Friday, November 8, 2013
ဒို့ ဝန်ထမ်းတွေ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလား
8.11.2013ရက်နေ့ ၁၂နာရီခွဲ ဝန်းကျင်မှ စပြီး
MECဥက္ကဋ္ဌ စစ်ထောက်ချုပ်
မှ ဝန်ထမ်းများအား ၁နာရီ
ဝန်းကျင်အထိ မိန့်ခွန်း ပြောသွားပါတယ်။
စာပေဟောပြောပွဲ မှာ စာရေးဆရာက ပရိသတ်ကို
ပြောသလို မိသားစုအတွင်း
မှာ အိမ်ထောင်ဦးစီး မိဘက
သားသမီးတွေကို ဆုံးမ
သလို အောက်ခြေဝန်ထမ်း
တွေရဲ့ခံစားချက် မျော်လင့်ချက်တွေကို နားလည်ပေးနိုင်တဲ့ မေတ္တာ
စေတနာထားတတ်တဲ့ အထက်
အရာရှိတယောက်လို သူဘာလုပ်လုပ် ကိုယ်ချင်းစာတရား ထားပြီး
လုပ်တယ်ဆိုတာတွေကို
ဒေါသမပါ ငါဘာကြီးဆိုတဲ့
မန်မာနမပါ အားလုံးကို
လေးစားစွာ ပြောသွားတာ
တိုင်စရာရှိ သူEmailကို တိုင်ပါလို့ ပြောသွားပါတယ်။
စစ်ထောက်ချုပ်ကြီး ပြောသွားတဲ့ စကားတွေကြားရတာ
ကျွန်ုပ်တို့ အောက်ခြေ ဝန်ထမ်းတွေ မှာ နွေးထွေးမှု
လုံခြုံမှု မျှော်လင့်ချက်ရှိလာ
မှုစတဲ့ ခာံးချက်တွေ ခံစား
ရပါတယ်။
အပြော ကောင်းသလို အလုပ်လေးနဲ့ သက်သေပြ
လိမ့်မယ်လို့ ယုံကြည် မျှော်လင့်လျက်ပါ။
စစ်ထောက်ချုပ်ကြီးအား
အိမ်ထောင်ဦးစီး ဖခင် တယောက်လို ယုံကြည်လေးစား အားကိုး
လျက်
တန်(၄၀၀၀)မိသားစု။ု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment