Wednesday, October 30, 2013
Facebook မှာ မဖတ်​ရ​သေး​သော သူငယ်​ချင်းများအတွက်
ကျွန်​​တော်​တို့ စက်​ရှုံမှာ စက်​ပြင်​ကာလကို
တလခွဲ​လောက်​ မနက်​ ၇း၀၀ နာရီ မှ ည ၁၀း၀၀ အထိ နားရက်​မရှိ အလုပ်​ဆင်းရပြီ​နောက်​ ၁၀.၁၀.၂၀၁၃မှာစက်​ရုံ စတင်​လည်​ပတ်​ခဲ့ပါတယ်​ ဒါ​ပေမယ့်​ မီးသင်းဖို ဌာနSP မှာ
အေး​နေတဲ့ အစာ(​ကျောက်​မှုန့်​ ​မြေမှုန့်​ )​တွေက ပိတ်​​နေပါတယ်
မြင်​​အောင်​​ပြောရရင်​ ကြီးမားတဲ့ပိုက်​လုံးရဲ့​အောက်​​ခြေမှာ ​အေး​နေတဲ့အစာ​ဟောင်း​တွေက ပိတ်​​နေတယ်
အစာ​ဟောင်း​တွေရဲ့အထက်​မှာ စက်​ရုံ လည်​ပတ်​ထားတဲ့အတွက်​ အပူချိန်​ ပျမ်းမျှ ၆၀၀ ​ကျော်​ရှိတဲ့ အစာ​တွေရှိပါတယ်
ထိုပြဿနာကို​ဖြေရှင်းဖို့အတွက်​ အထက်​အရာရှိ​တွေက စက်​ကိုမရပ်​ချင်​ပါဘူး
အန္တရယ်​ကင်း​အောင်​ စက်​ကိုရပ်​ပြီးပူ​နေတဲ့အစာ​တွေကို​အေး​အောင်​​စောင့်​ပြီး မှ ပိတ်​​နေတဲ့ အစာ​တွေကို ရှင်းထုတ်​သင့်​​ပေမယ့်​ စက်​ကိုတပတ်​ခန့်​ရပ်​လိုက်​ရင် ဆုံးရှူံး မှု​တွေအတွက်​ ရုံးချုပ် ကို​ဖြေရှင်းချက်​​ပေးရမှာဖြစ်​ပြီး စက်​ရုံ မှူးအ​နေနဲ့ နာမည်​ပျက်​နိုင်​ပါတယ်​ စက်​ရုံမှူး​ကြီးသာထွန်းနေရာကစဉ်းစားရင်​ သူကစက်​ရုံမှူး​နေရာမှ ထုတ်​ပယ်​ခံရမှာ​ကြောက်​ပါတယ်​ ပြီး​တော့စက်​ရုံမှူး​ကြီးနေရာက စက်​လည်​ ရင်​သူ့အတွက်​ တ​နေ့ကို ဘိလပ်​​မြေတန်​ ၂၀ ခွဲတန်းရရှိပါတယ်​ ဒါ​ကြောင့်​ အဓိကတာဝန်​ရှိသူ ဌာနမှူးဖြစ်​တဲ့ လ/ထစက်ရုံမှူးဗိုလ်​ကြီးလှဝင်းအောင်​ အပါအ၀င်​ အရာရှိအဆင့်​ဆင့်​ဟာ သူတို့​တွေရဲ့ အတ္တ​တွေကို အရင်းခံပြီး  အန္တရယ်အလွန်​များတဲ့ ဆုံးဖြတ်​ချက်​ကိုချခဲ့ပါတယ်​ အဲ့ဒါက​တော့ စက်​ကိုလည်​လျှက်​ ပိုက်​လုံးကြီးထဲမှာအစာပိတ်​​နေတဲ့ ​နေရာက အ​ပေါက်​​လေးကိုဖွင့်​ပြီး ပိတ်​​နေတဲ့အစာ​တွေကို သံ​ချောင်း(သို့)၀ါလုံး နဲ့ ထိုးချရမှာဖြစ်​ပါတယ်​ ။ အထက်​အမိန့်​အရ ၀န်​ထမ်း​တွေဟာ စတင်​ပြီးသံ​ချောင်းနဲ့ထိုးရပါတယ်​ တခါထိုးရင်​ နှစ်​​ယောက်​သာ ထိုးလို့ရပါတယ်​ ထိုးချတဲ့သူနှစ်​​ယောက်​ ​မောပြီဆိုရင်​ ​နောက်​နှစ်​​ယောက်​က ၀င်​လုပ်​ရပါတယ်​ အလှည်​ကျ​ပေါ့ဗျာ ဒီလိုနဲ့
