ကျုပ်တို့နင်းပြားတွေဗျာ သက်ြန်တွင်း နားရတယ်ကို
မရှိဘူး ။အခါတိုင်း နားရတဲ့
အိတ်သွတ် ဌာနတောင်
ဒီစက်ရုံမှူးလက်ထက်မှာ
အလုပ်ဆင်းခဲ့ကြရတယ်။
ရပါတယ် အချိန်ပိုကြေးရမယ် ဆိုတော့လဲဆင်းခဲ့ကြတာ
ပေါ့။ဒါပေမယ့် သင်္ကြန်တွင်းဆင်းထားတဲ့
အချိန်ပိုကြေးကတော့ရမယ်
မရဘူးတော့ အသေအခြာ မသိကြတော့ပါဘူး။ဟိုအရင်ကဆိုရင် အလုပ်ဆင်းပြီတာနဲ့ဌာနအရောက် လိုက်ပေးတာပါ။သမ္မတကြီးကိုယ်တိုင်အများပြည်သူရုံးပိတ်ရက်အဖြစ်တရားဝင် သတ်မှတ်ပေးထားတာပါ။
နင်းပြားဝန်ထမ်း တွေကတော့ ဘယ်နေ့ရမလဲ
ဘယ်နေ့ရမလဲ နဲ့ မျှော်တလင့်လင့် စောင့်နေကြတာပါ။ခုတော့
တလတောင်ပြည့်တော့မယ်
ရ မရ ဘာသံမှတောင်မကြားသေးပါဘူး။နင်းပြား ဝန်ထမ်း အများစုရဲ့ တောင်းဆိုမှုကြောင့် ဒီpostလေး ရေးလိုက်ရတာပါ။စက်ရုံက
တာဝန်ရှိသူတွေ အနေနဲ့
သင်္ကြန် အချိန်ပိုကြေး မပေးတော့ရင်လဲ မပေးတော့တဲ့အကြောင်း
တရားဝင်ထုတ်ပြန်ပေးပါ။
ပေးမယ်ဆိုလဲ မျှော်ရကြိုးနပ်
အောင် မြန်မြန်လေး ပေးစေချင်ပါတယ်
ဝန်ထမ်းအားလုံးရဲ့ကိုယ်စား
ပြားပြား
သင်္ကြန် အချိန်ပိုကြေး မြန်မြန်ပေးပါစေဗျား။
ReplyDelete