘဲ ဟင်းချိုခွက် ဖြစ်‌ပါသည်
           tons4000cement
‌          
Sunday, May 12, 2013
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ...
အလုပ်‌ကအပြန်‌ ပင်‌ပန်းရင်‌ပြုစုဖို့ မိန်းမ‌လေး‌ယောက်‌ ရှိတယ်
(တရားဝင်‌နှစ်‌‌ယောက်‌ တိတ်‌
တိတ်‌ပုန်းနှစ်‌‌ယောက်‌ ။ဒါ‌တောင်‌
Ktv ၊စိမ်းလဲ့တင်‌ ကအ‌မြှောင်‌‌လေး
‌တွေ မပါ‌သေးဘူး)
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ...
လက်‌ညှိုး ထိုးရာ‌ရေဖြစ်‌တယ်‌
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ...
ကိုယ်‌မ‌ကျေနပ်‌တဲ့သူကို အပြစ်‌ရှိရှိ
မရှိရှိ အမုန်းဆဲလွှတ်‌လို့ရတယ်
သူများ‌တွေကကံ‌ကောင်းလိုက်‌တာ...
အဲကွန်းခန်းထဲက‌နေ ခိုင်းရုံးပဲ(လုပ်‌ခိုင်းသင့်‌
တာကိုလုပ်‌ ခိုင်းတာမဆိုလိုပါ)
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ...
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ... ‌
သူများ‌တွေများကံ‌ကောင်းလိုက်‌တာ...
ဒို့မှာ‌တော့...............
                တန်‌‌လေး‌ထောင်‌ နင်ပြား
                tons4000cement‌
Saturday, May 11, 2013
1500တန်‌CDMA-ဖုန်းများပြည်‌ပသို့‌ခေါ်ဆိုနိုင်‌
MECTEL အမှတ်‌တံဆိပ်‌ပါတန်‌
ဖိုးနည်းCDMA-800MHz မိုဘိုင်း
ဖုန်းများမှာ သတ်‌မှတ်‌ထား‌သော
‌ရေဒီယိုစခန်းများ၏ နယ်‌နိမိတ်‌အတွင်း
မှ ပြည်‌တွင်းပြည်‌ပသို့ ဖုန်း‌ခေါ်ဆိုမှုများ
ပြုလုပ်‌နိုင်‌မည်‌ဖြစ်‌‌ကြောင်း မြန်‌မာ့ဆက်‌
သွယ်‌‌ရေးလုပ်‌ငန်းမှ အတင်းရရှိသည်‌။
ပြည်‌ပသို့‌ဖုန်း‌ခေါ် ဆိုလိုပါက MECTEL အမှတ်‌တံဆိပ်‌ပါ နိုင်‌ငံခြား
‌ငွေသုံး ကြိုတင်‌‌ငွေဖြည့်‌ကတ်‌ ($10.$20.$50)ကိုအသုံးပြု၍‌ခေါ် ဆိုနိုင်‌မည်‌ ဖြစ်‌သည်‌။
၎င်းအပြင်‌ အဆိုပါမိုဘိုင်းဖုန်းကတ
်‌‌ပျောက်ဆုံးပါက မြန်‌မာ့ဆက်‌သွယ်‌‌ရေး
လုပ်‌ငန်း ပြည်‌နယ်‌/တိုင်း‌ဒေသကြီး
မန်‌‌နေဂျာရုံးများတွင်‌ ‌ငွေကျပ်‌
နှစ်‌‌သောင်းဖြစ်‌ ပြန်‌လည်‌‌လျှောက်‌ထား
နိုင်‌ပြီး ကတ်‌ပျက်‌စီးပါက အဆိုပါရုံးများ
တွင်‌ အခမဲ့‌လျှောက်‌လွှာရယူနိုင်‌‌
ကြောင်းမြန်‌မာ့ဆက်‌သွယ်‌‌ရေးလုပ်‌ငန်း
မှသတင်းရရှိသည်‌။
                      tons4000cement
၁၅၀၀တန်‌CDMA-အင်‌တာနက်‌ ‌လျှောက်‌ထားလိုသူများသို့