(15.10.2013 )ရက်နေ့ နေ့လည်ပိုင်းမှာပိတ်​​နေတဲ့ ​နေရာအနည်းငယ်​ ပွင့်​သွားပြီး ပန်းထွက်​လာတဲ့အလွန်​တရာ ပူလွန်းလှတဲ့ အစာ(​ကျောက်​မှုန့်​ ​မြေမှုန့်​)​ကြောင့်​  က​လေးလုပ်​သားဖြစ်​တဲ့ပြင်​ပအလုပ်သမား ၁၄နှစ်သားလေးဟာ ၀တ်​ထားတဲ့​ဘောင်းဘီပါပြတ်​ထွက်​သွားပြီး အပူ​လောင်​ ဒဏ်​ရာပြင်းထန်​စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်​ထမ်း​တွေပါ အပူ​လောင်​ဒဏ်​ရာ​တွေရရှိခဲ့ပါတယ်​  အနည်းငယ်​သာပွင့်​သွားတဲ့ အတွက်​ ပိုက်​လုံးကြီးဟာ အစာ​တွေနဲ့ပြန်​ပိတ်​သွားခဲပါတယ်
ဒါကပထမအကြိမ်​မှာပါ အန္တရယ် အလွန်​ရှိမှန်းသိခဲရပြီးပါပြီး
လုံးဝအန္တရယ်ဖြစ်​နိုင်​မှန်းသိတယ်
ဒါပေမယ့် အလုပ်ကိုမရပ်ဘူး ၊ စက်​ကို မရပ်​ဘူး ပြီး​တော့အကာအကွယ်​ပစ္စည်း​မ​ပေးဘဲ ဆက်​လုပ်​ခိုင်းပါတယ်​ အဲဒီနေ့
ညပိုင်းကျတော့ ဝန်ထမ်း
လေးယောက်အပူ​လောင်​ပြီး တစ်​​ယောက်​က​တော့ပြင်းထန်​စွာအပူထပ်​​လောင်​ပါတယ်​ ဒါကဒုတိယအကြိမ်​ အဖြစ်​အပျက်​ပါ
အန္တရယ် ဖြစ်​ကိုဖြစ်​မယ်​ဆိုတဲ့အ​နေအထားဆိုတာ လုံးဝ​သေချာ​နေပါပြီ သို့​ပေမယ့်​ အကာအကွယ်​ပစ္စည်း​တောင်​မ​ပေးဘဲ ဆက်​ပြီးလုပ်​ခိုင်းပါတယ်
အဲဒီလိုနဲ့ လုပ်လာလိုက်တာ
17.10.2013ရက်နေ့ရောက်တော့ ပိတ်​​နေတဲ့
အ​ပေါက်​ ဟာပွင့်​ထွက်​သွားပြီး
ဗုံးပေါက်ကွဲသွားသလိုပါဘဲ ပြီး​တော့ အစာပူ​တွေတရှိန်​ထိုးပွင့်​ထွက်​လာတဲ့ အတွက်​အလုပ်လုပ်နေတဲ့ ဝန်
ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့  ဘာမှ
မမြင် ပြေးကြလွှားကြ  အသက်ရှူကြပ်ကြနဲ့ ​ပေါ့ မပြေးသာလိုက်တဲ့ကျ​နော့သူငယ်​ချင်း ကျော်ဝင်းထွဋ်(
ကျောက်ဖား)တယောက်ကတော့ တရှိန်​ထိုးပန်းထွက်​လားတဲ့  ပြင်းထန်းလွန်းတဲ့အပူရှိန်​ရှိတဲ့ ​ကျောက်​မှုန်​​တွေ​အလယ်​မှာ အပူဒဏ်​ကိုမချိမဆန့်​ ခံစားရ​နေပါပြီး တခြားဝန်​ထမ်း​တွေဟာလဲ ကိုယ့်​အသက်​အတွက်​ ဘာမှမမြင်​ရ​တော့တဲ့
အ​ခြေအ​နေမှာ အချို့က အထပ်​မြင့်​ရဲ့ လက်​ရမ်းသံပိုက်​​ပေါ်ကိုတက်​ တွဲထား ပြီခို​နေရပါတယ်​ ​အောက်​မှာက ​ကျောက်​အမှုန့် ပူ​တွေကရှိ​နေတဲ့အတွက်​ ​ခြေချလို့မရပါဘူး ဒီလိုနဲ့ ၁၀ မိနစ်​​လောက်​ကြာ​တော့ ပတ်​၀န်းကျင်​ကို အနည်းငယ်​ပြန်​မြင်​ရပါပြီ
ကျ​နော့သူငယ်​ချင်း ​​ကျော်​၀င်းထဋ်​ ရဲ့ အဖြစ်​အပျက်​ကိုမြင်​​တော့ အနားမှာ လက်​ရမ်း​ပေါ်ကိုတက်​ပြီး ​သူနဲ့အတူလုပ်​ကိုင်​နေရတဲ့ ၀န်​ထမ်း ​က သူခံစားရတဲ့အပူဒဏ်​ကို​မေ့ပြီး ​ကျောက်​မှုန့်​ပူ​တွေထဲကသူ့ လုပ်​​ဖော်​ကိုင်​ဖက်​ ရဲ့အဖြစ်​ကိုမကြည့်​ရက်​တဲ့ အတွက် ကယ်​ဖို့ဆင်းသွားခဲ့ပါတယ်​ သို့​ပေမယ့်
သုံလှမ်း​လောက်​သာလှမ်းနိင်​ပြီး အပူဒဏ်​ကိုမခံနိုင်​​တော့တဲ့ အတွက်​ လက်​ရမ်း
သပိုက်​​ပေါ် အမြန်​ပြန်​တက်​ခဲ့ရပါတယ်
ကျော်​၀င်းထွဋ်​ နဲ့ အနီးဆုံးဖြစ်​တဲ့ သံပိုက်​​ပေါ်မှ တခြားဝန်​ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ​ကျော်​၀င်းထွဋ်​ ကို ကမ်း​ပေးလိုက်​ပါတယ်​ ​ကျော်​၀င်းထွဋ်းဟာ ​ကျောက်​ပူမှုန်​​တွေက မျက်​စိထဲပိတ်​​နေတဲ့အတွက်​ သူ့ကိုကမ်း​ပေးတဲ့ ၀ါလုံး​လေးကို ​မမြင်​နိုင်​ပါဘူး သို့​ပေမယ့်​ သူ့ခန္ဓာကိုယ်​ကို တစ်​စုံတခုက လာပြီးထိ​နေတယ်​ဆိုတဲ့ ခံစားချက်​အသိကြောင့်​​ အပူဒဏ်​ကလွတ်​​မြောက်​ဖို့အတွက်​ နောက်​ ဆုံးရှိသမျှအားနဲ့ ၀ါလုံးကိုတချက်​ကိုင်​လိုက်​နိုင်​ပါတယ်
ခဏ​လေးအတွင်းမှာပဲ အ​နောက်​ကိုလန်​ကျသွားပါတယ်
သူက အဲ့ဒီ​နေရာ မှာပဲ အပူဒဏ်​ကိုဆိုးဝါးစွာခံစားရင်း အသက်​​ပေးလိုက်​ရပါတယ်​ သူဟာ​ကျောက်​မှုန့်​ ​တွေပိလို့​သေဆုံးရတာမဟုတ်​ပါဘူး ပြင်းထန်​တဲ့ အပူဒဏ်​​ကြောင့်​​သေဆုံးရတာပါ
ပိုပြီးရင်​နာစရာ​ကောင်းတာက သူမှာ ဇနီးဖြစ်​သူ မစုနှင့်​ တစ်​နှစ်​ကိုးလသားအရွယ်​ရင်​​သွေးတဦးကျန်​ခဲ့ပါတယ်​ ဒါကတတိယအကြိမ်​ အဖြစ်​အပျက်​ပါ
အခုမြိုင်​က​လေး​ဆေးရုံမှာ ဒဏ်​ရာပြင်းထန်​သူ များတက်​​ရောက်​လျှက်​ရှိပါတယ်
ကျ​နော့သူငယ်​ချင်းသေဆုံးတဲ့  အနေအထားကိုကြည့်ပြီးကျ​နော
တို့မြန်​မာ့စီးပွား​ရေး​ကော်​ပို​ရေးရှင်း(M.E.C) အမှတ်​(၂)တန်၄၀၀၀ ဘိလပ်​​မြေစက်​ရုံ ၊ မြိုင်​က​လေး ၊ကရင်​ပြည်​နယ်​ က ဝန်ထမ်း
တွေဟာ အကာအကွယ်မဲ့နေတယ်လို့
ခံစားရတယ်။အထူးသဖြင့်
ဥပဒေရဲ့ အကာအကွယ်ပါ
လူတယောင်လုံး သေနေ
သာတောင်မှဘဲ လူသေမှု
အနေနဲ့  ဘယ်ရဲမှလာမစစ်
ဆေးဘူး။ကြက်ကလေး
ငှက်ကလေး သေ သွားသ
လိုဘဲ  ဘာမှမထူးဘူး။
ကျ​နော်​တို့အကူအညီမဲ့​နေပါတယ် ဘယ်​သူ့ကို အကူအညီ​တောင်းရမယ်​ဆိုတာလဲကျ​နော်​တို့မသိပါဘူး
ကျ​နောတို့ကို ကူညီပါ
ကျေးဇူးတင်​ပါတယ်
ဖိနှိပ်​ခံတန်​၄၀၀၀မိသားစု
