Sunday, December 8, 2013
စက်ရုံမှူးကြီးသို့ အကြံပြုလွှာ(၁)
Thursday, November 28, 2013
စက်ရုံမှူးကြီးကို ကျေးဇူးတင်ပါတယ်
အခု အဆောင်တွေမှာ ရေသန့်ဘူးတွေ စက်ရုံမှူးကြီး စရောက်ထဲက တစ်ဆောင်ကိုနှစ်ဘူးနှုန်းနဲ့နှစ်ရက်တခါ
လဲပေးနေပါတယ် အထူးကျေးဇူးတင်ပါတယ်
အရင်ကဆို သောက်ရေအတွက် ဒုက္ခ
အရမ်း ရောက်ပါတယ်
အဆောင်သူအဆောင်သားများ ပေးပို့သည်
အမှန်တရားက နီးနီးလေးမှာပါ
စက်ရုံမှူးကြီး အရင်ဖြစ်စဉ်တုန်းမှာ တာဝန်ရှိတဲ့ အရာရှိက အသက်ကယ်ဝတ်စုံ ကိုပေးဝတ်ပါလျှက် ၀န်ထမ်းတွေ က မ၀တ်ချင်လို့ ပေါ့ဆလို့ ဖြစ်ရတာပါလို့ စက်ရုံမှူးကြီးကို ဘယ်သူကပြောပါသလဲ ဘာသက်သေရှိပါသလဲ စက်ရုံမှူးကိုအများကြီး
မျှော်လင့်ထားပါတယ် စကားကိုတဖက်တည်းနားမထောင်ပါနဲ့ ဖြစ်စဉ်ဆိုးတုန်းက ကြုံတွေ့ ခဲ့ရတဲ့ ၀န်ထမ်းများစွာရှိပါတယ် မေးကြည့်လိုက်စမ်းပါ အမှန်တရားကနီးနီးလေးမှာပါ
ဖြစ်ချင်တာက အရာရှိတွေနဲ့ဝန်ထမ်းတွေ စည်းစည်းလုံးလုံး လုပ်ကိုင်ချင်တာပါ
အမှန်ကိုမပြောရဲသောသူရဲ့စကားကို နားထောင်ပြီး လွယ်လွယ်ယုံတက်တဲ့ ကိုယ်ပိုင်မဆုံးဖြတ်တက်သော အသုံးမကျတဲ့သူ အဖြစ်မခံပါနဲ့
ပြီးတော့ကျွန်ပ်တို့ ၀န်ထမ်းတွေအနေနဲ့ အန္တရယ် ရှိတဲ့နေရာမှာ အလုပ်လုပ်မယ်ဆိုရင်
သတိလေးပိုထားပေးပါ စက်ရုံမှူးကြီး ပြောသလို
အခုအသက်ကယ်ဝတ်စုံ ရှိနေပြီဆိုတော့ ၀တ်ရမည့်နေရာဆို ၀တ်ကိုဝတ်သင့်ပါတယ် ပူတယ် ၊ လေးတယ် စသည့်ခံစားချက်တွေကြောင့် မ၀တ်ပဲမနေပါနဲ့ ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ
သူငယ်ချင်းတို့
Wednesday, November 27, 2013
ရင်ဖွင့်သံလေးပါ
ကျွန်တော်တို့တွေ အားလုံးမျှော်နေကြတဲ့ စက်ပြင်ကြေးတွေ မပေးတော့ဘူးတဲ့ တော်တော်မိုက်ရိုင်းတယ်ဗျာ သူတို့တွေခိုင်းတုန်းကတော့ သေအောင်ခိုင်းထားပြီးတော့ ခုကြတော့ ဘယ်သူ့ကို ဖအေခေါ်ရမယ်မသိဘူး Raw Mill ဌာနမှာ တပြားတောင်မရဘူး မင်းတီု့ကိုလစာပေးထားတာပဲတဲ့ တခြားဌာနတွေကတော့ အနည်းငယ်ဆီ၇ကြပါတယ်။ ဒါဆိုရင် ရတယ် စက်ပြင်ကြေးမပေးရင် ကျွတော်တို့ကိုခိုင်းတာ မနက်8း00 နာရီကနေ ည10း00နာရီအထိ ခိုင်းထားတာ (၈)လပိုင်း၁၉ ရက်နေ့ကနေ ၁၀ လပိုင်း၁၁ရက်နေ့အထိ အဲဒီအတွက် ကျွတော်တို့ အချိန်ပိုကြေးရ ရမယ်လေ အဲဒီအတွက်ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိဘူး ဦးဆောင်သူမရှိဘူး ဖြစ်နေပါတယ်
Tuesday, November 12, 2013
ငြိမ်နေတာကို လာလာမဆွနဲ့
MECဝန်ထမ်းအားလုံး သိထားသင့်တဲ့
Saturday, November 9, 2013
