မပြောပြန်ရင်လည်း သူပြောတာမှန်တယ်ဆိုပြီးမာန်တက်နေတဲ့
Hlahla win မိန်းမအမည် နဲ့ ဂန်ဒူးရေ စက်ပြင်ကာလမှာပဲ စက်ပြင်ရတယ်လို့ မင်းပြောတယ် စက်လည်တဲ့အခါ အလုပ်လုပ်ရတယ် မလုပ်ရဘူးဆိုတာ ၀န်ထမ်းအားလုံးသိပါတယ် မင်းသေသေချာချာလေ့လာပါ
ပြင်ပလုပ်သားကို ဘာကြောင့်ခေါ်တာလဲ ဆိုတော့ ၀န်ထမ်းအင်အားနဲ့မနိုင်လို့ လိုအပ်လို့ခေါ်တာ အပိုတွေပြောမနေနဲ့
ဖြိုးလေးကိုဖြစ်တုန်းက ကျုပ်တို့နားလည်ပေးခဲ့ပါတယ် မတော်တဆ ဆိုတာဖြစ်နိုင်ပါတယ် ဒီနေရာမှာ စစ်ထောက်ချုပ်ပြောတာကို အမှတ်ရမိတယ် သူ ထိုင်းကဘိလပ်မြေစက်ရုံကို သွားလေ့လာတုန်းက စက်ရုံက သူ့ကို အစိမ်းရာင်ဆိုလား ပဲ ၀တ်စုံ ပေးဝတ်စေတယ် ဒီဝတ်စုံကို ၀တ်ထားတဲ့သူဟာ စက်ရုံကိုအခုမှရောက်ဖူးတာ အန္တရယ် ရှိတဲ့ နေရာကိုမသိနိုင်ဘူး ဒီတော့စက်ရုံက ၀န်ထမ်တွေက ပိုပြီးဂရုစိုက်ပေးရတယ် အန္တရယ် မဖြစ်အောင်ပေါ့ အခုမင်းတို့က စက်ရုံအကြောင်းဘာမှမသိတဲ့ အပြင်က၀န်ထမ်းတစ်ယောက်ကို အန္တရယ် ရှိတဲ့နေရာမှာ ခိုင်းမယ်ဆိုရင် မင်းတို့က အပူခံဝတ်စုံ စသည့်အကာအကွယ် ပစ္စည်း ထုတ်ပေးရမှာပေါ့ ဖြိုးလေးက ဘာမှသိတာမဟုတ်ဘူး ဒီနေရာကို သံချောင်း နဲ့ထိုးဆို သူကထိုးနေမှာပဲ သူကမှ အန္တရယ်ရှိမှန်းမသိတာ အခု ဖြိုးလေးကပဲ နိုင်လွန်သားဘောင်းဘီဝတ်ထားလို့ ဒီလို ဖြစ်ရတာဆိုပြီး ကိုယ့်အပြစ် လွတ်အောင် ဒဏ်ရာရတဲ့ သူများအပေါ်ပုံချချင်သေးတယ် လူစိတ်ကိုမရှိဘူး ဒါကမင်းဥာဏ်မှီအောင် ရှင်းပြပေးနေတာ ဆေးရုံမှာရိုက်ထားတဲ့ ဖြိုးလေးတို့ပုံတွေကို မင်းကြည်လိုက်ရင် ဆေးရုံသွားမသွားဆိုတာ ပြောစရာတောင်မလိုဘူး ၊စက်ရုံ ကအရာရှိတွေကလိုအပ်ချက် မရှိအောင်အောင်လုပ်ပေးတယ် ဟုတ်လား ဟာသပဲ ထမင်းတောင်မှ MD လာလို့ကောင်းကောင်းစားရတာ မင်းတို့ကမင်းတို့ ရာထူးအတွက်အမှန်တရားကို လက်စဖြောင့်ဖို့ကြိုးစားခဲ့တယ် ငါတို့က နစ်နာသူ သူငယ်ချင်းတွေအတွက် အမှန်တရားကို တစ်နိုင်ငံလုံးသိအောင် ဖော်ထုတ် ခဲ့တယ် အဲ့ဒီရလဒ်ကို အခုဒဏ်ရာရတဲ့သူတွေ ခံစားခွင့် ရခဲ့ပြီလေ ဗိုလ်ချုပ်ကြီ ဝေလွင် ကိုယ်တိုင် နွေးထွေးစွာ အားပေးတာကို ခံခဲ့ရတယ်လေ မင်းတို့က နောက်မှ ကြောက်ကြောက်လန့်လန့်နဲ့ တာဝန်ကြေရောက်လာတာပါ