13 comments:
  1. ပြားပြား? လုံးလုံး?လား တော့မသိတဲ့ သူရေ။ ယူ့ကို ပြောပြချင်တဲ့အချက်လေးတွေ ရှိတယ်။ you က စက်ပြင်ကာလ နားရက်မရှိဘူးပြောတယ်ဆိုတာ လက်ခံပါတယ်။ you တို့အလုပ်က စက်ပြင်ကာလမှာဘဲ အလုပ်ရှိတယ်။ ပုံမှန်စက်လည်လို့ ရှိရင် you တို့အလုပ်က ဘာရှိလို့လဲ။youက ကိုယ်လုပ်ရတာဘဲမြင်တာကို။ စက်က (၂)နှစ်မှ တစ်ကြိမ်ဘဲပြင်တယ်လေ။ ကျန်တဲ့အချိန်တွေကို you ထည့်ပြောလေ။ you တို့က ၀န်ထမ်းလေ အမေ့အိမ်မှာလိုတော့ အေးဆေးနေလို့ရမလား။ you ကို မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ you က အခု တန်(၄၀၀၀)မှာ ဖြစ်တဲ့အဖြစ်အပျက်တွေကို အမှန်အတိုင်းရေးလေ။ အခုတော့ you က စက်ရုံကြီးကို အမည်ပျက်အောင်လုပ်နေတယ်။ you ကြောင့် စက်ရုံကြီးကို လူတွေတော်တော်များတော့ သိသွားပါတယ်။ you အမှန်အတိုင်းမရေးတဲ့ အကြောင်းအရာတွေကို ပြောပြမယ်နော်။ စက်ရုံမှာ ပထမဆုံးဖြစ်တဲ့ ဖြိုးလေး ဖြစ်စဉ်ကို ပမထမဆုံး ပြောပြမယ်။ you တို့ စက်ပြင်ကာလမို့ ပင်ပန်းနေလို့ လူကြီးတွေက စေတနာနဲ့ ငါ့ဝန်ထမ်းတွေ ပင်ပန်းနေပါတယ်ဆိုပြီး ပြင်ပလုပ်သားကို ခေါ်ပြီးခိုင်းတယ်။ ပြင်ပလုပ်သားကို ခေါ်ခိုင်းတဲ့အထဲမှာ အသက်အရွယ် ငယ်ရွယ်သူ ဖြိုးလေး ပါလာတယ်။ အထက်လူကြီးတွေကတော့ အသက်ငယ်တဲ့လူပါမပါဆိုတာ ဘယ်သိတော့မလဲ။ အလုပ်သမားခေါင်းလွှတ်လိုက်တာဘဲလေ။ အသက်ငယ်ရွယ်သူပါလို့ ဟိုတိုင်မယ်၊ ဒီတိုင်မယ်ပြောတယ်။ အဲလိုမှအလုပ်မလုပ်ရင် သူ့မိသားစုကို ဘယ်သူထောက်ပံ့ပေးမလဲ။ ILO ကထောက်ပံ့မလား။ အသက်ငယ်လို့ ခိုင်းတဲ့လူတွေကို အပြစ်ပြောတဲ့လူတွေက ထောက်ပံ့မလား။ မည်သူမှ ထောက်မပံ့ပါဘူး။ အခု အပူလောင်ဒဏ်ရာရတဲ့ကလေးကို မည်သူတွေသွားကြည့်ပါသလဲ။ စက်ရုံကအရာရှိတွေက လိုအပ်ချက်မရှိအောင် အားလုံးကူညီဆောင်ရွက်ပေးတယ်။ အဲဒီ့အချက်တွေ you ပြောလေ။ you အကျင့်က အောက်စီဂျင်ဘဲ။ အောက်ဆီဂျင်ဆိုတာ သိလား။ ကိုယ်တိုင်တော့မီးမလောင်ဘူး။ မီးလောင်ရာတော့ လေပင့်တဲ့လူဘဲ။ အခု ဖြိုလေး ဒဏ်ရာ အခုလောက်များသွားရတာက အပူရှိန်နဲ့ နိုင်လွန် အ၀တ်အစားတွေနဲ့တွေ့လိုဘဲ။ ဖြိုးလေး သာ ချည်သားအ၀တ်အစားတွေ ၀တ်ဆင်ထားရင် အခုလို မဖြစ်ဘူး
    ReplyDelete
    Replies
