Thursday, June 27, 2013

တန်၄၀၀၀ ဘိလပ်မြေစက်ရုံရှိ အရာရှိများရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တစ်ခု

ခုတလော ဂျာနယ်တွေ
အင်တာနက်စာမျက်နှာ တွေမှာ ဖတ်ဖတ်နေ ရတဲ့သတင်း အများစုကတော့ ဘယ်မြိ့မှာ
လိုင်စင်မဲ့ ကားတွေ့လို့ဖမ်းလိုက်တယ်
(ဥပမာ-ကလေးမြို့  မကွေးမြို့
ကျိုက်ထိုမြို့   စသည်ဖြင့်...)
ဒီလိုတာ လိုင်စင်မဲ့ကားတွေကို သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့
ဖမ်းကြစတမ်းဆိုရင် ကျွန်ုပ်တို့ တန်၄၀၀၀ဘိလပ်မြေစက်ရုံမှာ အရာရှိကြီးတွေဖြစ်တဲ့
စက်ရုံမှူး  ဒုစက်ရုံမှူးမှအစပြု၍  အရာရှိငယ်တွေဖြစ်တဲ့ လက်ထောက်အင်ဂျင်နီယာ
အဆုံး အားလုံးသော အရာရှိတွေဟာ လိုင်စင်မဲ့ကားများ စီးနေကြတာပါ။ကရင်ပြည်
နယ်ကိုက လိုင်စင်မဲ့ကားစီး
လို့ရတဲ့ ပြည်နယ်မို့လား
ဒါမှ မဟုတ်ရင် ပြည်နယ်
ကညန နဲ့ ယဉ်ထိန်းရဲတွေ
အလုပ်မလုပ်  လို့လား။
စက်ရုံက အရာရှိတွေ က
စက်ရုံဝန်းကျင် ရင် စီးတာမဟုတ်ဘူး။တံတား
တွေကိုဖြတ်ပြီး ဘားအံ
မော်လမြိုင် တွေထိ သွားတာ။ဒါပေမယ့် ပိုင်လို့
ဆိုင်လို့နေမှာပေါ့။ ပိုင်ရင် ဆိုင်ရင် လုပ်ချင်တာလုပ်လို့
ရတဲ့ခေတ်က ကုန်သင့်ပါပြီ။
ကရင်ပြည်နယ် ကညန နဲ့
ယဉ်ထိန်းရဲတွေ အလုပ်မလုပ်တာ တွေကို
သက်ဆိုင်ရာ အထက်လူကြီးများ သိစေအပ်ပါတယ်။ွ

Friday, June 14, 2013

လူကြီးလူကောင်း ဆန်သင့်ပြီ

စက်ရုံမှူးကြီးရယ်
  အစည်းအဝေးခန်းထဲ ရောက်လို့ရှိရင် သွေးရူးသွေး
တန်းနဲ့ ပြောချင်ရာပြော ဆိုချင်ရာဆိုပြီး အခန်းထဲက ထွက်ထွက်သွားတာ တော်သင့်ပါပြီ။အခြားအရာရှိ
တွေကို မလေးစားရာကျ
သလို ကိုယ့်ကိုလည်း လူလေးစားမှုလျော့စေပါ
တယ်။ဒါကြောင့်မို့ ကို့ကိုကို
တည်ငြိမ်အောင်ကြိုးစားပါ။
ကလေးကလား မဆန်ပါနဲ့။
ခင်ဗျားကို သနားလို့စေတ
နာ နဲ့သတိပေးတာနော်။
အားလုံးသော အရာရှိတွေ
က ကွယ်ရာမှာဝိုင်းဟားနေ
ကြတာကို မသိဘဲနေမှာစိုး
လို့။

Tuesday, June 11, 2013

တန်​၄၀၀၀ DVB video news download


ကျွန်​ပ်​တို့ ​ပေးပို့​သော အမှတ်​(၂) တန်​၄၀၀၀ DVB သတင်းကို connection ​ကြောင့်​ ကြည့်​လို့မရ​သော ညီအကို​မောင်​နှမများအတွက်​ download ဆွဲပြီးကြည့်​လို့ရ​အောင်​ တင်​​ပေးလိုက်​ပါတယ်​ ​ရှေ့ဆက်​ပြီး​တော့ နိုင်​ငံ​တော်​ သမ္မတရုံးကို အမှားအနည်းငယ်​ပြင်​ဆင်​၍ ပို့မှာဖြစ်​ပါတယ်