ဒီpostလေးက အကူအညီမရခင်ကတည်းက ရေးထားတာပါ
မင်းတို့က ဖုံးဖိလို့မရတော့မှပေးတယ် ကျန်တဲ့သူတွေက
အဖြစ်မှန်ကိုသိတော့မှ အားလုံးကသနားကြပြီး ၀ိုင်းဝန်း ပံ့ပိုးပေးကြတာပါ ကွာပါတယ်
Hlahlawin ရေ ပြောစရာရှိရင်
မင်ကျန်စစ် နှလုံးသား(facebook ) မှာဆက်လက်ဆွေးနွေးကြတာပေါ့
ဒီတခါတော့ ခရီးသွားအုန်းမယ် ဆိုပြီး ထပ်ထွက်မပြေးနဲ့ တော့နော်
မာန်တက်စရာမရှိပါဘူးကွာ။ မင်းရဲ့ ထင်ရာမြင်ရာ လျှော်ဖေါတွေကိုတော့ ယုံတဲ့လူကတော့ စက်ရုံထဲမှာ မရှိလောက်ဖူးထင်တယ်။ စက်ရုံအကြောင်းမသိတဲ့လူတွေကတော့ ယုံမှာပေါ့။ စက်ရုံအကြောင်းသိတဲ့လူတွေကတော့ မင်းကို ငဖောကြီးလို့ထင်မယ်ကွ။ မင်းလည်း ဒီစက်ရုံအကြောင်း ငါလောက် နီးပါးသိမယ်ထင်ပါတယ်။ မင်းတို့စက်ရုံကြီးက စလည်ကတည်းက အကာအကွယ် ပစ္စည်းတွေ ရှိလို့လား။ အခုလိုဘဲလုပ်နေကျတာ။ ဘယ်သူတွေကရော ၀ယ်ပေးပါလို့ သတင်းပို့လဲ။ ငါတို့ သူများကို အပြစ်ပုံချတာမဟုတ်ဘူးကွ။ ပြီးတော့ ဆေးရုံကို ဂရုမစိုက်ဘူးတဲ့။ ဟဟဟ ရယ်ရတယ်။ ဆေးရုံအတွက်ဆိုပြီး ထမင်းတောင် အပြင်ဆိုင် ဥက္ကာပျံက ၀ယ်ကျွေးတယ်။ ရိပ်သာကတောင် ၀ယ်မကျွေးဘူး။ ဆေးဆိုလည်း လိုအပ်မှုမရှိအောင်ကူညီပေးတယ်။ ဆေးရုံက Transformar မိုးကြိုပစ်သွားလို့ မီးမရတောင် စက်ရုံက ဆီအကုန်အကျခံပြီး မီးစက်မောင်းပေးတယ်။ လူနာတွေကြည့်ရှု့ရအောင်ဆိုပြီး Skynet ကအစ တပ်ဆင်ပေးတယ်။ ရေအေးအေးသောက်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ Water Cooler တပ်ဆင်ပေးတယ်။ အရာ၇ှိတစ်ယောက်ကို တာဝန်ပေးပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတယ်။ မင်းကတော့ လုပ်ပေးတာတွေ ဘယ်မြင်မလဲကွ။ အောက်ဆီဂျင်လုပ်ဖို့ဘဲတတ်တာကို။ ဖြိုးလေးမိခင်ဆိုရင် အခု စက်ရုံတောင်အလုပ်ရသွားပြီး။ ထောက်ပံ့ပေးတာလည်း (၂၅)သိန်းကျော်သွားပြီ။ မင်းကကောင်းတာတွေ ထိမ်ချန်ပြီး ပေါက်ကရတော့ ပြောတတ်သား။ သူပေးဆပ်လိုက်ရတဲ့အတွက် သူ့မှာ ခံစားခွင့်ခံစားထိုက်တာတွေ ပြန်လည်ရရှိပါတယ်။ မင်းတို့က အခုစက်ရုံမှာဘဲ ၀န်ထမ်းလုပ်ဖူးတာပါ။ မင်းငါအတွေ့အကြုံတော့ မင်းဒီတစ်သက်တော့မမီတော့ဘူး။ ရှေ့တန်းမှာ ရဲဘော်တစ်ယောက် နိုင်ငံတော်အတွက် အသက်ပေးဆပ်လိုက်ရရင် ဘယ်ပြည်သူက အကောင်းပြောဘူးလဲ။ ဘယ်သူတွေကရော ကူညီကျလို့လဲ။ မင်းသိအောင် ဥပမာ ပြောပြတာပါ။ မင်းတို့စက်ရုံက အခြေခံဝန်ထမ်းတစ်ယောက်လစာက ရှေ့တန်းမှာ ပင်ပင်ပန်းပန်း စစ်ဆင်းရေးထိုးနေတဲ့ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ လစာလောက်ရပါတယ်။ မင်းကို ပိုပြီးကိုယ်ချင်းစာတတ်အောင် ငါပြောပြတာ။ ပြီးတော့ ထမင်းမကောင်းဘူးလို့ပြောတယ်။ MD လာမှကောင်းတယ်တဲ့။ အခုရိပ်သာက မင်းတို့ဘဲ မဲပေးပြီးရွေးကျတာလေ။ မင်းတစ်ယောက်ထဲစိတ်ကြိုက်တော့ ဘယ်ရမလဲ။ မင်းအိမ်မှာတောင် မင်း စိတ်တိုင်းကျ နေရလို့လား။ အဖွဲ့အစည်းနဲ့နေတာလေ။ အများဆန္ဒလိုက်လျောရမှပေါ့။ မင်းလို စုံးပြူးတွေကြောင့် ခက်နေတာ။ မင်းတို့က ဗိုလ်မှူးကြီး တင်စိုးနဲ့ဘဲတန်တယ်။
ReplyDeleteမင်းလိုစာရှည်ရှည်မရေးဘူး လိုရင်းဘဲ ရေးမယ်။ အများဆန္ဒ အများရွေးတဲ့ဆိုင်စားရတာ ဘယ်သု့ကြောင့်တုံးလေ့လာကြည့်လိုက်။
ReplyDeleteခဗျားက အတ္တသမားဘဲ သခင်တွေအတွက်ရေးနေတာ အေးဒါပေမဲ့
ကျုပ်က ပရသမား အနည်းဆုံး ဝန်ထမ်းတထောင်ကျော်အတွက် ရေးနေရတာ။နောက်ဆုံးမှာ အတ္တသမားနဲ့
ပရသမား ဘယ်သူကနိုင်မလဲ စောင့်ကြည့်လိုက်ဦး။မကြာပါဘူး စစ်ထောက်ချုပ်ကြီးကတိတည်မယ်ဆိုရင်ပေါ့။
မတည်လည်း ပြသ်သနာမရှိပါဘူး ဆက်ပြီး
mediaနဲ့တိုက်ပွဲ ဝင်မှာပေါ့။
မလေ့လာတော့ဘူးကွာ။ မင်းမကျေနပ်ရင် ပွင့်ပွင့်လင်းလင်းပြော။ မင်းတစ်ယောက်ထဲ မကျေနပ်လို့တော့မရဘူးလေ။ အများနဲ့လုပ်တာလေ။ ၀န်ထမ်းပေါင်း ၁၃၀၀ ကျော်ရှိတယ် မင်း လူ ၇၀၀ စည်းရုံးနိုင်ရင် မင်းတို့ဖြစ်ချင်တဲ့ဆိုင်ရမယ်လေ။ အခုကိစ္စကတော့ မင်းတို့မဲရွေးရတာ။ မင်းမစည်းရုံးနိုင်လို့ အခုလိုဖြစ်တာပေါ့။ မင်းညံ့လို့နေမှာ။ ဘာမဆိုင်ညာမဆိုင် စစ်ထောက်ချုပ်ကို ဆွဲမထည့်နဲ့။ မင်းတိုက်တဲ့ Media ဘယ်လောက်ကြာရှည်ခံမလဲ ငါစောင့်ကြည့်အုန်းမယ်။ စက်ရုံမှူး အသစ်လည်း ရောက်လာပြီပြောကြတယ် မင်းတို့ရဲ့ မီဒီယာကို စောင့်ကြည့်လိုက်အုန်းမယ်
ReplyDelete