အင်‌တာနက်‌အသုံး
ပြုသူများမှာ ယခင်‌ CDMA -800
ဖုန်းများကဲ့သို့ပင်‌ တစ်‌မိနစ်‌လျှင်‌ ‌လေးကျပ်‌‌ပေး‌ဆောင်‌ရမည်‌ဖြစ်‌သည်‌။
ယခုထွက်‌ရှိ‌သော တန်‌ဖိုးနည်းမိုဘိုင်း
ဖုန်းတွင်‌ အင်‌တာနက်‌အသုံးပြုလိုပါက
သက်‌ဆိုင်‌ရာပြည်‌နယ်‌/တိုင်း‌ဒေသကြီး
များရှိ မြန်‌မာ့ဆက်‌သွယ်‌‌ရေးလုပ်‌ငန်း
မန်‌‌နေဂျာများထံတွင်‌ အင်‌တာနက်‌
စနစ်‌ဆက်‌သွယ်‌မှုကနဦး တပ်‌ဆင်‌က
ကျပ်‌တစ်‌‌သောင်း‌ပေးသွင်း‌လျှောက်‌
ထားနိုင်‌‌ကြောင်း သိရှိရပါသည်‌။စာချုပ်‌
မိတ္တူနှင့်‌အတူ မှတ်‌ပုံတင်‌မိတ္တူ ကို
ပါတစ်‌ခါတည်းယူ ‌ဆောင်‌သွားပါ
                         tons4000cement
‌အောက်‌တွင်‌ဖုန်းအင်‌တာနက်‌ setting
ချိန်‌နည်းဓါတ်‌ပုံပါသည်‌။လိုအပ်‌ပါက
‌ဒေါင်းထားပါ
Friday, May 10, 2013
၃၄၅၆နံပါတ်‌အား၁၅၀၀ဖုန်းနှင့်‌သာ‌ခေါ်နိုင်‌
‌ကျပ်‌၁၅၀၀တန်‌မိုဘိုင်းဖုန်းများနှင့်‌
ပတ်‌သက်‌၍ ဆက်‌သွယ်‌‌မေးမြန်းနိင်‌
ရန်‌ ‌ဖော်‌ပြထားသည့်‌နံပါတ်‌ ၃၄၅၆
မှာ ၁၅၀၀တန်‌cdma မိုဘိုင်းဖုန်းဖြင့်‌
သာ‌ခေါ်ဆိုနိုင်‌မည်‌ဖြစ်‌သည်‌။တခြား
ဖုန်းဖြင့်‌ဆက်‌သွယ်‌ပါက‌ခေါ်၍မရ‌ပေ။
၃၄၅၆မှာ၁၅၀၀တန်‌CDMA ကို မိုဘိုင်းဖုန်း
များအတွက်‌ သီးသန့်‌နံပါတ်‌ဖြစ်‌‌ကြောင်းသိရှိရသည်‌
အဆို‌တော်‌သရုပ်‌‌ဆောင်‌ ရဲ‌လေး မင်္ဂလာ‌ဆောင်‌‌ ပြီး‌ပေမယ့်‌ နင်းပြားတို့ရှိ‌သေးတယ်‌
နာမည်‌‌ကျော်‌အဆို‌တော်‌ ရဲ‌လေးသည်‌
ချစ်‌သူသက်‌တန်းတစ်‌နှစ်‌ရှိပြီဖြစ်‌‌သော
ချစ်‌သူ‌အေးမြ‌အောင်‌ နှင့်‌ ဇွန်‌လ၁ရက်‌
တွင်‌ဆီဒိုးနား‌ဟိုတယ်‌တွင်‌မင်္ဂလာ‌ဆောင်‌မည်‌  ရဲ‌‌လေးနှင့်‌ ‌အေးမြ‌အောင်‌ တို့သည် ‌ဖေ‌ဖော်‌ဝါရီ ၂၆ ရက်‌‌နေက
တည်းက နှစ်‌ဖက်‌မိဘများ‌ရှေ့‌မှောက်‌
တွင်‌လက်‌ထပ်‌ခဲ့ပြီး ‌မေ၁၀ရက်‌‌နေ့ မဟာသာစည်‌သာသနာ့ရိပ်‌သာတွင်‌
မင်္ဂလာဆွမ်း‌ကျွေး၍ ဇွန်‌၁ရက်‌‌နေ့တွင်‌
မင်္ဂလာဧည်‌ခံပွဲ ပြုလုပ်‌သွားမည်‌ဖြစ်‌သည်‌ ရဲ‌လေး၏ဇနီးသည်‌ နိုင်‌ငံ‌တော်‌သမ္မတရုံး
မှ ငြိမ်းချမ်း‌ရေးလုပ်‌ငန်းများ‌ဆောင်‌ရွက်‌‌
‌နေ‌သော ဝန်‌ကြီးတစ်‌ဦး၏သမီး
ဖြစ်‌သည်‌။ ရဲ‌လေး၏ပထမဆုံး
တစ်‌ကိုယ်‌‌ဖျော်‌‌ဖြေပွဲမှ စသိကျွမ်းခဲ့ပြီး
၅နှစ်‌အကြာတွင်‌ချစ်‌သူဖြစ်‌ကာ လက်‌
ထပ်‌ခဲ့ခြင်းဖြစ်‌သည်‌ဟု ရဲ‌လေးက‌ပြော သည်‌ ။ရဲ‌လေး၏ဇနီးမ‌အေးမြ‌အောင
