Thursday, November 28, 2013
စက်​ရုံမှူးကြီးကို ​ကျေးဇူးတင်​ပါတယ်
အခု အ​ဆောင်​​တွေမှာ ​ရေသန့်​ဘူး​တွေ စက်​ရုံမှူးကြီး စ​ရောက်​ထဲက တစ်​​ဆောင်​ကိုနှစ်​ဘူးနှုန်းနဲ့နှစ်​ရက်​တခါ
လဲ​ပေး​နေပါတယ်​ အထူးကျေး​ဇူးတင်​ပါတယ်
အရင်​ကဆို ​​သောက်​​ရေအတွက်​  ဒုက္ခ
အရမ်း ​ရောက်​ပါတယ်​ 
အ​ဆောင်​သူအ​ဆောင်​သားများ ​ပေးပို့သည်
အမှန်​တရားက နီးနီး​လေးမှာပါ
စက်​ရုံမှူးကြီး အရင်​ဖြစ်​စဉ်​တုန်းမှာ တာဝန်​ရှိတဲ့ အရာရှိက အသက်​ကယ်​၀တ်​စုံ ​ကိုပေးဝတ်​ပါလျှက်​ ၀န်​ထမ်း​တွေ က မ၀တ်​ချင်​လို့ ​ပေါ့ဆလို့ ဖြစ်​ရတာပါလို့ စက်​ရုံမှူးကြီးကို ဘယ်​သူက​ပြောပါသလဲ ဘာသက်​​သေရှိပါသလဲ စက်​ရုံမှူးကိုအများကြီး
မျှော်​လင့်​ထားပါတယ်​ စကားကိုတဖက်​တည်းနားမ​ထောင်​ပါနဲ့ ဖြစ်​စဉ်​ဆိုးတုန်းက ကြုံ​တွေ့ ခဲ့ရတဲ့ ၀န်​ထမ်းများစွာရှိပါတယ်​ ​မေးကြည့်​လိုက်​စမ်းပါ အမှန်​တရားကနီးနီး​လေးမှာပါ
ဖြစ်​ချင်​တာက အရာရှိ​တွေနဲ့ဝန်​ထမ်း​တွေ စည်းစည်းလုံးလုံး လုပ်​ကိုင်​ချင်​တာပါ
အမှန်​ကိုမ​ပြောရဲ​သောသူရဲ့စကားကို နား​ထောင်​ပြီး​ လွယ်​လွယ်​ယုံတက်​​တဲ့ ကိုယ်​ပိုင်​မဆုံးဖြတ်​တက်​​သော အသုံးမကျတဲ့သူ အဖြစ်​မခံပါနဲ့
ပြီး​တော့ကျွန်​ပ်​တို့ ၀န်​ထမ်း​တွေအ​နေနဲ့ အန္တရယ်​ ရှိတဲ့​နေရာမှာ အလုပ်​လုပ်​မယ်​ဆိုရင်
သတိ​လေးပိုထား​ပေးပါ စက်​ရုံမှူးကြီး ​ပြောသလို
အခုအသက်​ကယ်​၀တ်​စုံ ရှိ​နေပြီဆို​တော့ ၀တ်​ရမည့်​​နေရာဆို ၀တ်​ကိုဝတ်​သင့်​ပါတယ် ပူတယ်​ ​၊ ​လေးတယ်​ စသည့်​ခံစားချက်​​တွေ​ကြောင့်​ မ၀တ်​ပဲမ​နေပါနဲ့  ကြိုတင်​ကာကွယ်​ခြင်းကသာ အ​ကောင်းဆုံးပါ
သူငယ်​ချင်းတို့
Wednesday, November 27, 2013
ရင်​ဖွင့်​သံ​လေးပါ
ကျွန်တော်တို့တွေ အားလုံးမျှော်နေကြတဲ့ စက်ပြင်ကြေးတွေ မပေးတော့ဘူးတဲ့ တော်တော်မိုက်ရိုင်းတယ်ဗျာ သူတို့တွေခိုင်းတုန်းကတော့ သေအောင်ခိုင်းထားပြီးတော့ ခုကြတော့ ဘယ်သူ့ကို ဖအေခေါ်ရမယ်မသိဘူး Raw Mill ဌာနမှာ တပြားတောင်မရဘူး မင်းတီု့ကိုလစာပေးထားတာပဲတဲ့ တခြားဌာနတွေကတော့ အနည်းငယ်ဆီ၇ကြပါတယ်။ ဒါဆိုရင် ရတယ် စက်ပြင်ကြေးမပေးရင် ကျွတော်တို့ကိုခိုင်းတာ မနက်8း00 နာရီကနေ ည10း00နာရီအထိ ခိုင်းထားတာ (၈)လပိုင်း၁၉ ရက်နေ့ကနေ ၁၀ လပိုင်း၁၁ရက်နေ့အထိ အဲဒီအတွက် ကျွတော်တို့ အချိန်ပိုကြေးရ ရမယ်လေ အဲဒီအတွက်ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိဘူး ဦးဆောင်သူမရှိဘူး ဖြစ်နေပါတယ်
Tuesday, November 12, 2013
ငြိမ်နေတာကို လာလာမဆွနဲ့
လှလှဝင်း ရေ ခု ကျုပ်တို့ အဖွဲ့ ငြိမ်နေ တာကို ခင်ဗျားကြောင့်လို့ မထင်နဲ့ စစ်ထောက်ချုပ်ကြီး ရဲ့ ယုံကြည်လောက်တဲ့ စကားလုံးတွေ နွေးထွေးတဲ့ အပြောတွေကြောင့် ကျုပ်တို့ အဖွဲ့ စစ်ထောက်ချုပ်ကြီးရဲ့ အရေးယူဆောင်ရွက်မှုတွေကို စောင့်ကြည့်နေတာ။ ကျုပ်တို့ အဖွဲ့ငြိမ်နေတာကို အခွင့်ကောင်းယူပြီးလာလာမဆွနဲ့။ခင်ဗျားကို ဗကလှဝင်းအောင်လို့ adminအများစုက ထင်နေတာ ဒါကြောင့် ခင်ဗျားလှုပ်လေ ဗကလှဝင်းအောင် မြုပ်လေဘဲ အဲဒါတော့ သတိ ထား။ အင်း ဒီလ ကုန်လို့ မှ ပြုတ်သင့်တဲ့ သူတွေ မပြုတ်ဖူးဆိုရင် စိတ်ချ ခင်ဗျားတင်စေချင်တဲ့ postတွေ တင်ပေးမယ်။ ခုတော့ စောင့်ကြည့်နေတယ် လာမဆွနဲ့ ဒါဘဲ ပြောမယ်။
MECဝန်ထမ်းအားလုံး သိထားသင့်တဲ့
စစ်ထောက်ချုပ်ကြီးEmail mec13932@gmail.com
Saturday, November 9, 2013
တစ်​ခုချင်း​ ချေပ​ပြောဆိုပါဆိုလို့
မ​ပြောပြန်​ရင်​လည်း သူ​ပြောတာမှန်​တယ်​ဆိုပြီးမာန်​တက်​​နေတဲ့
Hlahla win မိန်းမအမည်​ နဲ့ ဂန်​ဒူး​ရေ စက်​ပြင်​ကာလမှာပဲ စက်​ပြင်​ရတယ်​လို့ ​မင်း​ပြောတယ်​ စက်​လည်​တဲ့အခါ အလုပ်​လုပ်​ရတယ်​ မလုပ်​ရဘူးဆိုတာ ၀န်​ထမ်းအားလုံးသိပါတယ်​ မင်း​သေ​သေချာချာ​လေ့လာပါ
ပြင်​ပလုပ်​သားကို ဘာ​ကြောင့်​​ခေါ်တာလဲ ဆို​တော့ ၀န်​ထမ်းအင်​အားနဲ့မနိုင်​လို့ လိုအပ်​လို့​ခေါ်တာ အပို​တွေ​ပြောမ​နေနဲ့
ဒီpost​လေးက အကူအညီမရခင်​ကတည်းက ​ရေးထားတာပါ
မင်းတို့က ဖုံးဖိလို့မရ​တော့မှ​ပေးတယ်​ ကျန်​တဲ့သူ​တွေက
အဖြစ်​မှန်​ကိုသိ​တော့မှ အားလုံးကသနားကြပြီး ၀ိုင်းဝန်း ပံ့ပိုး​ပေးကြတာပါ ကွာပါတယ်