တစ်ခုချင်း ချေပပြောဆိုပါဆိုလို့
မပြောပြန်ရင်လည်း သူပြောတာမှန်တယ်ဆိုပြီးမာန်တက်နေတဲ့
Hlahla win မိန်းမအမည် နဲ့ ဂန်ဒူးရေ စက်ပြင်ကာလမှာပဲ စက်ပြင်ရတယ်လို့ မင်းပြောတယ် စက်လည်တဲ့အခါ အလုပ်လုပ်ရတယ် မလုပ်ရဘူးဆိုတာ ၀န်ထမ်းအားလုံးသိပါတယ် မင်းသေသေချာချာလေ့လာပါ
ပြင်ပလုပ်သားကို ဘာကြောင့်ခေါ်တာလဲ ဆိုတော့ ၀န်ထမ်းအင်အားနဲ့မနိုင်လို့ လိုအပ်လို့ခေါ်တာ အပိုတွေပြောမနေနဲ့
ဖြိုးလေးကိုဖြစ်တုန်းက ကျုပ်တို့နားလည်ပေးခဲ့ပါတယ် မတော်တဆ ဆိုတာဖြစ်နိုင်ပါတယ် ဒီနေရာမှာ စစ်ထောက်ချုပ်ပြောတာကို အမှတ်ရမိတယ် သူ ထိုင်းကဘိလပ်မြေစက်ရုံကို သွားလေ့လာတုန်းက စက်ရုံက သူ့ကို အစိမ်းရာင်ဆိုလား ပဲ ၀တ်စုံ ပေးဝတ်စေတယ် ဒီဝတ်စုံကို ၀တ်ထားတဲ့သူဟာ စက်ရုံကိုအခုမှရောက်ဖူးတာ အန္တရယ် ရှိတဲ့ နေရာကိုမသိနိုင်ဘူး ဒီတော့စက်ရုံက ၀န်ထမ်တွေက ပိုပြီးဂရုစိုက်ပေးရတယ် အန္တရယ် မဖြစ်အောင်ပေါ့ အခုမင်းတို့က စက်ရုံအကြောင်းဘာမှမသိတဲ့ အပြင်က၀န်ထမ်းတစ်ယောက်ကို အန္တရယ် ရှိတဲ့နေရာမှာ ခိုင်းမယ်ဆိုရင် မင်းတို့က အပူခံဝတ်စုံ စသည့်အကာအကွယ် ပစ္စည်း ထုတ်ပေးရမှာပေါ့ ဖြိုးလေးက ဘာမှသိတာမဟုတ်ဘူး ဒီနေရာကို သံချောင်း နဲ့ထိုးဆို သူကထိုးနေမှာပဲ သူကမှ အန္တရယ်ရှိမှန်းမသိတာ အခု ဖြိုးလေးကပဲ နိုင်လွန်သားဘောင်းဘီဝတ်ထားလို့ ဒီလို ဖြစ်ရတာဆိုပြီး ကိုယ့်အပြစ် လွတ်အောင် ဒဏ်ရာရတဲ့ သူများအပေါ်ပုံချချင်သေးတယ် လူစိတ်ကိုမရှိဘူး ဒါကမင်းဥာဏ်မှီအောင် ရှင်းပြပေးနေတာ ဆေးရုံမှာရိုက်ထားတဲ့ ဖြိုးလေးတို့ပုံတွေကို မင်းကြည်လိုက်ရင် ဆေးရုံသွားမသွားဆိုတာ ပြောစရာတောင်မလိုဘူး ၊စက်ရုံ ကအရာရှိတွေကလိုအပ်ချက် မရှိအောင်အောင်လုပ်ပေးတယ် ဟုတ်လား ဟာသပဲ ထမင်းတောင်မှ MD လာလို့ကောင်းကောင်းစားရတာ မင်းတို့ကမင်းတို့ ရာထူးအတွက်အမှန်တရားကို လက်စဖြောင့်ဖို့ကြိုးစားခဲ့တယ် ငါတို့က နစ်နာသူ သူငယ်ချင်းတွေအတွက် အမှန်တရားကို တစ်နိုင်ငံလုံးသိအောင် ဖော်ထုတ် ခဲ့တယ် အဲ့ဒီရလဒ်ကို အခုဒဏ်ရာရတဲ့သူတွေ ခံစားခွင့် ရခဲ့ပြီလေ ဗိုလ်ချုပ်ကြီ ဝေလွင် ကိုယ်တိုင် နွေးထွေးစွာ အားပေးတာကို ခံခဲ့ရတယ်လေ မင်းတို့က နောက်မှ ကြောက်ကြောက်လန့်လန့်နဲ့ တာဝန်ကြေရောက်လာတာပါ
ဒီpostလေးက အကူအညီမရခင်ကတည်းက ရေးထားတာပါ
မင်းတို့က ဖုံးဖိလို့မရတော့မှပေးတယ် ကျန်တဲ့သူတွေက
အဖြစ်မှန်ကိုသိတော့မှ အားလုံးကသနားကြပြီး ၀ိုင်းဝန်း ပံ့ပိုးပေးကြတာပါ ကွာပါတယ်
Hlahlawin ရေ ပြောစရာရှိရင်
မင်ကျန်စစ် နှလုံးသား(facebook ) မှာဆက်လက်ဆွေးနွေးကြတာပေါ့