အောက်​မှာရှိ​သော Link ကိုနှိပ်​ပါ

http://db.tt/jwIQjIDc

Monday, June 10, 2013

၃ရက်​ကြိုတင်​၍ မူကြမ်းတင်​​ပေကြပါ

တန်​၄၀၀၀ မိသားစုများအ​နေဖြင့်​ မတရားမှုများကို သက်​ဆိုင်​ရာ အဖွဲ့အစည်းများသို့ တိုင်​ကြားလိုပါက မတိုင်းကြားမှီ ၃ရက်​ကြိုတင်​၍ တိုင်​ကြားစာ မူကြမ်း ကို အရင်​တင်​​စေလိုပါတယ်​ ဒါမှသာ လိုအပ်​ချက်​များဖြည့်​စွက်​ခြင်း ပြင်​ဆင်​ခြင်းများကို ဝန်​ထမ်းအားလုံး ပါဝင်​ ပြုလုပ်​နိုင်​မှာ ဖြစ်​ပါတယ်​။ အဲဒီအချိန်​အ​တောအတွင်းမှာ ရသမျှသက်​​သေအ​ထောက်​အထားကို ရှာ​ဖွေပြီး သတင်းကိုတိကျခိုင်​မာစွာ တည်​​ဆောက်​ပြီးမှ ထိ​ရောက်​စွာတိုင်​ကြားနိုင်​​အောင်​ ​ဆောင်​ရွက်​ကြပါမည် ။ 

                

Thursday, June 6, 2013

စက်ရုံမှူးကြီး သာထွန်း နဲ့ အုပ်ချုပ်ရေးမှ ဗမမောင်မောင်ဇော်သိစေရန်မှာ

တာဝန်မှူး ရုံးမှာ တာဝန်ကျတဲ့ တာဝန်ကြပ်ကြီ့း တာဝန်ကြပ်နဲ့ဆက်သားတို့ဟာ  မနက်  ၈နာရီခွဲကနေ
နောက်နေ့မနက် ၈နာရီခွဲအထိ တာဝန်ထမ်းဆောင်ရပါတယ်။စက်ရုံမှူး အဆက်ဆက်
၂၄နာရီ တာဝန်ထမ်းဆောင်ပြီးလျှင်
တရားဝင် တရက်နားရပါတယ်။ယခု စက်ရုံမှူးသာထွန်းလက်ထက်ရောက်မှ မနားကဘဲ အလုပ်ဆက်ဆင်းရပါတယ်။
တကယ်လို့ မဆင်းခဲ့ရင် သူတို့လက်သတ် မွေးထားတဲ့ အာဏာရှင်ပေါက်စ အရာရှိငယ်တွေ နဲ့ဖိအားပေး
ခိုင်းပါတယ်။ဒါဟာ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်တာပါ။အုပ်ချုပ်ရေးဌာန အနေနဲ့  တာဝန်မှူးရုံး
မှာ ၂၄နာရီတာဝန်ထမ်းဆောင်
ပြီးလျှင်တရက် နားလို့ရကြောင်း တရားဝင်
စာထွက်ပေးစေလိုပါတယ်။
ဒီလိုမှ မဟုတ်ဘဲ ဒီအတိုင်း
ဆက်သွားရင် DVB မှာပါအောင် ကြိုးစားပေးပါမယ်။ဗမ မောင်
မောင်ဇော် ရေ တောင်းဆိုပါတယ်။သူငယ်ချင်းတို့ရဲ့  Emailနဲ့  ရင်ဖွင့်သံများပါ။
အားလုံးရဲ့ ကိုယ်စား
                     ပြားပြာ့း

Saturday, June 1, 2013

တိုင်​ကြားစာ မူကြမ်းဖြစ်​ပါတယ်

မြန်​မာ့စီးပွား​ရေး​ကောာပို​ရေရှင်း(MEC) အမှတ်​(၂)တန်​၄၀၀၀ ဘိလပ်​​မြေစက်​ရုံ ကရင်​ပြည်​နယ်​၊ဘာအံမြို့၊မြိုင်​က​လေး ကသတင်း​ပေးပို့တိုင်းကြားခြင်းဖြစ်​ပါတယ်​။