Hlahlawin ​ရေ ​ပြောစရာရှိရင်
မင်​ကျန်စစ်​ နှလုံးသား(facebook ) မှာဆက်​လက်​​ဆွေး​နွေးကြတာ​ပေါ့
ဒီတခါ​တော့ ခရီးသွားအုန်းမယ်​ ဆိုပြီး ထပ်​ထွက်​မ​ပြေး​နဲ့ ​တော့​နော်
Hlahlawin (ခ) Kokyi kyaw (facebook) (ခ) hlahlawin83@gmail.com ပိုင်​ရှင်​ ကျွန်​​တော့အထင်​ လှဝင်း​အောင်​ ၏ ​စောက်​​ပေါဥပမာကြီး
***you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။***
မင်းရဲ့​စောက်​​ပေါ ဥပမာကိုဖတ်​ပြီ ​တော်​​တော်​ရယ်​ချင်​သွားတယ်​ ဘာ​တွေလိုက်​​ရေး​နေလဲ မသိဘူး မင်းရဲ့​စောက်​​ပေါ ဥပမာအတွက်​ ငါ့အချိန်​​တွေ​ပေးလိုက်​ရတာ မတန်​လိုက်​တာကွာ
အခုဖြစ်​စဉ်​က ​ရေဆင်းချိုး​နေတာနဲ့ မတူဘူး
မိ​ချောင်း​တွေ  ရှိတဲ့​ချောင်းထဲကို တွန်းချခံလိုက်​ရတာ နဲ့တူတာ
ထားလိုက်​ပါ​တော့
ချောင်းစပ်​မှာ ငါရယ်​ ငါ့သားသမီးရယ်​ ​ရေသွားချိုးပြီးဆိုပါစို့ ငါသာဆိုရင်​ ပထမ ​ချောင်းရဲ့ အတိမ်​အနက်​ ​ရေစီးနှုန်းကို ကြည့်မယ်​ ပြီးမှကူးသင့်​/မသင့်​ ဆုံးဖြတ်​မယ်​ ​​ရေကနက်တယ် (သို့)ရေအရမ်းစီး​နေတဲ့ အန္တရယ် ရှိတဲ့ အချိန်​မှာ ​သားသမီးကို ရေ​ပေးချိုးလို့ သားသမီးသေသွားတယ်​ဆိုရင် ဒါငါ့အပြစ်​ပဲ ချောင်းစပ်မှာ ရေချိုးတယ်ဆိုမှတော့ အန္တရယ်ကရှိပြီးသားပဲ အသက်​ကယ်​ အင်္ကျီ​ပေးဝတ်​ထားမယ်​ပြီး​တော့ ငါဘာအလုပ်မှ လုပ်စရာမလိုဘူး ငါ့သားသမီးကို မျက်​စိ ​အောက်​က​ပျောက်​ခံမှာမဟုတ်​ဘူး ဒါကအ​ရေးကြီးဆုံး အလုပ်​ပဲ ဘာဖြစ်​လိုလဲဆို​တော့ ငါ့သားသမီးထက်​ အ​ရေးကြီးတဲ့ အရာဘာမှမရှိဘူး
*လုပ်​ငန်း ခွင်​မှာ အန္တရယ်​ အနဲ နဲ့ အများ ရှိတာလက်​ခံပါတယ်​ ဒါ​ပေမယ့်​ ဖြစ်​သင့်​တဲ့ အန္တရယ် နဲ့ မဖြစ်​သင့်​တဲ့ အန္တရယ် ဆိုပြီး​တော့ခွဲခြားတက်​တဲ့ အသိဥာဏ်​​တော့ မင်းမှာရှိဖို့လိုလိပ်​မယ်​ *
အခုဟာက တခါလဲမဟုတ်
နှစ်​ခါလဲမဟုတ်​ သုံးခါတိတိဖြစ်​ခဲ့တာ မင်းကိုငါ​မေးမယ်​ ပထမဖြစ်​စဉ်​တုန်းက ငါတို့ ဘာ​ပြောခဲ့လို့လဲ ငါတို့နားလည်​​ပေးခဲ့ပါတယ်