ဒီတခါတော့ ခရီးသွားအုန်းမယ် ဆိုပြီး ထပ်ထွက်မပြေးနဲ့ တော့နော်
Hlahlawin (ခ) Kokyi kyaw (facebook) (ခ) hlahlawin83@gmail.com ပိုင်ရှင် ကျွန်တော့အထင် လှဝင်းအောင် ၏ စောက်ပေါဥပမာကြီး
***you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။***
မင်းရဲ့စောက်ပေါ ဥပမာကိုဖတ်ပြီ တော်တော်ရယ်ချင်သွားတယ် ဘာတွေလိုက်ရေးနေလဲ မသိဘူး မင်းရဲ့စောက်ပေါ ဥပမာအတွက် ငါ့အချိန်တွေပေးလိုက်ရတာ မတန်လိုက်တာကွာ
အခုဖြစ်စဉ်က ရေဆင်းချိုးနေတာနဲ့ မတူဘူး
မိချောင်းတွေ ရှိတဲ့ချောင်းထဲကို တွန်းချခံလိုက်ရတာ နဲ့တူတာ
ထားလိုက်ပါတော့
ချောင်းစပ်မှာ ငါရယ် ငါ့သားသမီးရယ် ရေသွားချိုးပြီးဆိုပါစို့ ငါသာဆိုရင် ပထမ ချောင်းရဲ့ အတိမ်အနက် ရေစီးနှုန်းကို ကြည့်မယ် ပြီးမှကူးသင့်/မသင့် ဆုံးဖြတ်မယ် ရေကနက်တယ် (သို့)ရေအရမ်းစီးနေတဲ့ အန္တရယ် ရှိတဲ့ အချိန်မှာ သားသမီးကို ရေပေးချိုးလို့ သားသမီးသေသွားတယ်ဆိုရင် ဒါငါ့အပြစ်ပဲ ချောင်းစပ်မှာ ရေချိုးတယ်ဆိုမှတော့ အန္တရယ်ကရှိပြီးသားပဲ အသက်ကယ် အင်္ကျီပေးဝတ်ထားမယ်ပြီးတော့ ငါဘာအလုပ်မှ လုပ်စရာမလိုဘူး ငါ့သားသမီးကို မျက်စိ အောက်ကပျောက်ခံမှာမဟုတ်ဘူး ဒါကအရေးကြီးဆုံး အလုပ်ပဲ ဘာဖြစ်လိုလဲဆိုတော့ ငါ့သားသမီးထက် အရေးကြီးတဲ့ အရာဘာမှမရှိဘူး
*လုပ်ငန်း ခွင်မှာ အန္တရယ် အနဲ နဲ့ အများ ရှိတာလက်ခံပါတယ် ဒါပေမယ့် ဖြစ်သင့်တဲ့ အန္တရယ် နဲ့ မဖြစ်သင့်တဲ့ အန္တရယ် ဆိုပြီးတော့ခွဲခြားတက်တဲ့ အသိဥာဏ်တော့ မင်းမှာရှိဖို့လိုလိပ်မယ် *
အခုဟာက တခါလဲမဟုတ်
နှစ်ခါလဲမဟုတ် သုံးခါတိတိဖြစ်ခဲ့တာ မင်းကိုငါမေးမယ် ပထမဖြစ်စဉ်တုန်းက ငါတို့ ဘာပြောခဲ့လို့လဲ ငါတို့နားလည်ပေးခဲ့ပါတယ်
မင်းတို့သာ မိဘစိတ်ရှိရင် ဒီလိုရင်နာစရာအဖြစ်တွေ ဖြစ်လာစရာအကြောင်းကိုမရှိဘူး
ကျေးဇူးပြုပြီးတော့ မိဘနဲ့သားသမီးလို့ယှဉ်ပြီး မနှိုင်းပါနဲ့ မိဘနေရာကမင်းနဲ့ လုံးဝမတန်ဘူး ရွံလိုက်တာကွာ
စစ်ထောက်ချုပ်ကြီးကိုလည်းအားနာပါတယ် မတင်တော့ဘူးလို့ဆုံးဖြတ်ထားပါတယ် ဒါပေမယ့် ဒီစောက်ရူးက မပြောရင် သူပြောတာမှန်တယ်ထင်ပြီး မာန်တက်နေလို့ပါ
Hlahlawin အနေနဲ့ ပြောစရာရှိရင် facebook မှာပြောကြရအောင် ခင်ဗျားသိပါတယ် ကျွန်တော့် account က
*မင်းကျန်စစ် နှလုံးသားပါ*
Friday, November 8, 2013
စစ်ထောက်ချုပ်ကြီးအား ယုံကြည်လိုက်မည်
သူငယ်ချင်းများ အားလုံး
မင်္ဂလာပါ။
စစ်ထောက်ချုပ်ကြီးမှ အစစ
အရာရာ အဆင်ပြေအောင်
ဆောင်ရွက်ပေးမည်ဟု ကတိပေးသွားသည့်အတွက်
သူငယ်ချင်းတို့ရဲ့ မကျေနပ်
မှု အနိုင်ကျင့်ခံရမှုများ ရှိပါက fb chat boxမှသော်
လည်းကောင်းEmailလိပ်စာ
pipipyapya@gmail.com
သို့လည်းကောင်း ရင်ဖွင့်နိုင်ပါသည်။friတို့ရဲ့ ရင်ဖွင့်ချက်များအား စစ်ထောက်ချုပ်ကြီးဆီသို့
Emailဖြင့်တိုင်ပေးပါမည်။
စစ်ထောက်ချုပ်မှ မဆောင်ရွက်ပေးလျှင် blog
နှင့်fbတွင်post အဖြစ်တင်
ပေးပါမည်။
မည်သူမျှ ရင်ဖွင့်သောသူ
တိုင်သောသူ မရှိလျှင် post
များတင်ခြင်းအား ရပ်နားထားပါမည်။
chat boxတွင် မလိုအပ်ဘဲ
"ငြိမ်လှချည့်လား" "ဘာမှမရေးဘူးလား"
"တခုခုတင်တော့လေ"
"မအိပ်ဘဲဘာလုပ်နေတာ
လည်း" စသည်စသည်ဖြင့်
အရေမရ အဖတ်မရ လာလာchat သောသူများ
အား နောင်အခါလာchat
လျှင် blockပါမည်။
အားလုံးကိုကျေးဇူးတင်ပါ
တယ်။
ဒို့ ဝန်ထမ်းတွေ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလား
Tuesday, November 5, 2013
အနည်းဆုံတော့ စက်ရုံမှူးကြီး ပြောင်းပေးပါ
ယခု ကျွန်ုပ်တို့ လေ့လာမိ
သရွေ့ကတော့ ထိခိုက်မိတဲ့
သူတွေအားလုံးဟာ လူကြီး
တွေရဲ့ ဂရုစိုက်မှု စောင့်ရှောက်မှုကို အတိုင်း
အတာတစ်ခုထိ ကျေနပ် ကြ
ပါတယ်။သေဆုံးသူ မိသားစု
နဲ့ ပြင်းထန်စွာ ဒဏ်ရာရသူ
အလုပ်သမားလေး တို့အား
ငွေကြေးအာ့းဖြင့် (အရေအ
တွက်တော့ အတိအကျ မသိပါ)အသီးသီး ထောက်ပံ့
ကြမှု အား ကြားရသဖြင့်
မုဒိတာ ပွားမိပါတယ်။အထူး
သဖြင့် အများဆုံး ထောက်ပံ့
ပေးတဲ့ ဘိုးရာဇာ ကုမ္ပဏီ
အား အားလုံးကိုယ်စား
အထူးပင် ကျေးဇူးတင်ပါ
တယ်။ကိုယ့် ပါတနာ ကုမ္ပဏီရဲ့ ဝန်ထမ်းများ
အပေါ်တောင် အစစ အရာ
ရာ ဒီလောက်ကောင်းရင်
ကိုယ့်ကုမ္ပဏီ ဝန်ထမ်းများ
အပေါ် ဘယ်လောက် ကောင်းမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ဘိုးရာ
ဇာကုမ္ပဏီ ဝန်ထမ်းတွေ အ
တွက် မိသားစုဆန်တဲ့ ကုမ္ပ
ဏီမှာ အလုပ်လုပ်ကြရလို့
ဂုဏ်ယူပါတယ်။နောက်ပြီး
ရုံးချုပ်က လူကြီးတွေက ဒဏ်ရာရတဲ့ ကလေးရဲ့ မိခင်
အား သင့်တော်တဲ့ အလုပ်
တနေရာ ပေးမယ်လို့ ပြော
သွားတယ်ဆိုလို့ အလုပ်မရှိ
အကိုင်မရှိ ဒုက္ခရောက်နေ
တဲ့ မိသားစု အတွက် အကောင်းဆုံး ထောက်ပံ့မှု
ဟု သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။အကြီးအကဲ တယောက်ဖြစ်ပြီး တာဝန်
ယူမှု စာနာထောက်ထား
မှု လူသားချင်းစာနာမှု
အောက်ခြေဝန်ထမ်းများအပေါ်
လူတယောက်လို လေးစား
မှု မရှိတဲ့ လက်ရှိ စက်ရုံမှူး
ကြီးအား manangement
ပိုင်းကျွမ်းကျင်ပြီး လူသား
ချင်းစာနာစိတ်ရှိတဲ့ အခြား
တယောက်နှင့် လဲလှယ်ပေး
နိုင်ပါရန် ဝန်ထမ်းများ
