Wednesday, May 15, 2013

ဝန်​ထမ်းပဲ ဖြစ်​ပါရ​စေ

တန်​၄၀၀၀မှ ဝန်​ထမ်းဘဝ
၁။နေပူထဲမှာ​မြောင်း​ပေါက်​နိုင်​ရမယ်
၂။ကလင်​ကာ အမှုန့်​ ကျုံးနိုင်​ရမယ်
၃။အန္တရယ်​ကြားက​နေ အရဲစွန့်​ပြီး အကာအကွယ်​မရှိဘဲ(coating) ကုတ်​တင်​ထိုးနိုင်​ရမယ် (လွင့်​စင်​​နေတဲ့ ​ကျောက်​တုန်းပူ​တွေ
ကြောင့်​ မျက်​စိကမ်းနိုင်​တယ်​ အပူ
လောင်​ကြတယ်​ ​ကျောက်​တုန်းမှန်
လို့ ဖူး​ယောင်​ပူ​လောင်​နိုင်​တယ်​)
၎။ဘိလပ်​​မြေပူထဲက​နေ ​အလွန်​ပူတဲ့ သံဘော​စေ့ကို အရွယ်​အစားခွဲခြားပြီး​ရွေးနိုင်​ရမယ်
၅။ကလင်​ကာ၊ဘိလပ်​​မြေဂျိုးခွာဖို့
ဂန်းထိုးတက်​ရမယ်​ပြီး​တော့သယ်
နိုင်​ရမယ်
၆။စက်​ရပ်​လို့က​တော့ all days
(နံနက်​၈နာရီက​နေ ည၁၀ထိ)
လုပ်​နိုင်​ရမယ်​။(overtime ​ကြေးတို့
အလုပ်​သမားအခွင့်​အ​ရေးတို့ မ​တောင်း
လေနှင့်​ သင့်​ကို မလုပ်​နိုင်​ရင်​ထွက်
လို့ ​သေချာ​ပေါက်​​ပြောလိမ့်​မယ်​)
၇။မီးခံအုတ်​သယ်​ပြီး​လှေကား
အတက်​အဆင်းအကြိမ်​ကြိမ်​လုပ်​နိုင်
ရမယ်
၈။သင်​တို့ကို ​လေဘာ တစ်​​ယောက်
လိုဆက်​ဆံပြီး အလုပ်​လုပ်​ပြီးသွားရင်
ပိုက်​ဆံ၂၁၀၀ အတိရလိမ့်​မယ်​ ကံမ​ကောင်းရင်​​တော့ ၂၀၀၀​ပေါ့။
၉။သင်​ဟာ သင့်​ကိုယ်​သင်​ ဝန်​ထမ်း
လား ​လေဘာလား ကိုယ်​ကိုကိုယ်
ဝေးခွဲမရပဲ ဖြစ်​​နေတက်​တယ်​။

ဒီအလုပ်​အ​တော်​များများကို ဘယ်​သူ
တွေလုပ်​သင့်​တယ်​ သက်​ဆိုင်​သူ
အရာထမ်း​တွေထင်​သလဲ
ကိုယ်​ကျိုးအတွက်​ မစဉ်းစားပဲ
ဦး​နှောက်​​လေးနဲနဲသုံးပြီးစဉ်းစားကြည့်
ပါလာ
သေချာတာက​တော့ကိုယ်​ဝန်​ထမ်း​တွေကို
ဒီအချက်​အ​တော်​များများကို မခိုင်
သင့်​ဘူးလို့ ​တွေးမိလိမ့်​မယ်
အန္တရယ်​ ရှိတဲ့ ကုတ်​တင်​ထိုးတာ
မျိုးဆိုရင်​ အကာအကွယ်​ပစ္စည်းအပြည့်​အစုံ
ပေးဝတ်​သင့်​တယ် စဉ်းစားကြည်​​လေ
ကိုယ့်​ကိုအကာအကွယ်​မရှိဘဲ ​အ​ရှေ့
ကထိုးရမယ်​ဆိုထိုးနိုင်​မလား
အဓိက က​တော့ကိုယ်​ချင်းစာစိတ်
မွေး​ပေး​စေချင်​ပါတယ်
အလုပ်​တစ်​ခုခိုင်း​တော့မယ်​ဆိုရင်
ဒါဝန်​ထမ်း​တွေခိုင်းသင့်​တဲ့ အလုပ်​လား ​လေးဘာ​တွေကိုခိုင်း
သင့်​တဲ့ အလုပ်​လား နဲနဲ​လေး​တွေး​ပေးပါ
ကျွန်​​တော်​တို့ဝန်​ထမ်းဖြစ်​ချင်​လို့လာတာ
ပါ 
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ
ဝန်​ထမ်းပဲဖြစ်​ပါရ​စေ                    

                                tons4000cement

No comments:

Post a Comment