ကျွန်တော်တို့ စက်ရှုံမှာ စက်ပြင်ကာလကို
တလခွဲလောက် မနက် ၇း၀၀ နာရီ မှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃မှာစက်ရုံ စတင်လည်ပတ်ခဲ့ပါတယ် ဒါပေမယ့် မီးသင်းဖို ဌာနSP မှာ
အေးနေတဲ့ အစာ(ကျောက်မှုန့် မြေမှုန့် )တွေက ပိတ်နေပါတယ်
မြင်အောင်ပြောရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေမှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်
အစာဟောင်းတွေရဲ့အထက်မှာ စက်ရုံ လည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၆၀၀ ကျော်ရှိတဲ့ အစာတွေရှိပါတယ်
ထိုပြဿနာကိုဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး
အန္တရယ်ကင်းအောင် စက်ကိုရပ်ပြီးပူနေတဲ့အစာတွေကိုအေးအောင်စောင့်ပြီး မှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့်ရပ်လိုက်ရင် ဆုံးရှူံး မှုတွေအတွက် ရုံးချုပ် ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံ မှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးကြီးသာထွန်းနေရာကစဉ်းစားရင် သူကစက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာကြောက်ပါတယ် ပြီးတော့စက်ရုံမှူးကြီးနေရာက စက်လည် ရင်သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၂၀ ခွဲတန်းရရှိပါတယ် ဒါကြောင့် အဓိကတာဝန်ရှိသူ ဌာနမှူးဖြစ်တဲ့ လ/ထစက်ရုံမှူးဗိုလ်ကြီးလှဝင်းအောင် အပါအ၀င် အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကို အရင်းခံပြီး အန္တရယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ် အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာအစာပိတ်နေတဲ့ နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့အစာတွေကို သံချောင်း(သို့)၀ါလုံး နဲ့ ထိုးချရမှာဖြစ်ပါတယ် ။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံချောင်းနဲ့ထိုးရပါတယ် တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ် ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်နှစ်ယောက်က ၀င်လုပ်ရပါတယ် အလှည်ကျပေါ့ဗျာ ဒီလိုနဲ့
(15.10.2013 )ရက်နေ့ နေ့လည်ပိုင်းမှာပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး ပန်းထွက်လာတဲ့အလွန်တရာ ပူလွန်းလှတဲ့ အစာ(ကျောက်မှုန့် မြေမှုန့်)ကြောင့် ကလေးလုပ်သားဖြစ်တဲ့ပြင်ပအလုပ်သမား ၁၄နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေရရှိခဲ့ပါတယ် အနည်းငယ်သာပွင့်သွားတဲ့ အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်
ဒါကပထမအကြိမ်မှာပါ အန္တရယ် အလွန်ရှိမှန်းသိခဲရပြီးပါပြီး
လုံးဝအန္တရယ်ဖြစ်နိုင်မှန်းသိတယ်
ဒါပေမယ့် အလုပ်ကိုမရပ်ဘူး ၊ စက်ကို မရပ်ဘူး ပြီးတော့အကာအကွယ်ပစ္စည်းမပေးဘဲ ဆက်လုပ်ခိုင်းပါတယ် အဲဒီနေ့
ညပိုင်းကျတော့ ဝန်ထမ်း
လေးယောက်အပူလောင်ပြီး တစ်ယောက်ကတော့ပြင်းထန်စွာအပူထပ်လောင်ပါတယ် ဒါကဒုတိယအကြိမ် အဖြစ်အပျက်ပါ
အန္တရယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့အနေအထားဆိုတာ လုံးဝသေချာနေပါပြီ သို့ပေမယ့် အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီးလုပ်ခိုင်းပါတယ်
အဲဒီလိုနဲ့ လုပ်လာလိုက်တာ
17.10.2013ရက်နေ့ရောက်တော့ ပိတ်နေတဲ့
အပေါက် ဟာပွင့်ထွက်သွားပြီး
ဗုံးပေါက်ကွဲသွားသလိုပါဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုးပွင့်ထွက်လာတဲ့ အတွက်အလုပ်လုပ်နေတဲ့ ဝန်
ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှ
မမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ ပေါ့ မပြေးသာလိုက်တဲ့ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ်(
ကျောက်ဖား)တယောက်ကတော့ တရှိန်ထိုးပန်းထွက်လားတဲ့ ပြင်းထန်းလွန်းတဲ့အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေအလယ်မှာ အပူဒဏ်ကိုမချိမဆန့် ခံစားရနေပါပြီး တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့
အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ်ကိုတက် တွဲထား ပြီခိုနေရပါတယ် အောက်မှာက ကျောက်အမှုန့်  ပူတွေကရှိနေတဲ့အတွက် ခြေချလို့မရပါဘူး ဒီလိုနဲ့ ၁၀ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ
ကျနော့သူငယ်ချင်း ကျော်ဝင်းထဋ် ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်း က သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး ကျောက်မှုန့်ပူတွေထဲကသူ့ လုပ်ဖော်ကိုင်ဖက် ရဲ့အဖြစ်ကိုမကြည့်ရက်တဲ့ အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ် သို့ပေမယ့်
သုံလှမ်းလောက်သာလှမ်းနိင်ပြီး အပူဒဏ်ကိုမခံနိုင်တော့တဲ့ အတွက် လက်ရမ်း
သပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်
ကျော်ဝင်းထွဋ် နဲ့ အနီးဆုံးဖြစ်တဲ့ သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ် ကို ကမ်းပေးလိုက်ပါတယ် ကျော်ဝင်းထွဋ်းဟာ ကျောက်ပူမှုန်တွေက မျက်စိထဲပိတ်နေတဲ့အတွက် သူ့ကိုကမ်းပေးတဲ့ ၀ါလုံးလေးကို မမြင်နိုင်ပါဘူး သို့ပေမယ့် သူ့ခန္ဓာကိုယ်ကို တစ်စုံတခုက လာပြီးထိနေတယ်ဆိုတဲ့ ခံစားချက်အသိကြောင့် အပူဒဏ်ကလွတ်မြောက်ဖို့အတွက် နောက် ဆုံးရှိသမျှအားနဲ့ ၀ါလုံးကိုတချက်ကိုင်လိုက်နိုင်ပါတယ်
ခဏလေးအတွင်းမှာပဲ အနောက်ကိုလန်ကျသွားပါတယ်
သူက အဲ့ဒီနေရာ မှာပဲ အပူဒဏ်ကိုဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ် သူဟာကျောက်မှုန့် တွေပိလို့သေဆုံးရတာမဟုတ်ပါဘူး ပြင်းထန်တဲ့ အပူဒဏ်ကြောင့်သေဆုံးရတာပါ
ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးဖြစ်သူ မစုနှင့် တစ်နှစ်ကိုးလသားအရွယ်ရင်သွေးတဦးကျန်ခဲ့ပါတယ် ဒါကတတိယအကြိမ် အဖြစ်အပျက်ပါ
အခုမြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်
ကျနော့သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီးကျနော
တို့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(M.E.C) အမှတ်(၂)တန်၄၀၀၀ ဘိလပ်မြေစက်ရုံ ၊ မြိုင်ကလေး ၊ကရင်ပြည်နယ် က ဝန်ထမ်း
တွေဟာ အကာအကွယ်မဲ့နေတယ်လို့
ခံစားရတယ်။အထူးသဖြင့်
ဥပဒေရဲ့ အကာအကွယ်ပါ
လူတယောင်လုံး သေနေ
သာတောင်မှဘဲ လူသေမှု
အနေနဲ့ ဘယ်ရဲမှလာမစစ်
ဆေးဘူး။ကြက်ကလေး
ငှက်ကလေး သေ သွားသ
လိုဘဲ ဘာမှမထူးဘူး။
ကျနော်တို့အကူအညီမဲ့နေပါတယ် ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲကျနော်တို့မသိပါဘူး
ကျနောတို့ကို ကူညီပါ
ကျေးဇူးတင်ပါတယ်
ဖိနှိပ်ခံတန်၄၀၀၀မိသားစု
ပြားပြား? လုံးလုံး?လား တော့မသိတဲ့ သူရေ။ ယူ့ကို ပြောပြချင်တဲ့အချက်လေးတွေ ရှိတယ်။ you က စက်ပြင်ကာလ နားရက်မရှိဘူးပြောတယ်ဆိုတာ လက်ခံပါတယ်။ you တို့အလုပ်က စက်ပြင်ကာလမှာဘဲ အလုပ်ရှိတယ်။ ပုံမှန်စက်လည်လို့ ရှိရင် you တို့အလုပ်က ဘာရှိလို့လဲ။youက ကိုယ်လုပ်ရတာဘဲမြင်တာကို။ စက်က (၂)နှစ်မှ တစ်ကြိမ်ဘဲပြင်တယ်လေ။ ကျန်တဲ့အချိန်တွေကို you ထည့်ပြောလေ။ you တို့က ၀န်ထမ်းလေ အမေ့အိမ်မှာလိုတော့ အေးဆေးနေလို့ရမလား။ you ကို မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ you က အခု တန်(၄၀၀၀)မှာ ဖြစ်တဲ့အဖြစ်အပျက်တွေကို အမှန်အတိုင်းရေးလေ။ အခုတော့ you က စက်ရုံကြီးကို အမည်ပျက်အောင်လုပ်နေတယ်။ you ကြောင့် စက်ရုံကြီးကို လူတွေတော်တော်များတော့ သိသွားပါတယ်။ you အမှန်အတိုင်းမရေးတဲ့ အကြောင်းအရာတွေကို ပြောပြမယ်နော်။ စက်ရုံမှာ ပထမဆုံးဖြစ်တဲ့ ဖြိုးလေး ဖြစ်စဉ်ကို ပမထမဆုံး ပြောပြမယ်။ you တို့ စက်ပြင်ကာလမို့ ပင်ပန်းနေလို့ လူကြီးတွေက စေတနာနဲ့ ငါ့ဝန်ထမ်းတွေ ပင်ပန်းနေပါတယ်ဆိုပြီး ပြင်ပလုပ်သားကို ခေါ်ပြီးခိုင်းတယ်။ ပြင်ပလုပ်သားကို ခေါ်ခိုင်းတဲ့အထဲမှာ အသက်အရွယ် ငယ်ရွယ်သူ ဖြိုးလေး ပါလာတယ်။ အထက်လူကြီးတွေကတော့ အသက်ငယ်တဲ့လူပါမပါဆိုတာ ဘယ်သိတော့မလဲ။ အလုပ်သမားခေါင်းလွှတ်လိုက်တာဘဲလေ။ အသက်ငယ်ရွယ်သူပါလို့ ဟိုတိုင်မယ်၊ ဒီတိုင်မယ်ပြောတယ်။ အဲလိုမှအလုပ်မလုပ်ရင် သူ့မိသားစုကို ဘယ်သူထောက်ပံ့ပေးမလဲ။ ILO ကထောက်ပံ့မလား။ အသက်ငယ်လို့ ခိုင်းတဲ့လူတွေကို အပြစ်ပြောတဲ့လူတွေက ထောက်ပံ့မလား။ မည်သူမှ ထောက်မပံ့ပါဘူး။ အခု အပူလောင်ဒဏ်ရာရတဲ့ကလေးကို မည်သူတွေသွားကြည့်ပါသလဲ။ စက်ရုံကအရာရှိတွေက လိုအပ်ချက်မရှိအောင် အားလုံးကူညီဆောင်ရွက်ပေးတယ်။ အဲဒီ့အချက်တွေ you ပြောလေ။ you အကျင့်က အောက်စီဂျင်ဘဲ။ အောက်ဆီဂျင်ဆိုတာ သိလား။ ကိုယ်တိုင်တော့မီးမလောင်ဘူး။ မီးလောင်ရာတော့ လေပင့်တဲ့လူဘဲ။ အခု ဖြိုလေး ဒဏ်ရာ အခုလောက်များသွားရတာက အပူရှိန်နဲ့ နိုင်လွန် အ၀တ်အစားတွေနဲ့တွေ့လိုဘဲ။ ဖြိုးလေး သာ ချည်သားအ၀တ်အစားတွေ ၀တ်ဆင်ထားရင် အခုလို မဖြစ်ဘူး
ReplyDeleteမင်းကျန်စစ် ရဲ့တုန့်ပြန်မှု
Deleteတစ်ခုချင်း ချေပပြောဆိုပါဆိုလို့
မပြောပြန်ရင်လည်း သူပြောတာမှန်တယ်ဆိုပြီးမာန်တက်နေတဲ့
Hlahla win မိန်းမအမည် နဲ့ ဂန်ဒူးရေ စက်ပြင်ကာလမှာပဲ စက်ပြင်ရတယ်လို့ မင်းပြောတယ် စက်လည်တဲ့အခါ အလုပ်လုပ်ရတယ် မလုပ်ရဘူးဆိုတာ ၀န်ထမ်းအားလုံးသိပါတယ် မင်းသေသေချာချာလေ့လာပါ
ပြင်ပလုပ်သားကို ဘာကြောင့်ခေါ်တာလဲ ဆိုတော့ ၀န်ထမ်းအင်အားနဲ့မနိုင်လို့ လိုအပ်လို့ခေါ်တာ အပိုတွေပြောမနေနဲ့
ဖြိုးလေးကိုဖြစ်တုန်းက ကျုပ်တို့နားလည်ပေးခဲ့ပါတယ် မတော်တဆ ဆိုတာဖြစ်နိုင်ပါတယ် ဒီနေရာမှာ စစ်ထောက်ချုပ်ပြောတာကို အမှတ်ရမိတယ် သူ ထိုင်းကဘိလပ်မြေစက်ရုံကို သွားလေ့လာတုန်းက စက်ရုံက သူ့ကို အစိမ်းရာင်ဆိုလား ပဲ ၀တ်စုံ ပေးဝတ်စေတယ် ဒီဝတ်စုံကို ၀တ်ထားတဲ့သူဟာ စက်ရုံကိုအခုမှရောက်ဖူးတာ အန္တရယ် ရှိတဲ့ နေရာကိုမသိနိုင်ဘူး ဒီတော့စက်ရုံက ၀န်ထမ်တွေက ပိုပြီးဂရုစိုက်ပေးရတယ် အန္တရယ် မဖြစ်အောင်ပေါ့ အခုမင်းတို့က စက်ရုံအကြောင်းဘာမှမသိတဲ့ အပြင်က၀န်ထမ်းတစ်ယောက်ကို အန္တရယ် ရှိတဲ့နေရာမှာ ခိုင်းမယ်ဆိုရင် မင်းတို့က အပူခံဝတ်စုံ စသည့်အကာအကွယ် ပစ္စည်း ထုတ်ပေးရမှာပေါ့ ဖြိုးလေးက ဘာမှသိတာမဟုတ်ဘူး ဒီနေရာကို သံချောင်း နဲ့ထိုးဆို သူကထိုးနေမှာပဲ သူကမှ အန္တရယ်ရှိမှန်းမသိတာ အခု ဖြိုးလေးကပဲ နိုင်လွန်သားဘောင်းဘီဝတ်ထားလို့ ဒီလို ဖြစ်ရတာဆိုပြီး ကိုယ့်အပြစ် လွတ်အောင် ဒဏ်ရာရတဲ့ သူများအပေါ်ပုံချချင်သေးတယ် လူစိတ်ကိုမရှိဘူး ဒါကမင်းဥာဏ်မှီအောင် ရှင်းပြပေးနေတာ ဆေးရုံမှာရိုက်ထားတဲ့ ဖြိုးလေးတို့ပုံတွေကို မင်းကြည်လိုက်ရင် ဆေးရုံသွားမသွားဆိုတာ ပြောစရာတောင်မလိုဘူး ၊စက်ရုံ ကအရာရှိတွေကလိုအပ်ချက် မရှိအောင်အောင်လုပ်ပေးတယ် ဟုတ်လား ဟာသပဲ ထမင်းတောင်မှ MD လာလို့ကောင်းကောင်းစားရတာ မင်းတို့ကမင်းတို့ ရာထူးအတွက်အမှန်တရားကို လက်စဖြောင့်ဖို့ကြိုးစားခဲ့တယ် ငါတို့က နစ်နာသူ သူငယ်ချင်းတွေအတွက် အမှန်တရားကို တစ်နိုင်ငံလုံးသိအောင် ဖော်ထုတ် ခဲ့တယ် အဲ့ဒီရလဒ်ကို အခုဒဏ်ရာရတဲ့သူတွေ ခံစားခွင့် ရခဲ့ပြီလေ ဗိုလ်ချုပ်ကြီ ဝေလွင် ကိုယ်တိုင် နွေးထွေးစွာ အားပေးတာကို ခံခဲ့ရတယ်လေ မင်းတို့က နောက်မှ ကြောက်ကြောက်လန့်လန့်နဲ့ တာဝန်ကြေရောက်လာတာပါ
ဒီpostလေးက အကူအညီမရခင်ကတည်းက ရေးထားတာပါ
မင်းတို့က ဖုံးဖိလို့မရတော့မှပေးတယ် ကျန်တဲ့သူတွေက
အဖြစ်မှန်ကိုသိတော့မှ အားလုံးကသနားကြပြီး ၀ိုင်းဝန်း ပံ့ပိုးပေးကြတာပါ ကွာပါတယ်
Hlahlawin ရေ ပြောစရာရှိရင်
မင်ကျန်စစ် နှလုံးသား(facebook ) မှာဆက်လက်ဆွေးနွေးကြတာပေါ့
ဒီတခါတော့ ခရီးသွားအုန်းမယ် ဆိုပြီး ထပ်ထွက်မပြေးနဲ့ တော့နော်
you ကပြောတယ်။ စက်ကိုရပ်မထားဘူးတဲ့။ you က စက်ရုံဝန်ထမ်းမဟုတ်လောက်ဘူး။ စက်ရုံဝန်ထမ်းဆိုရင်လည်း တော်တော်အတဲ့လူ တစ်ယောက်ဖြစ်မယ်။ မိမိစက်ရုံကြီးလည်တယ်မလည်ဘူး မသိရှာဘူးဘဲ။ စက်ကို ၁၅ ရက်နေ့ မနက် ၅ နာရီလောက်ကတည်းက ရပ်ထားတယ်။ Cyclone အစာပိတ်တာ အခုမှ ပိတ်ဘူးတာလား ? မဟုတ်ပါဘူးကွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါဘဲကွာ။ အခုကျမှ မင်းတို့က ပုံကြီးချဲ့တာပါ။ အခု ဖြိုလေး ဘာလို့ဒဏ်ရာရလဲ။ ဘယ်အချိန်မှာ ဖြစ်သွားတာလဲ you သိလား။ ဖြိုးလေးဟာ ကြီးကြပ်သူ ၀န်ထမ်းခိုင်းတဲ့နေရာမှာ ရှိနေရင် အခုလိုမဖြစ်ပါဘူး။ ဖြိုးလေး အောက်ဆင်းသွားတဲ့အချိန် အစာအနဲငယ်ပြိုကျတာနဲ့ ကြုံသွားတာပါ။ you က ပြောသေးတယ် စက်ကို မရပ်ချင်ဘူးလို့။ စက်လည်ရင် စက်ရုံမှူးကြီးအနေနဲ့ တစ်နေ့ တန်(၃၀) ရမယ်။ဟဟဟဟဟ ရယ်ရတယ်ဟေ့။ တစ်နေ့ တန်(၃၀)မပြောနဲ့ (၁)တန်ရရင်ကို ချမ်းသာပြီ။ you ကသူ့များကို အပြစ်လဲပြောချင်တယ် ပြောလဲမပြောတတ်ဘူး။ you သိအောင် ပြောပြမယ်။ စက်ရုံမှူးကြီးအနေနဲ့ သူ့လုပ်ပိုင်ခွင့်အနေနဲ့ တစ်နေ့ကို တန်(၂၀) ရောင်းချပိုင်ခွင့်ရှိတယ်။ ရောင်းလဲ ရောင်းချခဲ့ပါတယ်။ အဲလိုမှ မရောင်းခဲ့ရင် မည်သူမှ ၀ယ်တဲ့လူ မရှိတဲ့ အချိန်က ဘိလပ်မြေတွေက ဆိုင်လို မှာအပြည့်။ ကလင်ကာတွေကလည်း ဆိုင်လိုအပြည့်နဲ့။ ကလင်ကာတွေ ထားစရာမရှိလို့ စက်ရုံအပြင်မှာ ပုံထားရတဲ့အထိဘဲ။ ပွင့်လင်းရာသီရောက်လို့ ဘိလပ်မြေဈေး အနည်းငယ် လှုပ်တဲ့အချိန်မှာ မိုးမိထားတဲ့ ကလင်ကာ(အရည်သွေးမမီတဲ့ကလင်ကာ)တွေကို အရည်သွေးကောင်းတဲ့ ကလင်ကာတွေနဲ့ ရောပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် လမ်းခင်းမယ့်လူတွေ၊ ခြံစည်းရိုးကာမယ့်လူတွေ၊ အရေးကြီး အဆောက်အဦ မဟုတ်တဲ့နေရာတွေကို ဘိလပ်မြေအရည်အသွေးမကောင်းဘူးလို့ ၀န်ခံပြီး ရောင်းချခဲ့တယ်။ စက်ပြင်ဆင်ရေးကာလမတိုင်ခင်က ဗိုလ်ချုပ်ကြီးဝေလွင်က ပြင်ပ မရောင်းနဲ့လို့ ပြောပြီးတဲ့နောက်ပိုင်း မည်သူမှ မရောင်းခဲ့ဘူး။
ReplyDeleteyou သိချင်လည်း သိမယ် မသိရင်လည်း သိအောင်ပြောပြမယ်။ 15-10-2013 ရက်နေ့ မျိုးကျော်သူအပါအ၀င် (၄)ဦး အပူလောင်ဒဏ်ရာ အနည်းငယ်ဆီရခဲ့တယ်။ ၀င်းစိုးနိုင်က လွဲပြီးပေါ့။ အဲလိုဒဏ်ရာရတဲ့အချိန်အမှာ အပေါ်ထက်မှာ အစာထိုးချနေတဲ့ဝန်ထမ်းတစ်ယောက်ရှိပါတယ်။ အမည်ကိုတော့ ထုတ်ဖော်မပြောပြချင်ပါဘူး။ သူလည်းမသိလို့လုပ်ခဲ့တာနေမှာပေါ့။ ဒဏ်ရာရတဲ့အဖွဲ့ကတောင် လှမ်းပြီး ဆဲလိုက်ပါတယ်။ ၀န်ထမ်းအချင်းချင်း အခုလိုညီညွှတ်မှုရှိတာ ၀မ်းသာပါတယ်။ you လို စိတ်ဓါတ်မဟုတ်ဘူးပေါ့နော်။ 17-10-2013 ရက်နေ့မှာ ကျော်ဝင်းထွဋ်(ကျောက်ဖား)အသက်ပေးဆပ်လိုက်ရပါတယ်။ ကျောက်ဖားဟာ စက်ရုံအမှုထမ်းသက်လည်း (၁၀)နှစ်ဝန်းကျင်ခန့်ရှိပါတယ်။ သူ့လိုအတွေ့အကြုံရှိ အားကိုးရတဲ့ဝန်ထမ်း အသက်ဆုံးရှုံးလိုက်ရတဲ့အတွက် စက်ရုံကြီးအတွက် များစွာနစ်နာရပါတယ်။ ကျော်ဖားဟာ အတွေ့အကြုံရ အန္တရာယ်ရှိမှန်းသိသော်လည်း အစာပြိုမကျနိုင်လောက်ဘူးထင်ပြီး အကာအကွယ်မျက်မှန်ကို ချွတ်ပြီးအစာကို ကြည့်တဲ့အချိန် ရုတ်တရက်အစာပြိုကျပြိး မျက်လုံးထဲအစာဝင်ပြီး အနည်းငယ်အကွာလောက်ဘဲ သွားနိုင်တဲ့အချိန်မှာ အပူရှိန်ရှိတဲ့အစာတွေပိမိပြီး အသက်ဆုံးရှုံးလိုက်ရတာပါ။ အခုလို အသက်ပေးဆပ်လိုက်ရတဲ့အတွက် နာရေးကိစ္စအ၀၀မှ အစ စက်ရုံမှ တာဝန်ရှိသူစက်ရုံမှူးကြီးမှ အစ အမှုထမ်းတွေအဆုံး ကူညီကျပါတယ်။ စက်ရုံကလည်း ကားကအစ အားလုံးကူညီပေးပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် စက်ရုံးက(၁၀)သိန်း၊ စက်ရုံနဲ့ ဆက်စပ်တဲ့ Farmer Phyoyarzar (၁၀)သိန်း၊ MEC ရုံးချုပ်က (၁၀)သိန်း၊ စစ်ရုံးချုပ်က ဗိုလ်ချုပ်ကလည်း ကူညီပေးသွားတယ်လို့ ကြားမိပါတယ်။ ဆေးရုံးမှာ တက်ရောက်ကု သနေတဲ့ ပြင်ပလုပ်သား ဖြိုးလေး၊ စက်ရုံဝန်ထမ်း(၅)ဦးတို့ကို စားသောက်ရေးမှအစ ဆေးဖိုးအဆုံး လိုအပ်မှု မရှိအောင် ကူညီထောက်ပံ့တာတွေ ကို ပြောပြလေ။ အခုတော့ you က ဒဏ်ရာရတာဘဲပြောတယ်။ စက်ရုံက မည်သို့ မည်ပုံ ကူညီထောက်ပံ့တာတော့ ပြောမပြဘူး
ReplyDeleteyou ကပြောသေးတယ်။ အမှုစစ်တွေက စစ်ဗိုလ်တွေချည်းဘဲပြောတယ်။ စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့ စက်ရုံဘဲ။ စစ်ဗိုလ်အငြိမ်းစားတွေမလာလို့ ဘယ်သူလာမလဲ။ you က ပြောသေးတယ် တာဝန်ရှိသူတွေကို အရေးမယူရင် အမှုစစ်ကို မေးခွန်းထုတ်လိမ့်မယ်တဲ့။ you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။ ဘာမဆိုင်ညာမဆိုင် ခုံးရုံးကို သွားပြီး ရန်ရှာတယ်။
ReplyDeleteHlahlawin (ခ) Kokyi kyaw (facebook) (ခ) hlahlawin83@gmail.com ပိုင်ရှင် ကျွန်တော့အထင် လှဝင်းအောင် ၏ စောက်ပေါဥပမာကြီး
Delete***you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။***
မင်းရဲ့စောက်ပေါ ဥပမာကိုဖတ်ပြီ တော်တော်ရယ်ချင်သွားတယ် ဘာတွေလိုက်ရေးနေလဲ မသိဘူး မင်းရဲ့စောက်ပေါ ဥပမာအတွက် ငါ့အချိန်တွေပေးလိုက်ရတာ မတန်လိုက်တာကွာ
အခုဟာက ရေချိုးနေတာမှ မဟုတ်တာ
ထားလိုက်ပါတော့
ချောင်းစပ်မှာ ငါရယ် ငါ့သားသမီးရယ် ရေသွားချိုးပြီးဆိုပါစို့ ငါသာဆိုရင် ပထမ ချောင်းရဲ့ အတိမ်အနက် ရေစီးနှုန်းကို ကြည့်မယ် ပြီးမှကူးသင့်မသင့် ဆုံးဖြတ်မယ် ရေကနက်တယ် (သို့)ရေအရမ်းစီးနေတဲ့ အချိန်မှာ သားသမီးကို ရေပေးချိုးလို့ သေသွားရင် ငါ့အပြစ် ချောင်းစပ်မှာ ရေချိုးတယ်ဆိုမှတော့ အန္တရယ်ကရှိပြီးသားပဲ အသက်ကယ် အင်္ကျီပေးဝတ်ထားမယ်ပြီးတော့ ငါဘာအလုပ်မှ လုပ်စရာမလိုဘူး ငါ့သားသမီးကို မျက်စိ အောက်ကပျောက်ခံမှာမဟုတ်ဘူး ဘာဖြစ်လိုလဲဆိုတော့ ငါ့သားသမီးထက် အရေးကြီးတဲ့ အရာဘာမှမရှိဘူး ငါပြောတဲ့စကားကို ဟုတ်မဟုတ် မိဘတိုင်းကို မေးကြည့်ပါ