်‌သည်‌‌ကျောက်‌မျက်‌နှင့်‌အခြား‌သော
စီပွား‌ရေးလုပ်‌ကိုင်‌သူဖြစ်‌သည်‌။
တန်‌၄၀၀၀က ရဲ‌လေးချစ်‌တဲ့ မမတို့ညီမ‌လေးတို့ လွမ်း‌ပေ‌တော့
Cardit 7days
တာ့တာ သိပ်‌‌တော့မ‌ဆွေးနဲ့‌နော်‌ နင်းပြားတို့
ကျန်‌‌သေးတယ်‌ အမှန်‌အကန်‌လူပျို‌လေး‌တွေပါ
‌ကြော်‌ငြာဝင်‌တာပါ
             တန်‌‌လေး‌ထောင်‌ မီးသီးယားတုတ်‌ကြီး‌
ဌာနမှူး ဒုစက်ရုံမှူး နဲ့စက်ရုံမှူးကြီးတို့ မျှော်လင့်နေသောအချိန် (သို့မဟုတ်)အောက်ခြေဝန်ထမ်း နင်းပြားများ အတွက် ငရဲကျသော အချိန်
'15.6.2013မှာ အကြီးစား စက်ပြင်
ကာလ စမယ်တဲ့'   အဲဒီအသံလေး ကြားလိုက်ယုံနဲ့  မတူညီတဲ
ခံစားမှုများ
ဌာနမှူး
ဒုစက်ရုံမှူးများ။    '။ဟာဟ!  စက်ရုံမှူးကြီး
စက်ပြင်ကာလ ရောက်ပြန်တေ့မယ် မိန်းမ
ရေ   စက်ပြင်ကာလပြီးရင်  ဘာလိုချင်လဲ ဘာဖြစ်ချင်လဲ
ကြိုက်တာပြော ရစေရမယ်။
တောက်!!!စက်ကလည်း တနှစ်ကို တခါနှစ်ခါဘဲ ပြင်တယ် ဆယ်ခါလောက်ပြင်ပြီးရော'
အောက်ခြေဝန်ထမ်း။  ။ဟာ
နင်းပြားများ
ကွာ!...သွားပါပြီ  မနက်၈ နာရီ ကနေ  ည  ၁၀နာရီထိ
ဆင်းရဦးမယ်  နောက်ပြီနား
မရိန်းကျင့်ခံရဦးမယ် 'မိန်းမရေ  ငါ့အတွက် ဆေးကုဘို့  ဆေးဖိုးလေးတော့  ဆောင်ထားဟေ့   ဆင်းရတဲ့
အချိန်ကလည်း မနည်းဘူး
အားနည်းရင်  စားဘို့  အားဆေး လေးပါ ဆောင်ထားပေး'
သြော်...မင်းသားများ နဲ့ နင်းပြား များရဲ့  ခံစားချက်ချင်း  ကွာပါ့။
      ဟူး...ရင်မောတယ်
                 ငါလည်းနင်းပြားဘဲ
်
tons4000cement မှ ရဲရင့်‌ ‌သောနင်းပြား‌လေးများ၏ဓါတ်‌ပုံ
အသည်းအသန်‌လိုက်‌ရှာမ‌နေနဲ့
we are tons4000cement anonymous family group
  ‌အောက်‌ကဓါတ်‌ပုံကို‌သေ‌ ‌သေချာချာကြည့်‌ထား
 လမ်းမှာ‌တွေ့ရင်‌‌ခေါ်‌နော်‌ မာနမကြီးတက်‌ပါဘူး 
                      တန်‌၄၀၀၀ မီးသီးယားတုတ်‌ကြီး
Thursday, May 9, 2013
ကိုယ့်‌လုပ်‌ရပ်‌က ဝန်‌ခံလိမ့်‌မည်‌
*** အာဏာရှိပြီး
     အဂတိလိုက်‌စားသူ‌တွေဟာ
     သတင်းလက်‌နက်‌ကို
     သိပ်‌‌ကြောက်‌တယ်***
                  တန်‌‌လေး‌ထောင်‌မီးသီးယားတုတ်‌ကြီး‌
သိပ်‌‌ကြောက်‌‌နေပြီ‌သွေးရူး‌သွေးတမ်း
ဖြစ်‌‌နေပြီဆိုရင်‌ သင်‌ဟာ မဟုတ်‌တာ
လုပ်‌ထားတဲ့သူ အမှန်‌ဖြစ်‌တယ်
                  tons4000cement anonymous family group