ကျွန်​​တော်​တို့စက်​ရုံမှာ ဝန်​ထမ်း​တွေဟာ
ပင်​စင်​ခံစားခွင့်​မရှိ​သော​ကြောင်​ ​တ​​နေ့ တစ်​​ထောင်​နှုန်းနဲ့ ထောက်​ပံ့
ကြေး ၃၀၀၀၀ အရင်​ထဲကရပါတယ်​ ပြီးခဲ့တဲ့နှစ်​က တခြားဝန်​ထမ်းနည်​တူ အပို​ထောက်​ပံ့​ကြေး ၃၀၀၀၀ တိုးပါတယ်​ ယခု April လမှာ တရာဝင်​လစာ ၂၀၀၀၀ ထပ်​တိုးပါတယ်​။ ယခုလစာ ၂၀၀၀၀ တိုး​သော်​လည်း ဝန်​ထမ်း​တွေ အပြည့်​မခံစားရပါဘူး။ အရင်​က စ​နေ၊တနင်္ဂ​နွေ ဆိုရင် ​ထောက်​ပံ​ကြေးမဖြတ်​ပါဘူး။အစိုးရရုံးပိတ်​ ရက်​ဆို အလုပ်​(အဆိုင်း)ဆင်းချိန်​ ဖြစ်​ပါက ထို​နေ့အတွက်​ လစာရဲ့နှစ်​ဆ ရပါတယ်​။ ယခုဆိုရင်​ စ​နေ ၊တနင်္ဂ​နွေ နဲ့ အစိုးရရုံးပိတ်​ရက်​ ​တွေမှာ အလုပ်​ဆင်းရ​သော်​လည်း တ​နေ့ ၈၀၀ ဖြတ်​ပါတယ်​။april လမှာဆို အစိုးရရုံးပိတ်​ရက်​ ၁၀ ရက်​ နှင့်​ စ​နေတနင်္ဂ​နွေ ရက်​အားလုံးကို ၈၀၀ နှုန်းနဲ့ ၁၃၆၀၀ ၊ထမင်းဖိုးက ၆၀၀၀ ၊အိမ်​လခက ၉၀၀၀ ၊လူမှုဖူလုံက ၅၀၀ ၊အခြားသာ​ရေး နာ​ရေ အတွက်​ လည်းဖြတ်​ပါတယ်​။ အိမ်​​ထောင်​လိုင်းခန်းမှာ ​နေသည့်​သူများမှာ ပျမ်းမျှ ၃၀၀၀၀ ​ကျော်​ဖြတ်​ပြီး မ​နေသူများကို ၂၀၀၀၀ ထိဖြတ်​​တောက်​ခံ ထိပါတယ်​ ။
နောက်​တခုက​တော့ စက်​ပျက်​လို့ရှိရင်​ all day နံနက်​ ၈း၀၀ က​နေ ည ၁၀း၀၀ အထိ ​နေ့တိုင်းဆင်းရ​ပေမယ့်​ အချိန်​ပို​ကြေးမရပါဘူး။ စက်​ရုံ စက်​ပြင်​ကာလဆိုရင်​ တစ်​လခွဲ ​လောက်​ထိ all day ဆင်းရပါတယ်​။

တပ်​မ​တော်​ပိုင်​ ဖြစ်​တဲ့ တန်​၄၀၀၀ ဘိလပ်​​မြေစက်​ရုံ ကိုယ်​တိုင်​ကိုက ဝန်​ထမ်းအခွင်းအ​ရေးကို ချိုး​ဖောက်​လျှက်​ ရှိ​ကြောင်း ကို နိုင်​ငံ​တော်​ သမ္မတကြီးနှင့်​ သက်​ဆိုင်​​သော အဖွဲ့အစည်းများ၏
အကူအညီကို​မျှော်​လင့်​ပြီး တိုင်​ကြားခြင်း ဖြစ်​ပါသည်​။

တခြား MEC စက်​ရုံများသည်​လဲ လစာနှင့်​ ပတ်​သက်​လျှင်​ အတူတူပင်​ဖြစ်​ပါသည်။

                                tons4000cement

အချက်​အလက်​များဖြည့်​စွက်​လိုပါက ဒ်​မှမဟုတ်​ ပြင်​ဆင်​လိုပါက  tons4000voice@gmail.com သို့​ပေးပို့နိုင်​ပါသည်​။ ၂ ရက်​​နေ မနက်​ကျရင်​ ပို့ပါမည်​။