    1. မင်းကျန်​စစ်​ ရဲ့တုန့်​ပြန်​မှု
      တစ်​ခုချင်း​ ချေပ​ပြောဆိုပါဆိုလို့
      မ​ပြောပြန်​ရင်​လည်း သူ​ပြောတာမှန်​တယ်​ဆိုပြီးမာန်​တက်​​နေတဲ့
      Hlahla win မိန်းမအမည်​ နဲ့ ဂန်​ဒူး​ရေ စက်​ပြင်​ကာလမှာပဲ စက်​ပြင်​ရတယ်​လို့ ​မင်း​ပြောတယ်​ စက်​လည်​တဲ့အခါ အလုပ်​လုပ်​ရတယ်​ မလုပ်​ရဘူးဆိုတာ ၀န်​ထမ်းအားလုံးသိပါတယ်​ မင်း​သေ​သေချာချာ​လေ့လာပါ
      ပြင်​ပလုပ်​သားကို ဘာ​ကြောင့်​​ခေါ်တာလဲ ဆို​တော့ ၀န်​ထမ်းအင်​အားနဲ့မနိုင်​လို့ လိုအပ်​လို့​ခေါ်တာ အပို​တွေ​ပြောမ​နေနဲ့
      ဒီpost​လေးက အကူအညီမရခင်​ကတည်းက ​ရေးထားတာပါ
      မင်းတို့က ဖုံးဖိလို့မရ​တော့မှ​ပေးတယ်​ ကျန်​တဲ့သူ​တွေက
      Hlahlawin ​ရေ ​ပြောစရာရှိရင်
      မင်​ကျန်စစ်​ နှလုံးသား(facebook ) မှာဆက်​လက်​​ဆွေး​နွေးကြတာ​ပေါ့
      ဒီတခါ​တော့ ခရီးသွားအုန်းမယ်​ ဆိုပြီး ထပ်​ထွက်​မ​ပြေး​နဲ့ ​တော့​နော်
      Delete
  2. you ကပြောတယ်။ စက်ကိုရပ်မထားဘူးတဲ့။ you က စက်ရုံဝန်ထမ်းမဟုတ်လောက်ဘူး။ စက်ရုံဝန်ထမ်းဆိုရင်လည်း တော်တော်အတဲ့လူ တစ်ယောက်ဖြစ်မယ်။ မိမိစက်ရုံကြီးလည်တယ်မလည်ဘူး မသိရှာဘူးဘဲ။ စက်ကို ၁၅ ရက်နေ့ မနက် ၅ နာရီလောက်ကတည်းက ရပ်ထားတယ်။ Cyclone အစာပိတ်တာ အခုမှ ပိတ်ဘူးတာလား ? မဟုတ်ပါဘူးကွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါဘဲကွာ။ အခုကျမှ မင်းတို့က ပုံကြီးချဲ့တာပါ။ အခု ဖြိုလေး ဘာလို့ဒဏ်ရာရလဲ။ ဘယ်အချိန်မှာ ဖြစ်သွားတာလဲ you သိလား။ ဖြိုးလေးဟာ ကြီးကြပ်သူ ၀န်ထမ်းခိုင်းတဲ့နေရာမှာ ရှိနေရင် အခုလိုမဖြစ်ပါဘူး။ ဖြိုးလေး အောက်ဆင်းသွားတဲ့အချိန် အစာအနဲငယ်ပြိုကျတာနဲ့ ကြုံသွားတာပါ။ you က ပြောသေးတယ် စက်ကို မရပ်ချင်ဘူးလို့။ စက်လည်ရင် စက်ရုံမှူးကြီးအနေနဲ့ တစ်နေ့ တန်(၃၀) ရမယ်။ဟဟဟဟဟ ရယ်ရတယ်ဟေ့။ တစ်နေ့ တန်(၃၀)မပြောနဲ့ (၁)တန်ရရင်ကို ချမ်းသာပြီ။ you ကသူ့များကို အပြစ်လဲပြောချင်တယ် ပြောလဲမပြောတတ်ဘူး။ you သိအောင် ပြောပြမယ်။ စက်ရုံမှူးကြီးအနေနဲ့ သူ့လုပ်ပိုင်ခွင့်အနေနဲ့ တစ်နေ့ကို တန်(၂၀) ရောင်းချပိုင်ခွင့်ရှိတယ်။ ရောင်းလဲ ရောင်းချခဲ့ပါတယ်။ အဲလိုမှ မရောင်းခဲ့ရင် မည်သူမှ ၀ယ်တဲ့လူ မရှိတဲ့ အချိန်က ဘိလပ်မြေတွေက ဆိုင်လို မှာအပြည့်။ ကလင်ကာတွေကလည်း ဆိုင်လိုအပြည့်နဲ့။ ကလင်ကာတွေ ထားစရာမရှိလို့ စက်ရုံအပြင်မှာ ပုံထားရတဲ့အထိဘဲ။ ပွင့်လင်းရာသီရောက်လို့ ဘိလပ်မြေဈေး အနည်းငယ် လှုပ်တဲ့အချိန်မှာ မိုးမိထားတဲ့ ကလင်ကာ(အရည်သွေးမမီတဲ့ကလင်ကာ)တွေကို အရည်သွေးကောင်းတဲ့ ကလင်ကာတွေနဲ့ ရောပြီး ကျေးလက်ဖွံ့ဖြိုးရေးအတွက် လမ်းခင်းမယ့်လူတွေ၊ ခြံစည်းရိုးကာမယ့်လူတွေ၊ အရေးကြီး အဆောက်အဦ မဟုတ်တဲ့နေရာတွေကို ဘိလပ်မြေအရည်အသွေးမကောင်းဘူးလို့ ၀န်ခံပြီး ရောင်းချခဲ့တယ်။ စက်ပြင်ဆင်ရေးကာလမတိုင်ခင်က ဗိုလ်ချုပ်ကြီးဝေလွင်က ပြင်ပ မရောင်းနဲ့လို့ ပြောပြီးတဲ့နောက်ပိုင်း မည်သူမှ မရောင်းခဲ့ဘူး။
    ReplyDelete
  3. you သိချင်လည်း သိမယ် မသိရင်လည်း သိအောင်ပြောပြမယ်။ 15-10-2013 ရက်နေ့ မျိုးကျော်သူအပါအ၀င် (၄)ဦး အပူလောင်ဒဏ်ရာ အနည်းငယ်ဆီရခဲ့တယ်။ ၀င်းစိုးနိုင်က လွဲပြီးပေါ့။ အဲလိုဒဏ်ရာရတဲ့အချိန်အမှာ အပေါ်ထက်မှာ အစာထိုးချနေတဲ့ဝန်ထမ်းတစ်ယောက်ရှိပါတယ်။ အမည်ကိုတော့ ထုတ်ဖော်မပြောပြချင်ပါဘူး။ သူလည်းမသိလို့လုပ်ခဲ့တာနေမှာပေါ့။ ဒဏ်ရာရတဲ့အဖွဲ့ကတောင် လှမ်းပြီး ဆဲလိုက်ပါတယ်။ ၀န်ထမ်းအချင်းချင်း အခုလိုညီညွှတ်မှုရှိတာ ၀မ်းသာပါတယ်။ you လို စိတ်ဓါတ်မဟုတ်ဘူးပေါ့နော်။ 17-10-2013 ရက်နေ့မှာ ကျော်ဝင်းထွဋ်(ကျောက်ဖား)အသက်ပေးဆပ်လိုက်ရပါတယ်။ ကျောက်ဖားဟာ စက်ရုံအမှုထမ်းသက်လည်း (၁၀)နှစ်ဝန်းကျင်ခန့်ရှိပါတယ်။ သူ့လိုအတွေ့အကြုံရှိ အားကိုးရတဲ့ဝန်ထမ်း အသက်ဆုံးရှုံးလိုက်ရတဲ့အတွက် စက်ရုံကြီးအတွက် များစွာနစ်နာရပါတယ်။ ကျော်ဖားဟာ အတွေ့အကြုံရ အန္တရာယ်ရှိမှန်းသိသော်လည်း အစာပြိုမကျနိုင်လောက်ဘူးထင်ပြီး အကာအကွယ်မျက်မှန်ကို ချွတ်ပြီးအစာကို ကြည့်တဲ့အချိန် ရုတ်တရက်အစာပြိုကျပြိး မျက်လုံးထဲအစာဝင်ပြီး အနည်းငယ်အကွာလောက်ဘဲ သွားနိုင်တဲ့အချိန်မှာ အပူရှိန်ရှိတဲ့အစာတွေပိမိပြီး အသက်ဆုံးရှုံးလိုက်ရတာပါ။ အခုလို အသက်ပေးဆပ်လိုက်ရတဲ့အတွက် နာရေးကိစ္စအ၀၀မှ အစ စက်ရုံမှ တာဝန်ရှိသူစက်ရုံမှူးကြီးမှ အစ အမှုထမ်းတွေအဆုံး ကူညီကျပါတယ်။ စက်ရုံကလည်း ကားကအစ အားလုံးကူညီပေးပါတယ်။ ကျန်ရစ်သူ မိသားစုအတွက် စက်ရုံးက(၁၀)သိန်း၊ စက်ရုံနဲ့ ဆက်စပ်တဲ့ Farmer Phyoyarzar (၁၀)သိန်း၊ MEC ရုံးချုပ်က (၁၀)သိန်း၊ စစ်ရုံးချုပ်က ဗိုလ်ချုပ်ကလည်း ကူညီပေးသွားတယ်လို့ ကြားမိပါတယ်။ ဆေးရုံးမှာ တက်ရောက်ကု သနေတဲ့ ပြင်ပလုပ်သား ဖြိုးလေး၊ စက်ရုံဝန်ထမ်း(၅)ဦးတို့ကို စားသောက်ရေးမှအစ ဆေးဖိုးအဆုံး လိုအပ်မှု မရှိအောင် ကူညီထောက်ပံ့တာတွေ ကို ပြောပြလေ။ အခုတော့ you က ဒဏ်ရာရတာဘဲပြောတယ်။ စက်ရုံက မည်သို့ မည်ပုံ ကူညီထောက်ပံ့တာတော့ ပြောမပြဘူး
    ReplyDelete
  4. you ကပြောသေးတယ်။ အမှုစစ်တွေက စစ်ဗိုလ်တွေချည်းဘဲပြောတယ်။ စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့ စက်ရုံဘဲ။ စစ်ဗိုလ်အငြိမ်းစားတွေမလာလို့ ဘယ်သူလာမလဲ။ you က ပြောသေးတယ် တာဝန်ရှိသူတွေကို အရေးမယူရင် အမှုစစ်ကို မေးခွန်းထုတ်လိမ့်မယ်တဲ့။ you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။ ဘာမဆိုင်ညာမဆိုင် ခုံးရုံးကို သွားပြီး ရန်ရှာတယ်။
    ReplyDelete
    Replies
    1. Hlahlawin (ခ) Kokyi kyaw (facebook) (ခ) hlahlawin83@gmail.com ပိုင်​ရှင်​ ကျွန်​​တော့အထင်​ လှဝင်း​အောင်​ ၏ ​စောက်​​ပေါဥပမာကြီး
      ***you ကို ဥပမာ တစ်ခုပြောပြမယ်။ you သားသမီး တစ်ယောက် you မျက်စိအောက်မှာရှိတဲ့ ချောင်းစပ်မှာ ရေချိုးနေတယ် ဆိုပါဆို့။ you လည်း you အလုပ်ကို လုပ်နေမယ်။ ယူ သတိမထားမိတဲ့အချိန်မှာ you ကလေး ရေနစ်သေဆုံးသွားပါတယ် ဆိုပါတော့။ you ဟာ ကလေးကို ရေနစ်သေဆုံးနိုင်တဲ့အန္တရာယ်ရှိမှန်းသိရက်နဲ့ ရေပေးဆင်းချိုးတဲ့အတွက် ယူမှာ တာဝန်ရှိတယ်လို့ ပြောရင်ယူလက်ခံမလား။ ရေဆင်းချိုးမှတော့ ရေနစ်နိုင်တဲ့ အန္တရာယ်တော့ရှိတောပေါ့။ အခုလည်း အဲလိုဘဲ အလုပ်လုပ်မှတော့ လုပ်ငန်းခွင်အန္တရာယ်တော့ အနည်းအများတော့ရှိမှာ။***
      မင်းရဲ့​စောက်​​ပေါ ဥပမာကိုဖတ်​ပြီ ​တော်​​တော်​ရယ်​ချင်​သွားတယ်​ ဘာ​တွေလိုက်​​ရေး​နေလဲ မသိဘူး မင်းရဲ့​စောက်​​ပေါ ဥပမာအတွက်​ ငါ့အချိန်​​တွေ​ပေးလိုက်​ရတာ မတန်​လိုက်​တာကွာ
      အခုဟာက ​ရေချိုး​နေတာမှ မဟုတ်​တာ
      ထားလိုက်​ပါ​တော့
      Ok
