Sunday, December 8, 2013
စက်ရုံမှူးကြီးသို့ အကြံပြုလွှာ(၁)
စက်ရုံမှူး ကြီးအား စေတနာ
ထား၍ အကြံပြုလိုပါတယ်။
ဒီစက်ရုံမှာ စက်ရုံမှူးကြီးဆို
တာ ဒီစက်ရုံမှာဧည့်သည်ပါ။
ဒုစက်ရုံမှူး မှ လက်ထောက်
အင်ဂျင်နီယာအထိ အရာရှိ
များဟာ အိမ်ရှင်မိသားစုလို
ဖြစ်နေပါပြီ။ဒါကြောင့် သူတို့ဟာ စည်းလုံးပါတယ်။
စက်ရုံမှူးကြီးသာ တယောက်တည်းသမားပါ။
ပြသ်သနာ တခုခုဖြစ်လို့ရှိရင်
သူတို့အချင်းချင်းကာကွယ်ပါတယ်။ နောက်ဆုံးစက်ရုံမှူး
ကြီးအပေါ်ဘဲ ပုံချလိုက်ပါတယ်။
စက်ရုံရဲ့ သမိုင်းအဆက်ဆက်ကို
လေ့လာကြည့်ပါ။ပြသ်သနာ
တခုခုဖြစ်လို့ ခုံရုံးအဖွဲ့များ
စစ်ဆေးရေးအဖွဲ့များ လာစစ်
လျှင် နောက်ဆုံး အရေးယူခံရတာက စက်ရုံမှူးကြီးတဦးသာ ပါ။
အခြားသူများကတော့ ပိုနေမြဲ ကျားနေမြဲပါဘဲ။
အဲဒါကြောင့်မို့ အရေးကြီး
သောလုပ်ငန်းစဉ်များကို
စက်ရုံအရာရှိများရဲ့ အကြံပြု
ချက်များနဲ့ရင် လွယ်လွယ်
မဆုံးဖြတ်ပါနဲ့ အောက်ခြေ
ဝန်ထမ်းများရဲ့ အသံကိုလည်းနားထောင်ပါ။
ခေါင်းအေးအေးထားပြီး ဆုံး
ဖြတ်ပါလို့ စေတနာ မေတ္တာ
ဖြင့်အကြံပြုလိုက်ရပါတယ်။
စက်ရုံမှူးကြီးလည်း
ဦးသန်းလွင် ကဲ့သို့ အောက်ခြေဝန်ထမ်းများ
ချစ်သော သတိရတမ်းတသော
ထာဝရ မမေ့သော စက်ရုံမှူး
ကြီးဖြစ်ပါစေလို့ဆုတောင်း
ပေးလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment