မြန်မာ့စီးပွားရေးကောာပိုရေရှင်း(MEC) အမှတ်(၂)တန်၄၀၀၀ ဘိလပ်မြေစက်ရုံ ကရင်ပြည်နယ်၊ဘာအံမြို့၊မြိုင်ကလေး ကသတင်းပေးပို့တိုင်းကြားခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့စက်ရုံမှာ ဝန်ထမ်းတွေဟာ
ပင်စင်ခံစားခွင့်မရှိသောကြောင် တနေ့ တစ်ထောင်နှုန်းနဲ့ ထောက်ပံ့
ကြေး ၃၀၀၀၀ အရင်ထဲကရပါတယ် ပြီးခဲ့တဲ့နှစ်က တခြားဝန်ထမ်းနည်တူ အပိုထောက်ပံ့ကြေး ၃၀၀၀၀ တိုးပါတယ် ယခု April လမှာ တရာဝင်လစာ ၂၀၀၀၀ ထပ်တိုးပါတယ်။ ယခုလစာ ၂၀၀၀၀ တိုးသော်လည်း ဝန်ထမ်းတွေ အပြည့်မခံစားရပါဘူး။ အရင်က စနေ၊တနင်္ဂနွေ ဆိုရင် ထောက်ပံကြေးမဖြတ်ပါဘူး။အစိုးရရုံးပိတ် ရက်ဆို အလုပ်(အဆိုင်း)ဆင်းချိန် ဖြစ်ပါက ထိုနေ့အတွက် လစာရဲ့နှစ်ဆ ရပါတယ်။ ယခုဆိုရင် စနေ ၊တနင်္ဂနွေ နဲ့ အစိုးရရုံးပိတ်ရက် တွေမှာ အလုပ်ဆင်းရသော်လည်း တနေ့ ၈၀၀ ဖြတ်ပါတယ်။april လမှာဆို အစိုးရရုံးပိတ်ရက် ၁၀ ရက် နှင့် စနေတနင်္ဂနွေ ရက်အားလုံးကို ၈၀၀ နှုန်းနဲ့ ၁၃၆၀၀ ၊ထမင်းဖိုးက ၆၀၀၀ ၊အိမ်လခက ၉၀၀၀ ၊လူမှုဖူလုံက ၅၀၀ ၊အခြားသာရေး နာရေ အတွက် လည်းဖြတ်ပါတယ်။ အိမ်ထောင်လိုင်းခန်းမှာ နေသည့်သူများမှာ ပျမ်းမျှ ၃၀၀၀၀ ကျော်ဖြတ်ပြီး မနေသူများကို ၂၀၀၀၀ ထိဖြတ်တောက်ခံ ထိပါတယ် ။
နောက်တခုကတော့ စက်ပျက်လို့ရှိရင် all day နံနက် ၈း၀၀ ကနေ ည ၁၀း၀၀ အထိ နေ့တိုင်းဆင်းရပေမယ့် အချိန်ပိုကြေးမရပါဘူး။ စက်ရုံ စက်ပြင်ကာလဆိုရင် တစ်လခွဲ လောက်ထိ all day ဆင်းရပါတယ်။
တပ်မတော်ပိုင် ဖြစ်တဲ့ တန်၄၀၀၀ ဘိလပ်မြေစက်ရုံ ကိုယ်တိုင်ကိုက ဝန်ထမ်းအခွင်းအရေးကို ချိုးဖောက်လျှက် ရှိကြောင်း ကို နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၏
အကူအညီကိုမျှော်လင့်ပြီး တိုင်ကြားခြင်း ဖြစ်ပါသည်။
တခြား MEC စက်ရုံများသည်လဲ လစာနှင့် ပတ်သက်လျှင် အတူတူပင်ဖြစ်ပါသည်။
tons4000cement
အချက်အလက်များဖြည့်စွက်လိုပါက ဒ်မှမဟုတ် ပြင်ဆင်လိုပါက tons4000voice@gmail.com သို့ပေးပို့နိုင်ပါသည်။ ၂ ရက်နေ မနက်ကျရင် ပို့ပါမည်။
No comments:
Post a Comment