မင်းတို့သာ မိဘစိတ်​ရှိရင်​ ဒီလိုရင်​နာစရာအဖြစ်​​တွေ ဖြစ်​လာစရာအ​ကြောင်းကိုမရှိဘူး
ကျေးဇူးပြုပြီး​တော့ မိဘနဲ့သားသမီးလို့ယှဉ်​ပြီး မနှိုင်းပါနဲ့ မိဘ​နေရာကမင်းနဲ့ လုံးဝမတန်​ဘူး ရွံလိုက်​တာကွာ
စစ်​​ထောက်​ချုပ်​ကြီးကိုလည်းအားနာပါတယ်​ မတင်​​တော့ဘူးလို့ဆုံးဖြတ်​ထားပါတယ်​ ဒါ​ပေမယ့်​ ဒီ​စောက်​ရူးက မ​ပြောရင်​ သူ​ပြောတာမှန်​တယ်​ထင်​ပြီး မာန်​တက်​​နေလို့ပါ
Hlahlawin အ​နေနဲ့ ​ပြောစရာရှိရင်​ facebook မှာ​ပြောကြရ​အောင်​ ခင်​ဗျားသိပါတယ်​ ကျွန်​​တော့် account က
*မင်းကျန်​စစ်​ နှလုံးသားပါ*
Friday, November 8, 2013
စစ်ထောက်ချုပ်ကြီးအား ယုံကြည်လိုက်မည်
သူငယ်ချင်းများ အားလုံး
မင်္ဂလာပါ။
စစ်ထောက်ချုပ်ကြီးမှ အစစ
အရာရာ အဆင်ပြေအောင်
ဆောင်ရွက်ပေးမည်ဟု ကတိပေးသွားသည့်အတွက်
သူငယ်ချင်းတို့ရဲ့  မကျေနပ်
မှု အနိုင်ကျင့်ခံရမှုများ ရှိပါက fb chat boxမှသော်
လည်းကောင်းEmailလိပ်စာ
pipipyapya@gmail.com
သို့လည်းကောင်း ရင်ဖွင့်နိုင်ပါသည်။friတို့ရဲ့ ရင်ဖွင့်ချက်များအား စစ်ထောက်ချုပ်ကြီးဆီသို့
Emailဖြင့်တိုင်ပေးပါမည်။
စစ်ထောက်ချုပ်မှ မဆောင်ရွက်ပေးလျှင် blog
နှင့်fbတွင်post အဖြစ်တင်
ပေးပါမည်။
မည်သူမျှ ရင်ဖွင့်သောသူ
တိုင်သောသူ မရှိလျှင် post
များတင်ခြင်းအား ရပ်နားထားပါမည်။
chat boxတွင် မလိုအပ်ဘဲ
"ငြိမ်လှချည့်လား" "ဘာမှမရေးဘူးလား"
"တခုခုတင်တော့လေ"
"မအိပ်ဘဲဘာလုပ်နေတာ
လည်း"  စသည်စသည်ဖြင့်
အရေမရ အဖတ်မရ လာလာchat သောသူများ
အား နောင်အခါလာchat
လျှင် blockပါမည်။
အားလုံးကိုကျေးဇူးတင်ပါ
တယ်။
ဒို့ ဝန်ထမ်းတွေ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလား
8.11.2013ရက်နေ့ ၁၂နာရီခွဲ ဝန်းကျင်မှ စပြီး MECဥက္ကဋ္ဌ စစ်ထောက်ချုပ် မှ ဝန်ထမ်းများအား ၁နာရီ ဝန်းကျင်အထိ မိန့်ခွန်း ပြောသွားပါတယ်။ စာပေဟောပြောပွဲ မှာ စာရေးဆရာက ပရိသတ်ကို ပြောသလို မိသားစုအတွင်း မှာ အိမ်ထောင်ဦးစီး မိဘက သားသမီးတွေကို ဆုံးမ သလို