အားလုံး ထပ်တူ ဆန္ဒ ပြု လျက်။်
့
ကျွန်ုပ်တို့ အဖွဲ့ ဘဘာ့ကြောင့် ရှိနေ ရတာလည်း
သူငယ်ချင်းများ အားလုံး
မင်္ဂလာပါ ကျွန်ုပ်တို့ အဖွဲ့
အကြောင်းနည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်ုပ်တို့
အဖွဲ့ဟာ media မဟုတ်သလို လူကြီးတွေ
လုပ်တဲ့ အလုပ်တိုင်း ကန့်လန့်တိုက်နေတဲ့ သူတွေ
လည်းမဟုတ်ပါဘူး။ကျွန်ုပ်တို့ဖြစ်စေချင်တာက အုပ်ချုပ်
မှု manangementတာဝန်
ယူထားတဲ့ သူတွေ အနေနဲ့
အောက်ခြေ ဝန်ထမ်းတွေ အ
ပေါ် ခေါ်ရင်လာ ခိုင်းရင်လုပ်
ခံမပြောနဲ့ ပေးတာယူ ကျွေးတာစား ဟူ၍ မဆက်ဆံဘဲ လူသားချင်း
သားသမီးချင်းစာနာစွာဖြင့်
ခံစားချက်များအား နားထောင်ပေးချင်း လိုအပ်
ချက်များအား တတ်နိုင်သ၍
ဖြည့်ဆည်းပေးချင်းများ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးခြင်းများဖြင့်  ဝန်ထမ်းများအား နွေးထွေး
စွာဆက်ဆံစေချင်ပါတယ်။
ဒီလိုဆိုရင် ကျွန်ုပ်တို့လည်း
အလုပ်မရှုပ်သလို အုပ်ချုပ်သူ လူကြီးများ အနေ နဲ့လည်း သိက္ခာ ကျစ
ရာအလုပ်ရှုပ်စရာ မရှိတော့
ပါဘူး။ ခု ကျွန်ုပ်တို့ လုပ်နေရ
တာကတော့ အောက်ခြေ ဝန်ထမ်းများရဲ့ ခံစားချက်ကို
နားထောင်ပြီး ကိုယ်ချင်းစာ
ဖြည့်ဆည်းပေးမယ့် လူကြီး
များမရှိလို့ အားလုံးရဲ့ ရင်ဖွင့်စရာ နေရာ အနေနဲ့ ကျွန်ုပ်တို့ရှိနေရခြင်းဖြစ်ပါ
တယ်။ ဝန်ထမ်းများ အပေါ်
ဆက်ဆံမှု မပြောင်းသ၍
ကျွန်ုပ်တို့ ရှိနေရ ဦးမှာပါ။
အောက်ခြေ ဝန်ထမ်းများ အ
ပေါ် ညှာတာ ထောက်ထား
ကိုယ်ချင်းစာ တရားဖြင့်
ဆက်ဆံတတ်တဲ့ အုပ်ချုပ်
သူများဖြင့် ပြောင်းလဲပေး
နိုင်ပါစေဟု ဆန္ဒ ပြုလျှက်။့
Wednesday, October 30, 2013
Facebook မှာ မဖတ်ရသေးသော သူငယ်ချင်းများအတွက်
ကျွန်တော်တို့ စက်ရှုံမှာ စက်ပြင်ကာလကို
တလခွဲလောက် မနက် ၇း၀၀ နာရီ မှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃မှာစက်ရုံ စတင်လည်ပတ်ခဲ့ပါတယ် ဒါပေမယ့် မီးသင်းဖို ဌာနSP မှာ
အေးနေတဲ့ အစာ(ကျောက်မှုန့် မြေမှုန့် )တွေက ပိတ်နေပါတယ်
မြင်အောင်ပြောရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေမှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်
အစာဟောင်းတွေရဲ့အထက်မှာ စက်ရုံ လည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၆၀၀ ကျော်ရှိတဲ့ အစာတွေရှိပါတယ်
ထိုပြဿနာကိုဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး
အန္တရယ်ကင်းအောင် စက်ကိုရပ်ပြီးပူနေတဲ့အစာတွေကိုအေးအောင်စောင့်ပြီး မှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့်ရပ်လိုက်ရင် ဆုံးရှူံး မှုတွေအတွက် ရုံးချုပ် ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံ မှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးကြီးသာထွန်းနေရာကစဉ်းစားရင် သူကစက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာကြောက်ပါတယ် ပြီးတော့စက်ရုံမှူးကြီးနေရာက စက်လည် ရင်သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၂၀ ခွဲတန်းရရှိပါတယ် ဒါကြောင့် အဓိကတာဝန်ရှိသူ ဌာနမှူးဖြစ်တဲ့ လ/ထစက်ရုံမှူးဗိုလ်ကြီးလှဝင်းအောင် အပါအ၀င် အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကို အရင်းခံပြီး အန္တရယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ် အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာအစာပိတ်နေတဲ့ နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့အစာတွေကို သံချောင်း(သို့)၀ါလုံး နဲ့ ထိုးချရမှာဖြစ်ပါတယ် ။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံချောင်းနဲ့ထိုးရပါတယ် တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ် ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်နှစ်ယောက်က ၀င်လုပ်ရပါတယ် အလှည်ကျပေါ့ဗျာ ဒီလိုနဲ့
(15.10.2013 )ရက်နေ့ နေ့လည်ပိုင်းမှာပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး ပန်းထွက်လာတဲ့အလွန်တရာ ပူလွန်းလှတဲ့ အစာ(ကျောက်မှုန့် မြေမှုန့်)ကြောင့် ကလေးလုပ်သားဖြစ်တဲ့ပြင်ပအလုပ်သမား ၁၄နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ် အနည်းငယ်သာပွင့်သွားတဲ့ အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်
ဒါကပထမအကြိမ်မှာပါ အန္တရယ် အလွန်ရှိမှန်းသိခဲရပြီးပါပြီး
လုံးဝအန္တရယ်ဖြစ်နိုင်မှန်းသိတယ်
ဒါပေမယ့် အလုပ်ကိုမရပ်ဘူး ၊ စက်ကို မရပ်ဘူး ပြီးတော့အကာအကွယ်ပစ္စည်းမပေးဘဲ ဆက်လုပ်ခိုင်းပါတယ် အဲဒီနေ့
ညပိုင်းကျတော့ ဝန်ထမ်း
လေးယောက်အပူလောင်ပြီး တစ်ယောက်ကတော့ပြင်းထန်စွာအပူထပ်လောင်ပါတယ် ဒါကဒုတိယအကြိမ် အဖြစ်အပျက်ပါ
အန္တရယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့အနေအထားဆိုတာ လုံးဝသေချာနေပါပြီ သို့ပေမယ့် အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီးလုပ်ခိုင်းပါတယ်
အဲဒီလိုနဲ့ လုပ်လာလိုက်တာ
17.10.2013ရက်နေ့ရောက်တော့ ပိတ်နေတဲ့
အပေါက် ဟာပွင့်ထွက်သွားပြီး
ဗုံးပေါက်ကွဲသွားသလိုပါဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုးပွင့်ထွက်လာတဲ့ အတွက်အလုပ်လုပ်နေတဲ့ ဝန်
ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှ
မမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ ပေါ့ မပြေးသာလိုက်တဲ့ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ်(
ကျောက်ဖား)တယောက်ကတော့ တရှိန်ထိုးပန်းထွက်လားတဲ့ ပြင်းထန်းလွန်းတဲ့အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေအလယ်မှာ အပူဒဏ်ကိုမချိမဆန့် ခံစားရနေပါပြီး တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့
အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ်ကိုတက် တွဲထား ပြီခိုနေရပါတယ် အောက်မှာက ကျောက်အမှုန့်  ပူတွေကရှိနေတဲ့အတွက် ခြေချလို့မရပါဘူး ဒီလိုနဲ့ ၁၀ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ
ကျနော့သူငယ်ချင်း ကျော်ဝင်းထဋ် ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်း က သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး ကျောက်မှုန့်ပူတွေထဲကသူ့ လုပ်ဖော်ကိုင်ဖက် ရဲ့အဖြစ်ကိုမကြည့်ရက်တဲ့ အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ် သို့ပေမယ့်
သုံလှမ်းလောက်သာလှမ်းနိင်ပြီး အပူဒဏ်ကိုမခံနိုင်တော့တဲ့ အတွက် လက်ရမ်း
သပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်
ကျော်ဝင်းထွဋ် နဲ့ အနီးဆုံးဖြစ်တဲ့ သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ် ကို ကမ်းပေးလိုက်ပါတယ် ကျော်ဝင်းထွဋ်းဟာ ကျောက်ပူမှုန်တွေက မျက်စိထဲပိတ်နေတဲ့အတွက် သူ့ကိုကမ်းပေးတဲ့ ၀ါလုံးလေးကို မမြင်နိုင်ပါဘူး သို့ပေမယ့် သူ့ခန္ဓာကိုယ်ကို တစ်စုံတခုက လာပြီးထိနေတယ်ဆိုတဲ့ ခံစားချက်အသိကြောင့် အပူဒဏ်ကလွတ်မြောက်ဖို့အတွက် နောက် ဆုံးရှိသမျှအားနဲ့ ၀ါလုံးကိုတချက်ကိုင်လိုက်နိုင်ပါတယ်
ခဏလေးအတွင်းမှာပဲ အနောက်ကိုလန်ကျသွားပါတယ်
သူက အဲ့ဒီနေရာ မှာပဲ အပူဒဏ်ကိုဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ် သူဟာကျောက်မှုန့် တွေပိလို့သေဆုံးရတာမဟုတ်ပါဘူး ပြင်းထန်တဲ့ အပူဒဏ်ကြောင့်သေဆုံးရတာပါ
ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးဖြစ်သူ မစုနှင့် တစ်နှစ်ကိုးလသားအရွယ်ရင်သွေးတဦးကျန်ခဲ့ပါတယ် ဒါကတတိယအကြိမ် အဖြစ်အပျက်ပါ
အခုမြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်
ကျနော့သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီးကျနော
တို့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(M.E.C) အမှတ်(၂)တန်၄၀၀၀ ဘိလပ်မြေစက်ရုံ ၊ မြိုင်ကလေး ၊ကရင်ပြည်နယ် က ဝန်ထမ်း
တွေဟာ အကာအကွယ်မဲ့နေတယ်လို့
ခံစားရတယ်။အထူးသဖြင့်
ဥပဒေရဲ့ အကာအကွယ်ပါ
လူတယောင်လုံး သေနေ
သာတောင်မှဘဲ လူသေမှု
အနေနဲ့ ဘယ်ရဲမှလာမစစ်
ဆေးဘူး။ကြက်ကလေး
ငှက်ကလေး သေ သွားသ
လိုဘဲ ဘာမှမထူးဘူး။
ကျနော်တို့အကူအညီမဲ့နေပါတယ် ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲကျနော်တို့မသိပါဘူး
ကျနောတို့ကို ကူညီပါ
ကျေးဇူးတင်ပါတယ်
ဖိနှိပ်ခံတန်၄၀၀၀မိသားစု
Tuesday, October 29, 2013
သူငယ်ချင်းများသို့ပန်ကြားလွှာ
်
ယခုအခါတွင် တန်၄၀၀၀စစ်
သည်နှင့် တန်၄၀၀၀အဓိပ
တိဟူ၍fb အကောင့်နှစ်ခု
ပေါ်နေပါသည်။ထိုအကောင့်
နှစ်ခုသည် တန်လေးထောင်
တမန်တော် နှင့်နင်းပြား fb
အကောင့်များနှင့်tons4000
cement.blog spot.com
အားဖန်တီးထားသော
ကျွန်ုပ်တို့အဖွဲ့ နှင့် လုံးဝ မ
သက်ဆိုင်ပါ။ယခုအချိန်ထိ
ထိုအကောင့်နှစ်ခုဟာ
မိတ်ဆွေလား ရန်သူလား
မခွဲခြား နိုင်သေးပါ။friends
တို့လည်း သတိထားကြပါ။
တန်လေးထောင်နင်းပြား
တွင်တင်သော အရေးကြီး
သည်ဟု ယူဆသောpost
များအားblogတွင်တင်ပါ
သည်။blogတွင် ဝင်ရောက်
ကြည်ရှုစစ်ဆေးခြင်းဖြင့်
ကျွန်ုပတို့ အကောင်များ
မဟုတ်ကြောင်းသိနိုင်ပါ
သည်။သတိထားကြရန် အားလုံးကို နှိုးဆော်အပ်ပါ
သည်။
Monday, October 28, 2013
ဝန်ထမ်းများနဲ့ လူအများ စောင့်ကြည့်နေသော ခုံရုံးအဖွဲ့များရဲ့ သမာဓိ
အမှုစစ်တွေ ကတော့
အဖွဲ့ အဖွဲ့ တွေ သုံးလေးဖွဲ့
ဘဲ ဒါပေမယ့် စစ်ဗိုလ်အဖွဲ့
တွေချည်း ဖြစ်နေတော့
နောက်ဆုံး အစ်ကိုကြီး ညီ
လေးနဲ့ဘဲ ဒီအတိုင်းပြီးသွား
မလား အမှန် အမှန်အတိုင်း
တာဝန်ရှိသူ အဆင့်ဆင့်ကို
အမှန်တကယ် အရေးယူမ
လား ဝန်ထမ်းများနဲ့ သတင်းmediaများက စောင့်
ကြည့်နေကြပါတယ်။
ဘယ်သူ့ကိုမှ အရေး မယူဘဲ
တာဝန်အရှိဆုံးသူတွေ ဖြစ်
တဲ့ စက်ရုံမှူးကြီး ဒုစက်ရုံမှူး
(ကုန်ထုတ်)နဲ့ဌာနမှူးတို့ကို
အရေးမယူဘဲ ပိုနေမြဲ ကျား
နေမြဲအတိုင်း ရှိနေမယ်ဆိုရင်
တော့ အမှုစစ်အဖွဲ့ ရဲ့ တာဝန်ကို မေးခွန်းထုတ်ကြပါလိမ့်မယ်။
ဝန်ထမ်းတွေကတော့ အပြောင်းအလဲ တခုကို လိုလားနေကြပါပြီ။အမှန်ကိုအမှန်အတိုင်း ဆုံးဖြတ် အရေးယူပေးပါ။သေကြေ ဒဏ်ရာရသူတွေကို အပြစ် ပုံ
မချစေချင်ပါ။အမှုစစ်အဖွဲ့ များကို ဒဏ်ရာရ ဝန်ထမ်း
များနဲ့ စက်ရုံဝန်ထမ်းများက
အားကိုးတကြီးနဲ့ စောင့်ကြည့်နေပါတယ် ခင်ဗျား။