Ok
*လုပ်ငန်း ခွင်မှာ အန္တရယ် အနဲ နဲ့ အများ ရှိတာလက်ခံပါတယ် ဒါပေမယ့် ဖြစ်သင့်တဲ့ အန္တရယ် နဲ့ မဖြစ်သင့်တဲ့ အန္တရယ် ဆိုပြီးတော့ခွဲခြားတက်တဲ့ အသိဥာဏ်တော့ မင်းမှာရှိဖို့လိုလိပ်မယ် *
အခုဟာက တခါလဲမဟုတ်
နှစ်ခါလဲမဟုတ် သုံးခါတိတိဖြစ်ခဲ့တာ မင်းကိုငါမေးမယ် ပထမဖြစ်စဉ်တုန်းက ငါတို့ ဘာပြောခဲ့လို့လဲ ငါတို့နားလည်ပေးခဲ့ပါတယ်
မင်းတို့သာ မိဘစိတ်ရှိရင် ဒီလိုရင်နာစရာအဖြစ်တွေ ဖြစ်လာစရာအကြောင်းကိုမရှိဘူး
ကျေးဇူးပြုပြီးတော့ မိဘနဲ့သားသမီးလို့ယှဉ်ပြီး မနှိုင်းပါနဲ့ မိဘနေရာကမင်းနဲ့ လုံးဝမတန်ဘူး ရွံလိုက်တာကွာ
စစ်ထောက်ချုပ်ကြီးကိုလည်းအားနာပါတယ် မတင်တော့ဘူးလို့ဆုံးဖြတ်ထားပါတယ် ဒါပေမယ့် ဒီစောက်ရူးက မပြောရင် သူပြောတာမှန်တယ်ထင်ပြီး မာန်တက်နေလို့ပါ
Hlahlawin အနေနဲ့ ပြောစရာရှိရင် facebook မှာပြောကြရအောင် ခင်ဗျားသိပါတယ် ကျွန်တော့် account က
*မင်းကျန်စစ် နှလုံးသားပါ*
လှလှဝင်းရေ ဟောင်ချင်ရင်လည်း စကားလုံးနည်းနည်းနဲ့ ပြောချင်တဲ့
ReplyDeleteစကားထိရောက်အောင်ဟောင် ခုတော့
စာစီစာကုံးရေးတာလား။
စာဆိုတာ စကားလုံးနည်းနည်းနဲ့ ထိရောက်အောင်ရေးတတ်ရတယ်။
ခင်ဗျားအဆင့်ကို ခင်ဗျားရေးတဲ့စာတွေက
သက်သေထူနေတယ်။
မင်းကျန်စစ် ကပြောတယ် သူကလည်း စောက်ပေါငပိန်းနားလည်အောင် အချိန်ပေးပြီးရေးထားတာ စာစီစာကုံး ရေးတာမဟုတ်ဘူးတဲ့
Deleteစာစီစာကုန်းလည်း မရေးဘူးကွ။ အခုလို ရှည်ရှည်လေး ရေးရတာက မင်းလို ငတုံးငအတွေ ချေပနိုင်အောင် ကျွန်ုပ်ရေးပေးတာ။ ကျွန်ုပ်ရေးတာတွေ မှားတယ်ဆိုရင် you အနေနဲ့ တစ်ချက်ခြင်းကို ထောက်ပြပါ။ ကျွန်ုပ်သည် မည်သူတစ်ဦးတစ်ယောက်ရဲ့စေခိုင်းချက် ရေးတာမဟုတ်။ အမှန်တရားတွေ သိစေချင်လို့ ရေးတာ။ you လည်း you ပြုတဲ့မကောင်းမှုကုသိုလ်ကံတွေ မကြာမီ ကျရောက်လာလိမ့်မယ်။ you ကို လူတော်တော်များများက မေတ္တာပို့နေလောက်ပီ။
ReplyDeleteမင်းကျန်စစ် နဲ့ ၀ိသုကြုံ
Deleteမင်းတို့လုပ်ရင်းနဲ့ Hlahlawin စောက်ပေါကြီးကနေ စောက်ရူးကြီးရာထူးတက်သွားအုန်းမယ် သွားတော့မလုပ် နဲ့ သူကငါ့ကိုသိတယ်တဲ့ ဟဲဟဲ
This comment has been removed by the author.
ReplyDeleteလှလှဝင်း ခင်ဗျာ ဟာသရေးစားပါလား
DeleteThis comment has been removed by the author.
ReplyDelete