အောက်ခြေဝန်ထမ်း တွေရဲ့ခံစားချက် မျော်လင့်ချက်တွေကို နားလည်ပေးနိုင်တဲ့ မေတ္တာ စေတနာထားတတ်တဲ့ အထက် အရာရှိတယောက်လို သူဘာလုပ်လုပ် ကိုယ်ချင်းစာတရား ထားပြီး လုပ်တယ်ဆိုတာတွေကို ဒေါသမပါ ငါဘာကြီးဆိုတဲ့ မန်မာနမပါ အားလုံးကို လေးစားစွာ ပြောသွားတာ တိုင်စရာရှိ သူEmailကို တိုင်ပါလို့ ပြောသွားပါတယ်။ စစ်ထောက်ချုပ်ကြီး ပြောသွားတဲ့ စကားတွေကြားရတာ ကျွန်ုပ်တို့ အောက်ခြေ ဝန်ထမ်းတွေ မှာ နွေးထွေးမှု လုံခြုံမှု မျှော်လင့်ချက်ရှိလာ မှုစတဲ့ ခာံးချက်တွေ ခံစား ရပါတယ်။ အပြော ကောင်းသလို အလုပ်လေးနဲ့ သက်သေပြ လိမ့်မယ်လို့ ယုံကြည် မျှော်လင့်လျက်ပါ။ စစ်ထောက်ချုပ်ကြီးအား အိမ်ထောင်ဦးစီး ဖခင် တယောက်လို ယုံကြည်လေးစား အားကိုး လျက် တန်(၄၀၀၀)မိသားစု။ု
Tuesday, November 5, 2013
အနည်းဆုံတော့ စက်ရုံမှူးကြီး ပြောင်းပေးပါ
ယခု ကျွန်ုပ်တို့  လေ့လာမိ
သရွေ့ကတော့ ထိခိုက်မိတဲ့
သူတွေအားလုံးဟာ လူကြီး
တွေရဲ့ ဂရုစိုက်မှု  စောင့်ရှောက်မှုကို အတိုင်း
အတာတစ်ခုထိ ကျေနပ် ကြ
ပါတယ်။သေဆုံးသူ မိသားစု
နဲ့  ပြင်းထန်စွာ ဒဏ်ရာရသူ
အလုပ်သမားလေး တို့အား
ငွေကြေးအာ့းဖြင့် (အရေအ
တွက်တော့ အတိအကျ မသိပါ)အသီးသီး ထောက်ပံ့
ကြမှု အား  ကြားရသဖြင့်
မုဒိတာ ပွားမိပါတယ်။အထူး
သဖြင့် အများဆုံး ထောက်ပံ့
ပေးတဲ့  ဘိုးရာဇာ ကုမ္ပဏီ
အား   အားလုံးကိုယ်စား
အထူးပင် ကျေးဇူးတင်ပါ
တယ်။ကိုယ့် ပါတနာ ကုမ္ပဏီရဲ့ ဝန်ထမ်းများ
အပေါ်တောင် အစစ အရာ
ရာ ဒီလောက်ကောင်းရင်
ကိုယ့်ကုမ္ပဏီ ဝန်ထမ်းများ
အပေါ် ဘယ်လောက် ကောင်းမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ဘိုးရာ
ဇာကုမ္ပဏီ ဝန်ထမ်းတွေ အ
တွက် မိသားစုဆန်တဲ့  ကုမ္ပ
ဏီမှာ အလုပ်လုပ်ကြရလို့
ဂုဏ်ယူပါတယ်။နောက်ပြီး
ရုံးချုပ်က လူကြီးတွေက ဒဏ်ရာရတဲ့ ကလေးရဲ့ မိခင်
အား သင့်တော်တဲ့ အလုပ်
တနေရာ ပေးမယ်လို့ ပြော
သွားတယ်ဆိုလို့  အလုပ်မရှိ
အကိုင်မရှိ ဒုက္ခရောက်နေ
တဲ့ မိသားစု အတွက် အကောင်းဆုံး ထောက်ပံ့မှု
ဟု  သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။အကြီးအကဲ တယောက်ဖြစ်ပြီး တာဝန်
ယူမှု  စာနာထောက်ထား
မှု  လူသားချင်းစာနာမှု 
အောက်ခြေဝန်ထမ်းများအပေါ်
လူတယောက်လို လေးစား
မှု မရှိတဲ့  လက်ရှိ စက်ရုံမှူး
ကြီးအား  manangement
ပိုင်းကျွမ်းကျင်ပြီး  လူသား
ချင်းစာနာစိတ်ရှိတဲ့    အခြား
တယောက်နှင့် လဲလှယ်ပေး
နိုင်ပါရန် ဝန်ထမ်းများ
အားလုံး ထပ်တူ ဆန္ဒ ပြု လျက်။်
ကျွန်ုပ်တို့ အဖွဲ့ ဘဘာ့ကြောင့် ရှိနေ ရတာလည်း
သူငယ်ချင်းများ အားလုံး
မင်္ဂလာပါ ကျွန်ုပ်တို့ အဖွဲ့
အကြောင်းနည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်ုပ်တို့
အဖွဲ့ဟာ media မဟုတ်သလို  လူကြီးတွေ
လုပ်တဲ့ အလုပ်တိုင်း ကန့်လန့်တိုက်နေတဲ့ သူတွေ
လည်းမဟုတ်ပါဘူး။ကျွန်ုပ်တို့ဖြစ်စေချင်တာက အုပ်ချုပ်
မှု manangementတာဝန်
ယူထားတဲ့ သူတွေ အနေနဲ့
အောက်ခြေ ဝန်ထမ်းတွေ အ
ပေါ် ခေါ်ရင်လာ ခိုင်းရင်လုပ်
ခံမပြောနဲ့  ပေးတာယူ  ကျွေးတာစား ဟူ၍ မဆက်ဆံဘဲ  လူသားချင်း
သားသမီးချင်းစာနာစွာဖြင့်
ခံစားချက်များအား နားထောင်ပေးချင်း လိုအပ်
ချက်များအား တတ်နိုင်သ၍
ဖြည့်ဆည်းပေးချင်းများ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးခြင်းများဖြင့်   ဝန်ထမ်းများအား နွေးထွေး
စွာဆက်ဆံစေချင်ပါတယ်။
ဒီလိုဆိုရင် ကျွန်ုပ်တို့လည်း
အလုပ်မရှုပ်သလို အုပ်ချုပ်သူ လူကြီးများ အနေ နဲ့လည်း သိက္ခာ ကျစ
ရာအလုပ်ရှုပ်စရာ မရှိတော့
ပါဘူး။ ခု ကျွန်ုပ်တို့ လုပ်နေရ
တာကတော့  အောက်ခြေ ဝန်ထမ်းများရဲ့  ခံစားချက်ကို
နားထောင်ပြီး ကိုယ်ချင်းစာ
ဖြည့်ဆည်းပေးမယ့်  လူကြီး
များမရှိလို့   အားလုံးရဲ့  ရင်ဖွင့်စရာ နေရာ အနေနဲ့   ကျွန်ုပ်တို့ရှိနေရခြင်းဖြစ်ပါ
တယ်။ ဝန်ထမ်းများ အပေါ်
ဆက်ဆံမှု မပြောင်းသ၍
ကျွန်ုပ်တို့ ရှိနေရ ဦးမှာပါ။
အောက်ခြေ ဝန်ထမ်းများ အ
ပေါ် ညှာတာ ထောက်ထား
ကိုယ်ချင်းစာ တရားဖြင့်
ဆက်ဆံတတ်တဲ့  အုပ်ချုပ်
သူများဖြင့်  ပြောင်းလဲပေး
နိုင်ပါစေဟု  ဆန္ဒ ပြုလျှက်။့