Thursday, October 24, 2013

MECဝန်ထမ်းများအပေါ် MD တယောက်ပြောသွားသော MEC၏သဘောထား

24.10.2013ရက်နေ့
မနက် ၁၀နာရီဝန်းကျင်မှစပြီး
တန်၄၀၀၀စက်ရုံ၏ ဝန်ထမ်း
များအပေါ် MECရဲ့သဘော
ထား ယခုအန္တရယ်ဖြစ်ရာမှာ
ဘယ်သူ့မှာ တာဝန်ရှိ သလဲ
အင်တာနက်သတင်းတွေ
အကြောင်း နောက်နောင်
ဘယ်လိုနေကြရမယ်။ခုပြစ်
လို့ဆေးရုံတက်နေရတဲ့သူတွေကို ဘယ်လိုဆေးကုပေးမယ်။
သွေသွားတဲ့သူအတွက်
ဘယ်လိုသတေးထားတယ်
စသဖြင့် MECဝန်ထမ်းများအပေါ်
MECရဲ့ပေါလစီကို ကွက်ကွင်းကွင်းမြင်အောင်
ဝန်ထမ်းများအတွက် သမိုင်း
တွင်တဲ့ စကားများပါ။
MECရဲ့MD တယောက်က
ပြောသွားသော တန်၄၀၀၀နဲ့
ဆိုင်တဲ့စကားများကိုသာအ
နှစ်ချုပ်တင်ပြပါမယ်။
၁။။ဝန်ထမ်းလိုင်းခန်းအသစ်ဆောက်ဘို့ရှိပါတယ်။ဆယ်ခန်းတွဲ နှစ်ထပ်ဆောင် သုံးဆောင်ပါ။ဝန်ထမ်းတွေဟာလစာ နည်တယ်ဆိုပေမယ့် အခြား
ကုမ္ပဏီတွေ လစာ လေးငါး
ခြောက်သိန်းပေးပေမဲ့ သွား
မလုပ်ကြပါဘူး  ဘာဖြစ်လို့
လည်းဆိုတော့ နေစရာပေး
တယ် မိသားစုဆန်တယ်
အလုပပျက်ရင်လည်း အခြား
ကုမ္ပဏီတွေလို မဖြတ်ဘူး
အဲတာကြောင့်ပါ
၂။     ။ခုဖြစ်သွားတဲ့ကိစ္စမှာ
ဆိုရင် ပထမအကြိမ်ဖြစ်
ကတည်းက အန္တရယ်ဖြစ်
မယ်ဆိုရင် တာဝန်ရှိသူ အဆင့်ဆင့်အကြောင်းကြား
ရမှာပေါ့။တာဝန်ရှိတဲ့သူတွေ
ကလည်း ဘယ်အချိန်ပြီးရ
မယ် ဘယ်နှရက်နေ့ပြီးရမယ်
လို့ ပြောမထားပါဘူး။ ဒီက
ဝန်ထမ်းတွေဟာ လုပ်သက်
၇နှစ်၈နှစ် အနည်းဆုံးရှိပါ
တယ် အန္တရယ်ရှိမှန်းပိုသိမှာ
ပါ။မီးဆိုတာ ကိုင်ရင်ပူတာ
ကိုဦးနှောက်ကသိရပါမယ်။
ခုမသိလို့မသေသင့်ဘဲသေ
ကြရတာပါ။အန္တရယ်ကိုဆင်
ခြင်ပါ သတိဝီရိယရှိကြပါ
၃။    ။အင်တာနက်မှာ သတင်းပြန်တယ်ဆိုတာက
မလိုသမာတဲ့သူတွေက
MECကို ပြိုကွဲ အောင် မဟုတကဟုတ်က သတင်းလွှင့်ကြတာပါ။မ
ကျေနပ်ရင် အင်တာနက်ကို
မတင်ကြပါနဲ့  အဆင့်ဆင့်လာပြောပါ ဖုန်း
ဆက်ပါ ဆောင်ရွက်ပေးပါမယ်
၎။   ။နောက်နောင်ဝန်ထမ်း
တွေအနေနဲ့  ကိုယ့် အန္တရယ်
ကုကြည့်ပါ   စနစ်တကျရှိပါ
၅။    ။ခု ဒဏ်ရာရတဲ့ သူ
တွေကိုတော့  အကောင်း
တကာ့တကောင်းဆုံးဆေးတွေနဲ့
ဒီမှာဘဲ ကုမယ် ရန်ကုန်ကဆေးရုံတွေဆိုတာ ဒီမှာလောက်
ဂရုမစိုက်နိုင်ဘူး   နွေးထွေးမှုလည်းမရှိဘူး
၆   ။သေသွားတဲ့ဝန်ထမ်းမိသားစုတွေအ
တွက် ထပ်တူဝမ်းနည်းပါတယ်။ဒီက သန့်
ရှင်းရေးအလုပ်သားရဲ့ အသက်ကအစ
အရေးကြီးပါတယ်။်

No comments:

Post a Comment