      *လုပ်​ငန်း ခွင်​မှာ အန္တရယ်​ အနဲ နဲ့ အများ ရှိတာလက်​ခံပါတယ်​ ဒါ​ပေမယ့်​ ဖြစ်​သင့်​တဲ့ အန္တရယ် နဲ့ မဖြစ်​သင့်​တဲ့ အန္တရယ် ဆိုပြီး​တော့ခွဲခြားတက်​တဲ့ အသိဥာဏ်​​တော့ မင်းမှာရှိဖို့လိုလိပ်​မယ်​ *
      အခုဟာက တခါလဲမဟုတ်
      နှစ်​ခါလဲမဟုတ်​ သုံးခါတိတိဖြစ်​ခဲ့တာ မင်းကိုငါ​မေးမယ်​ ပထမဖြစ်​စဉ်​တုန်းက ငါတို့ ဘာ​ပြောခဲ့လို့လဲ ငါတို့နားလည်​​ပေးခဲ့ပါတယ်
      မင်းတို့သာ မိဘစိတ်​ရှိရင်​ ဒီလိုရင်​နာစရာအဖြစ်​​တွေ ဖြစ်​လာစရာအ​ကြောင်းကိုမရှိဘူး
      စစ်​​ထောက်​ချုပ်​ကြီးကိုလည်းအားနာပါတယ်​ မတင်​​တော့ဘူးလို့ဆုံးဖြတ်​ထားပါတယ်​ ဒါ​ပေမယ့်​ ဒီ​စောက်​ရူးက မ​ပြောရင်​ သူ​ပြောတာမှန်​တယ်​ထင်​ပြီး မာန်​တက်​​နေလို့ပါ
      Hlahlawin အ​နေနဲ့ ​ပြောစရာရှိရင်​ facebook မှာ​ပြောကြရ​အောင်​ ခင်​ဗျားသိပါတယ်​ ကျွန်​​တော့် account က
      *မင်းကျန်​စစ်​ နှလုံးသားပါ*
      Delete
  5. လှလှဝင်းရေ ဟောင်ချင်ရင်လည်း စကားလုံးနည်းနည်းနဲ့ ပြောချင်တဲ့
    စကားထိရောက်အောင်ဟောင် ခုတော့
    စာစီစာကုံးရေးတာလား။
    စာဆိုတာ စကားလုံးနည်းနည်းနဲ့ ထိရောက်အောင်ရေးတတ်ရတယ်။
    ခင်ဗျားအဆင့်ကို ခင်ဗျားရေးတဲ့စာတွေက
    သက်သေထူနေတယ်။
    ReplyDelete
    Replies
    1. မင်းကျန်​စစ်​ က​ပြောတယ်​ သူကလည်း ​စောက်​​ပေါငပိန်းနားလည်​​အောင်​ အချိန်​​ပေးပြီး​ရေးထားတာ စာစီစာကုံး ​ရေးတာမဟုတ်​ဘူးတဲ့
      Delete
  6. စာစီစာကုန်းလည်း မရေးဘူးကွ။ အခုလို ရှည်ရှည်လေး ရေးရတာက မင်းလို ငတုံးငအတွေ ချေပနိုင်အောင် ကျွန်ုပ်ရေးပေးတာ။ ကျွန်ုပ်ရေးတာတွေ မှားတယ်ဆိုရင် you အနေနဲ့ တစ်ချက်ခြင်းကို ထောက်ပြပါ။ ကျွန်ုပ်သည် မည်သူတစ်ဦးတစ်ယောက်ရဲ့စေခိုင်းချက် ရေးတာမဟုတ်။ အမှန်တရားတွေ သိစေချင်လို့ ရေးတာ။ you လည်း you ပြုတဲ့မကောင်းမှုကုသိုလ်ကံတွေ မကြာမီ ကျရောက်လာလိမ့်မယ်။ you ကို လူတော်တော်များများက မေတ္တာပို့နေလောက်ပီ။
    ReplyDelete
    Replies
    1. မင်းကျန်​စစ်​ နဲ့ ၀ိသုကြုံ
      မင်းတို့လုပ်​ရင်းနဲ့ Hlahlawin ​စောက်​​ပေါကြီးက​နေ ​စောက်​ရူးကြီးရာထူးတက်​သွားအုန်းမယ်​ သွား​တော့မလုပ်​ နဲ့ သူကငါ့ကိုသိတယ်​တဲ့ ဟဲဟဲ
      Delete